အိပ်ချင်ယောင် ဆောင်နေသူများအား အနှိုးရခက်။ Racist များ အနာဆုံး စကားလုံးမှာ
သူတို့အား racist ဟု ခေါ်ခြင်းဖြစ်ကြောင်း အကြိမ်ကြိမ် တွေ့ရှိ။ စစ်ထဲဝင်ရန် ဒေါ်လာ
ထောင်နှင့်ချီသော အလုပ်များကိုပင် စွန့်၍ မြန်မာပြည်သို့
ပြန်တော့မည်ဟု ဆိုသည့် နိုင်ငံတကာမှ မျိုးချစ်များ၏ ရခိုင်ဒုက္ခသည်များအတွက်
တဦးချင်း အလှူငွေမှာ (များသောအားဖြင့်) ဒေါ်လာ ၁၀၀ ထက် မပို။ အစိုးရမှ
လက်ခံမည် မဟုတ်သော်လည်း မွတ်စလင် ဆိုသူများပင် ဘင်္ဂါလီများကို
တိုက်ရန်အတွက် စစ်ထဲဝင်မည်ဟု တကဲကဲ ကြွေးကြော်။ ၂၀၁၂ အတွက် အော်စကာဆုကို
မြန်မာနိုင်ငံမှ Facebook users များနှင့် ကမ္ဘာ အရပ်ရပ်တွင် နေထိုင်နေသော
မြန်မာနိုင်ငံသား(ဟောင်း) Facebook users များ ပူးတွဲဆွတ်ခူး။
အရွယ်ရောက်ပြီးသူ အားလုံး စစ်သားဖြစ်လာလျှင် ကမ္ဘာတွင် စစ်အင်အားကြီး
နိုင်ငံဖြစ်တော့မည့် အတွက် ဝမ်းမြောက် ဂုဏ်ယူဖွယ်။ ထို့ကြောင့် တချိန်က ကြိုတင် ကန့်ကွက်ခဲ့ကြသော စစ်မှုမထမ်းမနေရ ဥပဒေကို အမြန်ဆုံး ပြဌာန်းပေးပါရန်။ (ကောင်းကင်ကို)
ဟိုသတင်း ဒီသတင် အတိုအထွာ
2 months ago
4 comments:
:-)
စစ်မှု မထမ်းမနေရ ပြဌာန်းမယ် ဆိုရင်တော့ ရပါတယ် ။
နောက်ဆက်တွဲ ... စစ်မှုထမ်းများ
တာဝန်ပြီးစီးသော်လည်း အနားမယူရ တို့ ဘာတို့
လျှောက်ပြောလာရင်သာ ဒုက္ခ ... ။ သူတို့ နဲ့
ပတ်သက်ရပြီ ဆို ယုံကို မယုံချင်ဘူး ... ။ :)
hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog
Hi your blogs looks so impormative and interesting.would you come and visit us back too
http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog
Post a Comment