skip to main |
skip to sidebar
Stereotype၊ လူမျိုးရေး ပြဿနာ နှင့် ကလေးကွက် (ခေတ်မောင်းဂျာနယ် အတွဲ (၂) မှ)
Stereotype၊ လူမျိုးရေး ပြဿနာ နှင့် ကလေးကွက်
(၁)
“ကန်စွန်းရွက်ကြော်က ဘာအသားမှ မထည့်နဲ့။ သက်သတ်လွတ်နော်”
“ကြာဇံကြော်ကလည်း သက်သတ်လွတ်နော်”
သက်သတ်လွတ်ဆိုတဲ့
စကားလုံးနဲ့ တဖွဖွ မှာတယ်။ သက်သတ်လွတ်တွေ မှာနေရင်းကနေ နောက်တမျိုး ထပ်မှာလိုက်တဲ့အခါမှာတော့ အကုန်လုံး ပွဲကျသွားတော့တယ်။ ထပ်မှာလိုက်တဲ့ အရာက….. ဘီယာ။ တကယ်ဆိုရင်တော့ ရယ်စရာ ဘာမှ
မပါပါဘူး။ ဒါပေမဲ့ သက်သက်လွတ်စားတာဟာ ဘာသာရေး
ကိုင်းရှိုင်းလို့၊ ဘာသာရေး အဲ့လောက်ကိုင်းရှိုင်းရင် အရက်ဘီယာ
မသောက်လောက်ဘူး ဆိုတဲ့ လူတွေရဲ့ stereotype ဆန်တဲ့ အတွေးကြောင့် ရယ်စရာ လိုလို ဖြစ်သွားတယ်။
သက်သတ်လွတ်
သမားဟာ သက်သက်လွတ်စားရခြင်းက ဘာသာရေးကြောင့် မဟုတ်ဘဲ ဒီလိုအတွေးကြောင့်လည်း ဖြစ်နိုင်တာပဲလေ။ “လူတွေဟာ အသိဥာဏ် အကြီးဆုံးဖြစ်လို့
ကိုယ့်လောက်အသိဥာဏ်မရှိတဲ့
သတ္တဝါတွေကို ညှာသင့်တယ်”
(၂)
ဒါပေမဲ့ Stereotype အတွေးတွေဟာ များသောအားဖြင့် ဟာသ မမြောက်ဘဲ လူ့လောကကို ပြဿနာ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးနဲ့ ပတ်သတ်လာရင်ပေါ့။ Stereotype အတွေးနဲ့သာ ကျဉ်းကျဉ်းမြောင်းမြောင်း တွေးရကြေးဆိုရင် ဥပမာ…ကုလားတွေအားလုံး စိတ်ထားယုတ်ညံ့တယ်လို့ တွေးတယ်ဆိုပါစို့၊ ဒါဆိုရင် ဂန္ဒီဟာ ကုလား၊ ဒီတော့ ဂန္ဒီဟာ စိတ်ထားယုတ်ညံ့သူ ဖြစ်သွားမယ်။ တရုတ်တွေအားလုံး မိုက်ရိုင်းတယ်လို့ တွေးမယ်ဆိုရင်…ကွန်ဖြူးရှပ်တို့ လောက်ဇူတို့ပါ
မိုက်ရိုင်းသူတွေ ဖြစ်သွားမယ်။ ဘင်္ဂါလီအားလုံး
အောက်တန်းစားတွေမုဒိမ်းကောင်တွေဆိုရင် ကမ္ဘာကျော် ကဗျာဆရာကြီး
ရာဘင်ဒြာနတ်တဂိုးပါ အောက်တန်းစားမုဒိမ်းကောင် ဖြစ်သွားလိမ့်မယ်။ မွတ်စလင်အားလုံး ခွေးကျင့်ခွေးကြံကောင်တွေဆိုရင် ဦးရာဇတ်တို့၊ စာရေးဆရာ မောင်သော်ကတို့ပါ ခွေးကျင့်ခွေးကြံကောင်တွေ ဖြစ်သွားမယ်။ ဒီလိုပဲ ဗမာ တွေ အားလုံးသာ အသုံးမကျသူဆိုရင်
ဦးသန့်လိုလူတွေ၊ ဗိုလ်ချုပ်အောင်ဆန်းလို လူတွေပါ
အသုံးမကျသူတွေ ဖြစ်သွားလိမ့်မယ်။
တဘက်မှာ
ဘာသာတိုင်း လူမျိုးတိုင်းမှာ လူတော်လူကောင်းတွေ ရှိသလို ထောက်ပြစရာ လူဆိုးတွေ၊
မုဒိမ်းကောင်တွေလည်း ရှိနေမှာပဲ။
(၃)
ဘာသာရှိသူတွေ
နည်းတူပါပဲ။ ဘာသာမဲ့တွေထဲမှာလည်း လူကောင်းတွေရော လူဆိုးတွေပါ ရှိပါတယ်။
တချို့သူတွေက
ဘာသာမဲ့ဆိုရင် တရားလုံးဝ မရှိတဲ့သူ၊ လူစိတ်ကင်းမဲ့သူ လိုမျိုး stereotype အတွေးတွေနဲ့ တွေးတတ်၊ Facebook လို နေရာမျိုးတွေမှာ ရေးတတ်ကြတာလည်း ရှိသေးတယ်။ တကယ်တော့
ဘာသာမဲ့ Mark Zuckerberg တည်ထောင်ထားတဲ့ Facebook ကို သုံးပြီး ဘာသာမဲ့တွေကို ပိုးစိုးပက်စက် ပြောနေခြင်းပါပဲ။
ကျနော်လည်း ဘာသာရေးတွေကို
မယုံကြည်သူ တယောက်ပါ။ ဒါပေမဲ့ ခရစ်ယာန် တယောက်က ဖြစ်စေ၊
မွတ်စလင်တယောက်က ဖြစ်စေ ကျနော့်အတွက် ဆုတောင်းပေးရင်တော့ ကြိုက်တယ်။
ကိုယ့်ကို မေတ္တာပို့တယ်လို့ပဲ ခံစားရပါတယ်။
(၄)
နောက်ထပ်
ခွဲခြား ဆက်ဆံခံရလေ့ ရှိတာက ကပြား တွေ ပါပဲ။ လူတော်တော်များများရဲ့ အခေါ်အဝေါ်အရ ဆိုရင်တော့ မျိုးမစစ် တွေပေါ့။ နှစ်ဘက်လုံးကို ဘက်မျှတွေးနိုင်သူ၊ (များသောအားဖြင့်) နှစ်ဘက်လုံးကို နားလည်ပေးနိုင်တဲ့အတွက် ယဉ်ကျေးမှုအရ စိတ်ပိုင်းစရာအရ ပိုကြွယ်ဝနိုင်ခြေရှိသူတွေ အဖြစ် မြင်မပေးကြပဲ မျိုးမစစ်ဆိုပြီး ဆဲရေးတိုင်းထွာ ကြတာက များပါတယ်။ ဗမာ-တရုတ် ကပြားကို ဖြစ်စေ၊ ဗမာ-ကုလား ကပြားကို ဖြစ်စေ ဗမာအဖြစ် နွေးထွေးစွာ လက်မခံဘဲ မျိုးမစစ်ဆိုပြီး ခွဲခြားဆက်ဆံလိုက်တာဟာလည်း သိမ်းသွင်းရမယ့်အစား တခြားတဘက်ကို တွန်းပို့လိုက်တာနဲ့ အတူတူပါပဲ။
လူမျိုးခြားနဲ့
ယူပြီဆို များသောအားဖြင့် မေးခွန်းတွေ ထုတ်လေ့
ရှိပါတယ်။ အဲဒီ့လို မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်
အမေးခံခဲ့ရတယ်လို့ ဖတ်ဖူးပါတယ်။ ဒါပေမဲ့ ဒေါ်စုက “လူမှာ လူကောင်းရယ် လူဆိုးရယ်ပဲ ရှိတယ်။ ကိုယ်ယူတဲ့သူက ကိုယ်နဲ့ စိတ်တူသဘောတူ လူကောင်း တယောက် ဖြစ်နေရင် ပြီးပြီ” ဆိုတဲ့ အဖြေမျိုးကိုတော့ မဖြေခဲ့ပါဘူး။ လူမျိုးမခွဲခြားတဲ့
အဖြေမျိုးအစား အင်္ဂလိပ်တွေ ကြားမှာနေရင် အင်္ဂလိပ်တွေနဲ့ ရဖို့များတယ် ဆိုတဲ့
သဘောမျိုးပဲ ဖြေသွားတော့…မေးခွန်းထုတ်သူက အပြစ်ရှိတယ် ဆိုတဲ့ အမြင်နဲ့ မွေးခွန်းထုတ်လာရာမှာ နိုင်ငံခြားသားနဲ့ ယူခြင်းဟာ အပြစ်မရှိဘူးလို့ ဖြေမယ့်အစား အဲလိုလုပ်ရတာဟာ အခြေအနေတွေ တွန်းပို့လို့ ဆိုတဲ့ သဘောမျိုးပဲ ဖြေသွားခဲ့ပါတယ်။ ဒါဟာ နိုင်ငံရေးမှာ လူထုထောက်ခံမှု နည်းသွားမှာ စိုးရိမ်လို့လို့ နားလည်လိုက်မိပါတယ်။
Racists တွေဟာ လူမျိုးခြားနဲ့ ယူခြင်းကို
အကြောင်းများစွာ ပြပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်လေ့ ရှိပါတယ်။
အတွေးအခေါ် ကျယ်ပြန့်သူ တယောက်အတွက် ဆိုရင်တော့ ကန့်ကွက်စရာ ဘာအကြောင်းမှ
မရှိပါ။ [လူမျိုးရေး ခွဲခြားတတ်တဲ့ နိုင်ငံတွေမှာ ဆိုရင်တော့]လူမျိုးခြားကို
မယူသင့်တဲ့ အကြောင်းရင်းကို မရမက ရှာဖွေကြည့်မယ်ဆိုရင် တခုတည်းပဲ
ရှိပါတယ်။ မွေးလာမယ့် ကလေး ခွဲခြားဆက်ဆံ ခံရမှာ၊ အပယ်ခံရမှာကြောင့် ကလေးကို
ဒဏ်မခံစေချင်လို့ပါပဲ။ မြန်မာနိုင်ငံလို နိုင်ငံမှာ လူတယောက်ယောက်က ဆိုးဝါးတဲ့
အပြုအမူကို လုပ်ပြီဆိုရင် “မင်း…ဗမာ မှ ဟုတ်ရဲ့လား” ဆိုတဲ့ မေးခွန်းမျိုး၊ “မင်း…အမျိုးမှ စစ်ရဲ့လား” ဆိုတဲ့ မေးခွန်းမျိုးဟာ တခြားလူမျိုး မှန်သမျှကို၊ ကပြားမှန်သမျှကို ယုတ်မာသူ၊ ဆိုးသွမ်းသူ၊ ဗမာအားလုံးသည်သာလျှင် ယဉ်ကျေးသူ ဆိုတဲ့ အတွေးတွေမှာ အခြေခံနေပါတယ်။ ဥပမာပေးရရင်တော့ ဗွီဒီယို တခုထဲမှာ ဗမာ အမျိုးသားတွေက ဗမာ အမျိုးသမီးတွေကို ဗမာလိုတွေ ပြောပြီး ရက်ရက်စက်စက် ရိုက်နှက် နေကြတဲ့ဟာမျိုးကို မြင်ရတာတောင် ဗမာတွေ ဟုတ်ရင် ဒီလို မလုပ်ဘူးလို့ မှတ်ချက်ပေးထားတာမျိုး ဖတ်ခဲ့ရဖူးပါတယ်။ လူအများစုရဲ့ အယူအဆကို လေ့လာကြည့်ရင်လည်း ခွဲခြားချင်တဲ့ သူတွေ ပိုများနေတာကြောင့် အနာဂတ်မှာလည်း အဲဒီ့သဘောမျိုးတွေပဲ ဆက်လက်ကြီးစိုး နေဖို့များတာမို့ လူမျိုးခြားကို မယူသင့်တဲ့ အကြောင်းရင်းတခုကို မပေးမနေရ ပေးရမယ်လို့ ဆိုလာခဲ့ရင် မွေးလာမယ့် ကလေးကို လှောင်ပြောင်မယ့် ဒဏ် မခံစားရ စေချင်လို့ပါပဲ။ ဒါပေမဲ့ ဒီပြဿနာရဲ့ တကယ့် အဖြေအစစ်ကတော့ လူမျိုးရေးခွဲခြားမှု ကင်းရှင်းတဲ့ ပတ်ဝန်းကျင်တခု ဖြစ်လာမှသာ ပြဿနာတွေ အားလုံး ပြေလည်သွားမှာပါ။
(၅)
လူမျိုးရေး
ပြဿနာတွေနဲ့ ပတ်သတ်ပြီး ပြောရရင် ကမ္ဘာ့နိုင်ငံတွေရဲ့ နယ်စပ်တွေမှာ အချိန်မရွေး ထထပေါက်ကွဲတတ်တဲ့ မီးတောင် တလုံးစီ ရှိတတ်တယ်။ အဲဒီ့ မီးတောင်တွေဟာ နိုင်ငံရေး အမြတ်ထုတ်လိုသူတွေ အတွက် စားကျက်တခု၊ မီဒီယာတွေ အတွက် ကုန်ကြမ်းနဲ့ NGO တွေအတွက် အလုပ်ရုံတွေ ဖြစ်တတ်တယ်။
နယ်စပ်ဒေသက
မြို့တွေ ရွာတွေမှာ လူမျိုးတွေ ရောယှက်နေလေ့ ရှိကြတယ်။ တဘက်ဘက်မှာ လူမျိုးရေး ပဋိပက္ခတွေ သွေးထွက်သံယိုတွေ ဖြစ်တဲ့အခါမျိုးမှာ တခြားတဘက်ကို ထွက်ပြေးလေ့ ရှိတယ်။ အဲဒီ့အခါမှာ တဘက်နိုင်ငံက လက်ခံပေးတဲ့ အခါတွေ ရှိသလို လက်မခံဘဲ ပြန်မောင်းထုတ်တဲ့ အခါတွေလည်း ရှိတတ်တယ်။
ထားပါတော့။
သေချာတာကတော့ ဒီလူတွေဟာ နယ်နိမိတ် စည်းမျဉ်းရဲ့ တဘက်ဘက်က မြေကြီးပေါ်မှာ မွေးဖွားခဲ့တာတော့ သေချာတယ်။ သူတို့မွေးတဲ့ နေရာက ကောင်းကင်ဘုံတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးလေ။ ဒီတော့ မြေကြီးပေါ်က တနေရာမှာ မွေးပါလျက် ဘယ်နိုင်ငံက မြေကြီးကမှ သူတို့နဲ့မဆိုင်ဘူး၊
သူတို့ကို လက်မခံဘူး ဖြစ်နေတယ်။ မဆိုင်တဲ့
မြေကြီးပေါ်မှာ နေထိုင်ရခြင်းကို “ကျူးကျော်သူ” လို့ အဓိပ္ပါယ်ဖွင့်မယ် ဆိုရင်တော့ သူတို့ ဘဝက “မွေးရာပါ ကျူးကျော်သူ”၊ သူတို့ မွေးလာခြင်း၊လူဖြစ်လာခြင်း ကိုက ကျူးကျော်ခြင်း၊ ဥပဒေချိုးဖောက်ခြင်းလို ဖြစ်နေတယ်။ ကမ္ဘာမြေကြီးပေါ်မှာ မွေးဖွားလာသူ တယောက်ဟာ ကမ္ဘာပေါ်က ဘယ်နိုင်ငံရဲ့ မြေကြီးပေါ်မှာမှ တရားဝင် လူဖြစ်ခွင့် မရခြင်းဟာ ကမ္ဘာ့စနစ်ကြီးဟာ ဘယ်လောက် ချွတ်ယွင်း နေသလဲဆိုတာကို ပြနေတယ်။ ကမ္ဘာ့စနစ်ကြီး ဘယ်လောက်အထိတောင် ချွတ်ယွင်းနေသလဲ ဆိုရင် ကမ္ဘာပေါ်မှာ နိုင်ငံမဲ့ဖြစ်နေတဲ့ ဒုက္ခသည် ဦးရေဟာ ၁၂ သန်းလောက် ရှိနေတယ်လို့ ဆိုတယ်။
တချို့ကတော့
အကြံပေးကြတယ်။ အဲလိုလူတွေကို ဖွံ့ဖြိုးပြီး နိုင်ငံတွေက အကုန်ခွဲပြီး ယူလိုက်ဖို့။ အဲဒါဟာ ဖြစ်နိုင်ချေ မရှိပေမဲ့ အဲလိုတကယ်တမ်း လုပ်မယ် ဆိုရင်တောင် ဒုက္ခသည် အတုတွေ ပေါ်လာလိမ့်မယ်။ ဒုက္ခသည် အတုတွေ မှိုလိုပေါက်လာကြလိမ့်မယ်။ နောက်ဆုံးမှာ ဒုက္ခသည် အစစ်တွေက ပိုနေမြဲ ကျားနေမြဲနဲ့ နိုင်ငံဆက်မဲ့ နေပြီးတော့ ပိုက်ဆံတတ်နိုင်တဲ့ ဒုက္ခသည် အတုတွေပဲ နိုင်ငံကြီးတွေကို ရောက်သွားဖို့ ရှိတယ်။ အဲဒီ့အခါမှာတော့ ကောင်းစားသွားတဲ့ ဒုက္ခသည် အတုတွေက ဒုက္ခသည် အစစ်တွေကို ဝိုင်းနှိမ်ကြတော့မယ်။
ကမ္ဘာအရပ်ရပ်က
သနားစရာ ကောင်းတဲ့ ၁၂ သန်းသော ဒုက္ခသည်တွေဟာ အခွင့်အရေး မျိုးစုံ
ဆုံးရှုံးနေပါတယ်။ အဲဒီ့ထဲမှာ အဆိုးဆုံးကတော့ ဒုက္ခသည် ကလေးငယ်
အများစုဟာ ကောင်းမွန်တဲ့ ပညာရေး မရရှိခြင်းပါပဲ။ သူတို့တွေ
ပညာသင်ကြားခွင့်မရလို့ ပညာမတတ်သူတွေ များပြားလာတဲ့အခါ၊ အတွေးအခေါ်တွေ အစွန်းရောက်လာကြပြီး
အဲဒီ့ ဒေသအတွက်လည်း အန္တရာယ်တွေ ပိုမိုများပြား
လာနိုင်ပါတယ်။
(၆)
မကြာခင်က မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာလည်း လူမျိုးရေးမီးတောင်
ပေါက်ကွဲခဲ့ပါတယ်။ အဲဒါကို ကြည့်ပြီး တချို့လူတွေက
ပြောကြတယ်။ နိုင်ငံတနိုင်ငံဟာ ပြည်သူတွေနဲ့ ထိုက်တန်တဲ့ အစိုးရပဲ
ရတတ်တယ်တဲ့။ အဲဒါက မှန်သလိုလို ရှိပေမဲ့ တကယ်တော့ မဟုတ်သေးပါဘူး။ “မင်းတို့နဲ့ ဒါပဲ တန်တယ်၊ ဒါပဲယူ” ဆိုရင်တော့ ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ပါဘူး။ နိုင်ငံတော်တော်များများမှာ သာမန် ပြည်သူတွေ ဆိုတာဟာ နေရာတကာမှာတော့ ဗဟုသုတတွေ ပြည့်စုံနေကြတာ မဟုတ်ပါဘူး။ သူလို ကိုယ်လို ပါပဲ။ အဖြူထည်တွေ ပါပဲ။ ကွာသွားတာက ခေါင်းဆောင်နေရာ ရယူနေကြတဲ့ အလွှာပါ။ မြန်မာနိုင်ငံမှာ ဆိုရင်တော့ မီဒီယာ၊ အင်တာနက်သုံးနိုင်သူ၊ တခုခုနဲ့ ပတ်သတ်ပြီး ပြောရေးဆိုခွင့် ရှိသူ၊ ပရိသတ်ရှိသူ အဲလို လူတွေ အားလုံးအကျုံးဝင်ပါတယ်။ ခြုံငုံပြီး အပေါ်ယံအလွှာလို့ ကျနော် သုံးလိုက်ပါမယ်။ နိုင်ငံတနိုင်ငံဟာ အဲဒီ့ အပေါ်ယံလွှာ အင်အားစုကြီးရဲ့ ပျမ်းမျှ အရင်အချင်းနဲ့ ထိုက်တန်တဲ့ ဟာကို ရနေတာလို့။ ပြည်သူဆိုတာက မှန်ချင်တဲ့ အခါ မှန်မယ်။ လမ်းလွဲကို ပို့ခံရရင် မှားချင်တဲ့ အခါ မှားသွားနိုင်တယ်။ ဥပမာ ပြည်သူအချင်းချင်း သတ်ဖြတ်နေတာမျိုး၊ ပြည်သူက ပြည်သူကို အနိုင်ကျင့် နေတဲ့အခါမျိုးတွေမှာ မှားတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ပြည်သူကို အပြစ်တင်လို့တော့ ရမှာမဟုတ်ပါ။ ထူးလာမှာလည်း မဟုတ်ပါ။ ဥပမာ..အပေါ်ယံလွှာက လူတွေက အမှန်တရားကို မပြောပဲ အမှားတွေဆီကိုပဲ တွန်းပို့နေမယ် ဆိုရင် ပြည်သူတွေဟာ လမ်းကြောင်းအမှားပေါ် ရောက်သွားနိုင်ပါတယ်။ အဲလိုအခါမျိုးမှာ အပြစ်တင်သင့်တာက ပြည်သူမဟုတ်ပါ။ ပြည်သူတွေက ဒီမိုကရေစီနဲ့ မတန်ခြင်း မဟုတ်ပါ။ ပညာတတ် လူတန်းစားတွေရဲ့ ပျမ်းမျှအရည်အချင်းကသာ ဒီမိုကရေစီနဲ့ မတန်ခြင်း ဖြစ်ပါတယ်။
(၇)
ပညာတတ်
ဆိုသူတွေရဲ့ ကလေးကွက် တခုလည်း ရှိပါသေးတယ်။ ကိုယ်က ကချင်ဘက်က စာနာပြီး ပြောပေးလိုက်ရင် ကချင်ထင်သွားကြတာမျိုး။ ချင်းဘက်ကမှန်တယ်ထင်လို့ ရပ်လိုက်ရင် ချင်းထင်သွားကြတာမျိုး။ တရုတ်ကို မုန်းတာကို မကြိုက်လို့ ကိုယ်က ကန့်ကွက်မိရင် တရုတ်၊ ကုလားဘက်က ဝင်ပြောမိသူတွေကို ကုလား၊ Gay တွေရဲ့ အခွင့်အရေးကို ပြောမိရင် Gay ထင်ကြတော့တာ။
တကယ်တော့ အဲလို တံဆိပ် လိုက်ကပ်သူတွေဟာ သူတို့စိတ်နဲ့ သူတို့ နှိုင်းလိုက်ကြတာပါ။ သူတို့မှာ ကိုယ့်အတ္တအတွက်ပဲအမြဲတွေးနေတော့ သူများက အမြင်ကျယ်ကျယ်နဲ့ ကချင်မဟုတ်ဘဲ ကချင်အကြောင်းပြောတာမျိုး၊ ချင်းမဟုတ်ဘဲချင်းတွေဘက်ကစာနာပြီး ပြောတာမျိုး Gay မဟုတ်ဘဲ Gay rights ကို ပြောတာမျိုး၊ ထိုင်းတယောက်က ဗမာဘက်က ဝင်ရပ်လိုက်တာမျိုး အဲဒါတွေကို သူတို့ ဘယ်လိုမှ တွေးတတ်မှာ မဟုတ်ဘူး။ သူတို့ရဲ့ ကျဉ်းမြောင်းတဲ့ စိတ်နဲ့ပဲ လိုက်တွေးပြီး “မင်းက မြန်မာမှ ဟုတ်ရဲ့လား” “မင်းက…ကချင် မို့လို့ ဒီစကားမျိုးပြောတာ” “ကုလား ပါးစပ်က ဒီစကားမျိုးပဲ ပြောမှာပဲ” စသည်ဖြင့် စကားရဲ့ တန်ဖိုးနဲ့ မှန်မမှန်ကို မစဉ်းစားတော့ဘဲ
အိုးနင်းခွက်နင်း တုံ့ပြန်ကြပါတယ်။
တဘက်မှာ သူတို့
ထင်တဲ့ အတိုင်း ကချင်က ကချင်ဘက်က ပြောတော့ရော၊ ချင်းက ချင်းဘက်က ပြောတော့ရော၊ တရုတ်က မြန်မာပြည်ဖွား တရုတ်အရေး၊ ကုလားက မြန်မာပြည်ဖွား ကုလားအရေး ပြောတော့ရော ပြောခွင့် မရှိတော့ဘူးတဲ့လား။ ဗမာဟာ ဗမာတယောက်ဖြစ်လို့ မြန်မာပြည်မှာ ဖြစ်ဖြစ်၊ တခြားနိုင်ငံ တခုခုမှာ
ဖြစ်ဖြစ် ဗမာ့အရေး ပြောခွင့် မရှိတော့ဘူးလား။
ပြောတဲ့ စကား မှန်မမှန်၊ တန်ဖိုး ရှိမရှိပဲ အရေးကြီးတာမို့ အဲလိုလူတွေရဲ့
မေးခွန်းတွေ၊ တံဆိပ်ကပ်မှုတွေဟာ သူတို့ မရင့်ကျက်သေးတာကို ပြနေပါတယ်။
(၈)
အဲလို ပညာတတ် ဆိုသူတွေရဲ့ ကလေးကွက်တွေကို တခုချင်း လိုက်ဖြေရှင်းနေရင်တော့ ဘယ်တော့မှ ပြီးမှာ မဟုတ်ပါဘူး။ အဲဒါတွေအတွက် အကောင်းဆုံးနည်းကိုတော့ ခရေငယ်က ကျနော့်ကို ပြောပြထားပါတယ်။ “Debate လုပ်တဲ့နေရာမှာ…ကိုယ့် Comment အောက်မှာ တခြားလူ Comment တခု ရောက်လာတိုင်း ရှုံးတာမဟုတ်ဘူး ဦးကိုရဲ့။ သူပြောတဲ့ အကြောင်းအရာက ကိုယ်အပေါ်မှာပြောထားတဲ့ အကြောင်းအရာကို ချေဖျက်နိုင်မှ . . .သူက မချေဖျက်နိုင် ဘဲနဲ့ ရေးလာရင်၊ သူရေးလာတာက ဆွေးနွေးတဲ့ ပုံစံမျိုး မဟုတ်ဘူးဆိုရင် ကိုယ်ပြန်ရေးနေလည်း စကားတွေဖောင်းပွတာက လွဲလို့ ဘာမှမထူးဘူး . . အဲဒီ့တော့ ဘာမှထပ်ရေးပေးဖို့ မလိုဘူး”
(ကောင်းကင်ကို....ခေတ်မောင်းဂျာနယ် အတွဲ (၂) မှ)
http://www.khitmaung.com/ တွင်လည်း ခေတ်မောင်းဂျာနယ်မှ စာများအား ဖတ်ရှု နိုင်ပါသည်။
22 comments:
Agree with this post. We should never speak out racist comments on criminal case. One's crime is his cruel, not his race or religion.
hi impressive blog.
We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog
Its easy to point out the problem in common, and various way to describe your point of view to that problem. But, where is the solution? Action Plan? Suggestion?
လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်တွေ ...
Very Nice One.
I totally agree with you.
လက်ခံပါတယ်ဗျို့။ ဒါပေမယ့်လေ ..
လူဆိုတာ ကမ္ဘာကြီးပေါ်မှာ မွေးတာ မှန်ပေမယ့် ..
ခုခေတ်မှာကြီးဆိုးနေတာက နိုင်ငံဗျ ..
ဒါကြောင့်
..
စာရေးသူများ အဲ့လို မျိုးမဖြစ်စေချင်ဘူးဆိုရင်
"One World One Nation" ဖြစ်အောင် အရင်လုပ်သင့်တယ်လို့ ထင်မိပါတယ် ..
Nice post,let me share please.
စာရေးသူက အကိုးအကားတွေ အထောက်အထားတွေနဲ့ ချက်ကျလက်ကျရေးသွားလိုက်တာ စာထဲမှာလုံးဝမျောသွားတယ်........အဲလောက်တောင် အရေးသားသိပ်ကောင်းတဲ့ သူက ဘာသာမဲ့ ဆိုဘဲ...........အဲဒီမှာတင် ပွဲက လုံးဝသိမ်းသွားပါတယ်...စိတ်တော့မကောင်းဘူးးးးးးးး.....................
nice post!
စာရေးသူဟာ ဘာသာမဲ့လို့သာပြောတာပါ တရားမဲ့သူဟုတ်ပုံမရပါဘူး
မြန်မာအများစုက ဘာသာမဲ့ဆိုတဲ့ အရာကို ကိုယ်ကျင့်တရားမဲ့မှု ရိုင်းစိုင်းကြမ်းကျုတ်မှူနဲ့ တွဲတွေးတတ်ပါတယ်
ဒါမမှန်ပါဘူး
ဘာသာမဲ့ လို့ပြောသူ ( အကုန်တော့မဟုတ်ပါဘူးလေ) တွေဟာ ကိုယ်ကျင့်တရားကို တတ်နိုင်သလောက်ဆောင့်ရှောက်လေ့ရှိကြပါတယ်
လူရယ်လို့ဖြစ်လာရင် လူလိုကျင့်နိုင်ဖို့အရေးအကြီးဆုံးပါပဲလို့ထင်မိမြင်မိပါတယ်
သိပ်မျှတတဲ့ အရေးအသားပါပဲ ကောင်းကင်ကို။
ဒါနဲ့  အမည်မဖော်လိုသူ ကော်မန့် ရှင်ကို ပြောချင်ပါတယ်။ ဘာသာမဲ့ဆိုတိုင်း ကိုယ်ကျင့်တရား ပျက်နေတာမဟုတ်ပါဘူး။ လူ့ ကျင့်ဝတ် စည်းကမ်းတွေကို နားလည်လိုက်နာတဲ့  ဘာသာမဲ့တွေ အများကြီးပါ။ ဘာသာရှိပြီး တဖက်စောင်းနင်း အတ္တကြီး နေတဲ့သူတွေလည်း အများကြီးပါပဲ။ စိတ်သဘောထား ပြည့်ဝအောင် ကြိုးစားပြီး ကိုယ်ကိုးကွယ်တဲ့  ဘာသာကို မြှင့်တင်ပါ။ လူတွေကို လွယ်လွယ် အထင်မသေးပါနဲ့ ။
ကိုညိမ်းနိုင် ပြောထားတာရဲ့ အဆက် ((...၊ဒီတော့မခက်
ဘူးလား...၊နောက်...နိုင်ငံ...၊ကမ္ဘာမှာဘယ်နိုင်ငံက
အကြီးအကဲက၊ဘယ်နိုင်ငံသားကမှ ခုနေ နိုင်ငံဆိုတာ
ကြီးကိုဖျက်သိမ်းလိုက်ကြမယ် ကမ္ဘာပေါ်မှာ လူသား
အားလုံး လွတ်လပ်ညီမျှတန်းတူစွာ နေကြမယ်လို့
တစ်ဦးဦးကပြောလာရင် ဘယ်သူမှသဘောတူမှမဟုတ်
ဘူး...၊ဒါကျိန်းသေတယ်...၊လူတိုင်းက ကိုယ့်နိုင်ငံကို
မက်ကြတယ်...၊အဲ့ဒီမှာ နိုင်ငံမဲ့တွေကပြဿနာတတ်
တာပဲ..၊သူတို့က ကံဆိုးစွာ နိုင်ငံမဲ့တယ်၊ဘယ်သူမှ
လက်မခံချင်ဘူး၊ခက်တာကသူတို့ကိုယ်တိုင်ကရော၊
ဘယ်လောက်ကောင်းသလဲ....၊ဒါအရေးကြီးလာပြီ၊
))
ကိုညိမ်းနိုင် ဆက်ပြောထားတာ။ ရခိုင်-ဘင်္ဂလီကိစ္စမှာကြည့်ဗျာ၊ကျွန်တော်တို့ ရခိုင်တွေ
က သဘောထားကြီးစွာနဲ့(တစ်ဘက်ကလည်း အစိုးရ
အဆက်ဆက်ကမဟုတ်တာလုပ်လာတာတွေကြောင့်
လည်းပါတယ်...)နေခွင့်ပေးခဲ့သည့်တိုင် သူတို့က
ဘယ်လောက်ထိ အိမ်ရှင်ကိုလေးစားသလဲ...၊ငါတို့က
နိုင်ငံမဲ့၊ဘာကြောင့်မဲ့မဲ့ မဲ့ခဲ့ကြပြီ။ ဒီတော့ နေခွင့်ပေးသူ
တွေကို လေးစားရမယ်၊သူတို့ပေးနေချင်အောင်ငါတို့
နေထိုင်ပြရမယ်ဆိုတာမျိုး ဘယ်လောက်ရှိမလဲ၊
အပေါ်ကပြောခဲ့သလို ဘာသာရေးရဲ့ သောက်တလွဲ
အဆုံးအမတွေရဲ့ဦးဆောင်မှုအောက်မှာ အိမ်ရှင်ကို
ဆော်ကားဖို့နဲ့ အိမ်ရှင်ကိုပါမောင်းထုတ်ဖို့၊ငါတို့က
အိမ်ရှင် ဆိုတာမျိုး ပြောင်းပြန်လုပ်ဖို့ကျိုးစားလာတာ
တွေက အတော်ဆိုးလေတော့ ဘယ်လိုလုပ်မလဲဗျာ..
ကိုညိမ်းနိုင် ဆက်ပြောထားတာ။ ((ဒီတော့အိမ်ရှင်ဆိုတာကလည်း လူတိုင်းမှာ ကမ္ဘာမြေ
ဆိုတာ လူတိုင်းနဲ့ဆိုင်တယ်ဆိုတဲ့အတွေးမျိုး ဘယ်ရှိ
နိုင်မလဲဗျာ...နော့..။ဒီတော့သူတို့မှာ ပြောခဲ့သလို
ကိုယ့်နိုင်ငံလေးကိုမက်တော့လည်း ဒီလို နိုင်ငံမဲ့တွေ
ကိုသနားမနေနိုင်တော့ဘူးဗျ...ဒါပါပဲဗျာ....။
ပညာတတ်တွေရဲ့ ကလေးကွက်တွေကတော့ ရိုးပါ
တယ်....၊ကိုကောင်းရေးသွားတာပြောစရာမရှိ...၊
တစ်ခုပဲရှိတယ်...၊ကလေးကွက်တွေနဲ့ပဲ ဆော်သွား
တာခံနေရတော့ နဲနဲရင်ခံတာအမှန်ပဲဗျာ.....:))))))
(နောက်ထပ်ဆက်ပြီး ကိုငြိမ်းနိုင် ပြောထားတာ) ))၊ဂေး လို့ဆိုပေတဲ့ သူတစ်ခု
တည်းကိုရည်ရွယ်ပြောတာဟုတ်ဘူးဗျနော်...၊ဖီးမေးရစ်
တွေရော၊နောက် တခြားတခြားအကုန်လုံးကိုပေါ့ဗျနော်၊
ကျွန်တော်ကတော့ ခုနေ မင်းဂေးလားလို့လာမေးရင်
ဟုတ်တယ်လို့ဖြေမလားစဉ်းစားနေတယ်...၊အင်း...
ကျွန်တော်လည်း စဉ်းစားတုန်းဗျ....:)))ဘာလို့လဲဆို
ဂေးအထင်ခံရတာ ဘာနစ်နာစရာရှိသလဲလို့တွေးမိလို့
ပဲဗျ...၊ကိုယ်ဘာလဲ သိဖို့အရေးကြီးသပေါ့ဗျနော်....။
အဲ့ဒါလေး ကိုကောင်းအမြင်သိချင်သေးတယ်....။
ကိုငြိမ်းနိုင်ပြောထားတာတွေကို ကျနော် ပြောတော့လည်း ပြောပြောချင်းမှာ တက်ပြီး ပျောက်သွားတယ်ဗျ။ လေးငါးခု ခွဲပြီးတင်လိုက်တော့ ရသွားတယ်။ ကျနော် မင်္ဂလာဆောင်နေလို့ နောက်ကျသွားပြီး ခုမှ ဖတ်ရတာဗျ။
Gay right ပြောလို့ ဂေးမဟုတ်ဘဲ ဂေးအခေါ်ခံရလို့ မကြိုက်တာက ဂေးဆိုတာကို အထင်သေးလို့ မဟုတ်ကြဘူးဗျ။ မဟုတ်ဘဲနဲ့ အမှားအခေါ်ခံရလို့ မကြိုက်တာမျိုး၊ တံဆိပ်ကပ်ခံရတာကို မကြိုက်တာ၊ ဘောင်တခုထဲ အထည့်ခံလိုက်ရတာကို မကြိုက်တာရယ်၊ misinform လုပ်ခံရတာရယ်ကို မကြိုက်ကြတာဗျ။
လူမျိုးရေးမခွဲခြားရင်worldကအေးချမ်းမယ်
Hi your blogs looks so impormative and interesting.would you come and visit us back too
http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog
Wow. This is so cool. I absolutely agree with what you just said.
ကျနော်ကြိုက်တယ်ဗျာ။ ကောင်းမှကောင်း အတွေးအခေါ် အိုင်ဒီယာကို ရစေတယ်။
I really really impress your point of view . I wish everybody would like to be think like that
Post a Comment