Friday, July 27, 2012

ဓါးတွေထမ်းပြီး


“အလုပ်ဖြစ်ရေး”ဟာ
သေချာစိုက်ကြည့်လိုက်တော့ “အလစ်ဖြုတ်ရေး”

လယ်သမားတွေ ဆန္ဒပြကုန်ပြီတဲ့။
သမ္မတကြီး နောက်ကြောင်း ပြန်မလှည့်ရေးအတွက်
အဲဒီ့အခန်းဖြတ်။

တူတာတွေ တွဲလုပ်ကြတဲ့အခါ
ဟစ်တလာဟာ လူကောင်ပိုထွားလာတယ်။

ဗုဒ္ဓတရားအတိုင်း စောင်းကြိုးညှိမိသူကို
လူမျိုးစွဲ တယောက်က
စွပ်စွဲ တောက်ခေါက်တယ်
“
ဒီကောင်… သစ္စာဖောက်” တဲ့။

စောင်းကြိုးရှင်ရေ…
ဒေါသသံလည်း မပျောက်စေနဲ့
ကရုဏာသံလည်း မပေါက်စေနဲ့
အပမှီနေတဲ့ ရပ်ဝန်းမှာ
ရင့်ကျက်စွာ တွေးခေါ်ခြင်းကို
အနာကြီးရောဂါလို ရွံကြတယ်။

အတွေးအမြင်ကျယ်ဖို့ စာဖတ် ဆိုလို့
ဆုရ စာအုပ်ကို ကောက်ကိုင်လိုက်တယ်
“
လူမျိုးခြားတိုင်းဟာ အန္တရာယ်”တဲ့။

 ဟော…ဟိုမှာ
သွေးဆာနေတဲ့ ယဉ်ကျေးသူ တအုပ်
ရွပ်ရွပ်ချွံချွံ မျက်နှာပုပ်နေကြတယ်။

အားတက်စရာတော့ ကောင်းပါတယ်။
ပျားရည်ဆမ်းခရီးမှာ
ဓါးတွေထမ်းပြီး…

(ကောင်းကင်ကို)
ခေတ်မောင်းဂျာနယ် အတွဲ (၁) အမှတ် (၃) မှာ ကျနော်ရေးသားခဲ့တဲ့ ကဗျာပါ။ ခေတ်မောင်းဂျာနယ် တစောင်လုံးကို http://www.mediafire.com/?zvmae4p3e8ia2o6 မှာ download လုပ်နိုင်ပါတယ်။

8 comments:

သိ င်္ဂါ ရ said...

ကိုကောင်းကင် ... ဂရုဏာဒေါသောတွေပဲ မှတ်ယူမိပါတယ် ။ လူတွေညီဖို့ ဆိုတာ အတော် ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတွေ အဖြစ် ဘာလို့ ကျွန်တော်တို့ သမိုင်းမှာ ရှိနေရတာတဲ့လဲဗျာ ...။

ကျွန်တော် ဖျော်ဆရာ said...

ကို ကင် ရေ။ သောက်ကျိုးနဲ ကောင်းလွန်းလို့ ရှယ် ခွင့်ပြူပါဗျာ

a said...

ကောင်းလိုက်တဲ့ကဗျာ၊များများဖတ်ချင်ပါတယ်။အမြဲစောင့်ဖတ်နေပါတယ်။

Anonymous said...

ကောင်းတယ်ဗျာ။ ဒါပေမယ့် ဒီကဗျာကို ကျွန်တော်တို့ကြိုက်သလို ကဗျာထဲကလူမျိုးခြားတွေကရော ကြိုက်ကြရဲ့လား။

ကိုနော said...

ကောင်းလိုက်တာဗျာ

ကိုနော said...

ကောင်းလိုက်တာ

vicittalankara said...

ဒီကဗျာကို ချီးမွမ်းဖို့အတွက် စကားလုံးရှာမရသေးဘူး။

Anonymous said...

Have you ever thought about writing an e-book or guest authoring on other blogs?

I have a blog based on the same topics you discuss and would really like to have you share
some stories/information. I know my visitors would appreciate your
work. If you're even remotely interested, feel free to shoot me an e-mail.

Also visit my blog post; dance