ဒီနေ့ ကဗျာနဲ့ ပတ်သတ်တဲ့
အကြောင်းအရာတွေကို လျှပ်စစ် စာမျက်နှာတွေမှာ ပြန်လည်လှန်လှောရင်းနဲ့ Chinese Poem အကြောင်းနဲ့ အဲဒီ့အတိုင်း စဉ်းစားပြီး ရေးခဲ့တဲ့ ကဗျာတပုဒ်
အကြောင်းကို ပြောချင်ပါတယ်။
Chinese Poem
အကြောင်းကတော့ မြန်မာလို ဘာသာပြန်လည်း ဖတ်ဖူးပါတယ်။ ကိုဇေယျ (http://www.facebook.com/thatsforyouall)
ဆီမှာလို့ ထင်ပါတယ်။ အတိအကျ မမှတ်မိတော့ပါ။ ၁၀၁ ဇင်ပုံပြင် website http://www.101zenstories.com/index.php?story=88
website မှာ ရှိပါတယ်။
"The usual Chinese poem is four lines," he explains. "The first line contains the initial phase; the second line, the continuation of that phase; the third line turns from this subject and begins a new one; and the fourth line brings the first three lines together. A popular Japanese song illustrates this:
Two daughters of a silk merchant live in Kyoto.
The elder is twenty, the younger, eighteen.
A soldier may kill with his sword.
But these girls slay men with their eyes. )
နာမည်ကြီး ဂျပန်ကဗျာဆရာ
တယောက်ဟာ တရုတ်ကဗျာ တပုဒ်ကို ဘယ်လို ရေးရမလဲလို့ အမေးခံရပါတယ်။ အဲဒီ့မှာ
ဂျပန်ကဗျာဆရာ ပြန်ဖြေဒါက ဒီလိုပါ။
ပုံမှန် Chinese poem တွေမှာ
စာလေးကြောင်း ရှိတတ်ပါတယ်။ ပထမ တကြောင်းမှာ အကြောင်းအရာ တခုခုနဲ့ စတင်ရပါတယ်။
ဒုတိယ တကြောင်းမှာလည်း အဲဒီ့ အကြောင်းအရာကို ဆက်ပြီး (ထပ်ချဲ့ပြီး) ပြောရပါတယ်။
တတိယအကြောင်းမှာတော့ အကြောင်းအရာသစ် တခုကို (မဆီမဆိုင်အကြောင်းအရာ၊ ဒါပေမဲ့ ပထမ
အကြောင်းအရာနဲ့ ခိုင်းနှိုင်းလို့ ရမယ့်ဟာမျိုး) ကို ရေးပါတယ်။ စတုတ္ထ
အကြောင်းကတော့ အပေါ်က စာသုံးကြောင်းကို လှလှပပ ဆက်စပ်ပေးမဲ့ ဟာမျိုး ရေးရပါတယ်။
သူဥပမာပေးထားတဲ့ ကဗျာက
(ကျိုတိုက
ပိုးကုန်သည်မှာ သမီးချော နှစ်ယောက် ရှိတယ်။
အကြီးမက ၂၀၊ အငယ်မက ၁၈
စစ်သည်တွေဟာ ဓါးနဲ့
ရန်သူကို သတ်လေ့ရှိတယ်။
ဒါပေမဲ့ သမီးချော
နှစ်ယောက်ကတော့ သူတို့မျက်လုံးတွေနဲ့ ယောကျာ်းတွေကို သတ်တယ်)
အဲဒီ့နည်းနဲ့
ကဗျာဈာန်ကို နှိုးပြီး ကျနော့် အတွေးတခုကို ကဗျာအဖြစ် ရေးဖူးပါတယ်။ အပေါ်က ဥပမာ ကဗျာလိုတော့
ချစ်စရာ မကောင်းလှပါဘူး။ အမြင်ကတ်စရာတောင် ကောင်းနေနိုင်ပါတယ်။ ဒါပေမဲ
့ကျနော့်အတွေးကို ကျနော်တန်ဖိုးထားပါတယ်။ ကိုယ်တိုင်တောင်မှ တန်ဖိုးမထားနိုင်တဲ့
အရာမျိုးဆိုရင်တော့ လူတွေရှေ့မှာ ဘယ်တော့မှ ချပြဖြစ်မှာ မဟုတ်ပါဘူး။
ကွဲပြားသောတူညီမှု
ကွယ်လွန်သွားတဲ့ ဆရာတယောက်ရှိတယ်။
သူသင်ပေးတဲ့ပညာ ကျနော်လိုက်မမီပေမဲ့ အရမ်းကျေးဇူးကြီးတယ်။
တချို့တွေက ကိုယ်စိုက်လို့
ကိုယ်စားရတဲ့ ချိုမြိန်မှုအတွက်… အကောင်အထည်မဲ့
ဘုရားသခင်ကို ပူဇော်ကြတယ်။
ကျနော်လား?
ကွယ်လွန်သွားတဲ့ဆရာရဲ့ ဓာတ်ပုံလေးကို…နံနက်တိုင်းထမင်းကျွေးရုံလောက်ပဲ။
(ကောင်းကင်ကို)
2 comments:
မကြာမကြာ လာလာသင်ယူရတဲ့ blogger တစ်ယောက်ရှိတယ်...
သူ့ ကဗျာနဲ့ သူ့စာတွေက ကျမ အတွေးနဲ့ အမြင်ကို ကျယ်ပြန့်စေတယ်...
မျက်စိမှုန်တဲ့ ကျမအတွက် မျက်မှန်တစ်လက်က အရာရာကို ကြည်လင်ထင်ရှား အလင်းပေးတဲ့အရာ...
သူကတော့ သူ့ပညာ သူ့အတွေးစနဲ့ ကျမအသိဉာဏ်ကို ကလောင်တံနဲ့ဖွင့်ပေးတဲ့ ကျမရဲ့ဆရာ...
:P
chinese poem ရေးနည်း လာရောက်သင်ယူသွားပါတယ်... ဆရာ... :)
ဟီး...ဆရာ ဖြစ်ပြီဟ။ ကျေးဖူး :D
Post a Comment