Sunday, June 3, 2012

အမှန်များဖြစ်နိုင်၍ ရင်ဘတ်ကြီးနှင့် မခံစားပါရန်


ပွင့်လင်းမြင်သာလာပြီ ဆိုသည့် နိုင်ငံတော်ကြီးတွင် ဒုသမ္မတကြီး နုတ်ထွက်ချင်နေခဲ့သည်လား၊ အသက်ထွက်ချင်နေခဲ့သည်လား ဆိုသည်ကို ပြည်သူများ ရှင်းရှင်းလင်းလင်း မသိခဲ့ရ

ဓမ္မစကားများ မကြာခဏ ဝေမျှလေ့ရှိသူ မျိုးချစ်တဦး၏ ကိုယ်တိုင်ရေး status များတွင် မေတ္တာတရားသည် ခွေးပြေးဝက်ပြေး

အီရန်နှင့် ဆော်ဒီတို့မှ ဘာသာရေးနှင့် ယဉ်ကျေးမှု တင်းကြပ်မှုများသည် မြန်မာ့ ဒီမိုကရေစီ လိုလားသူ တချို့အတွက် အတုယူစရာ ဥပမာများ ဖြစ်နေ

မြန်မာ့ နိုင်ငံရေးတွင်… အာဏာပိုင်တချို့ ဘောင်းဘီချွတ်သော်လည်း ဘောင်းဘီမကျွတ် ကြသေး။ အတိုက်အခံတချို့ ကျောင်းစိမ်းကျွတ်သော်လည်း ကျောင်းစိမ်း မချွတ်ကြသေး

အရည်အချင်းဖြင့် မတိုင်းဘဲ ကိုယ်ကျိုးစွန့်မှု တခုတည်းဖြင့် အမြင်ကျဉ်းစွာ လိုက်တိုင်းနေမည်ဆိုပါက အသက်ကိုပင် စွန့်ဝံ့သော suicide bombers များသည် အလေးစားထိုက်ဆုံး ဖြစ်သွားလိမ့်မည်

လက်တွေ့နိုင်ငံရေးဝါဒီများအတိုင်း သုံးသပ်ရမည်ဆိုလျှင်… ၂၀၁၀ ရွေးကောက်ပွဲတွင် မဲအကြီးအကျယ် လိမ်ခဲ့သဖြင့်သာ နှစ်ဦးနှစ်ဘက် လက်ခံနိုင်သည့် သမ္မတ ပေါ်ပေါက်လာပြီး မြန်မာ့နိုင်ငံရေး ဖြောင့်ဖြူးခဲ့ခြင်းဖြစ်၊ ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာ့နိုင်ငံရေးကိုလည်း ယခုကဲ့သို့ ဖြောင့်ဖြူးစေချင်သဖြင့် မဲလိမ်ပေးပါရန်

မြန်မာ့ နိုင်ငံရေးအား ကြိုးစား၍ အကျယ်ချဲ့ပြီး တင်ပြရပါလျှင် “စု”

ဘာသာရေး တခုခုအား မယုံကြည်ရုံဖြင့် မြန်မာပြည်တွင် သင်ကွန်မြူနစ် ဖြစ်နိုင်ပြီ

သမ္မတကြီးကို ဝေဖန်ရုံဖြင့် မြန်မာပြည်တွင် သင် “အနီ” ဖြစ်နိုင်ပြီ

နှမ်းဖြူးကျွမ်းကျင်သူ တဦးမှ ခေါင်းဆောင်ဖြစ် သင်တန်းအား တညအပြတ် ဖွင့်လှစ်ရန်ရှိ

အထက်ပါ စာကြောင်း သည် ဒုတိယ ဘုရားသခင်အား စော်ကားခြင်း (လုံးဝ) လုံးဝ မဟုတ်၊ ထို ဒုတိယ ဘုရာသခင်၏ အသက်ကို ကယ်တင်ခဲ့သည် ဆိုသော ဆင်ဖြူရှင်ဟောင်းအား ရည်ညွှန်းခြင်းမျှသာဖြစ်

ဘုရားသခင် ဟု သုံးနှုန်းလိုက်ရသော်လည်း ကျနော့်အမြင်တွင်မူ ဘုရားသခင်ကား မရှိ။ ဘုရားကျွန်များသာလျှင် ရှိ၏။ (by ကောင်းကင်ကို)

10 comments:

Bryan Adams said...

အမှန်တွေချည်းပဲ ... သိပ်မပြောနဲ့နော် ... :)

Bryan Adams said...

အမှန်တွေချည်းပဲ ... သိပ်မပြောနဲ့နော် ... :)

blueskyforest said...

မြန်မာ့နိုင်ငံရေးသမိုင်းတွင် အသေခံဗုံးခွဲသမား တဦးတလေမှ မပေါ်သေးသဖြင့် လေးစားရမည့်သူ မရှိ ။ ကိုယ်ကျိုးစွန့်တာကတော့ တနိုင်ငံလုံးနည်းပါး သူ့နည်း သူ့ဟန်နဲ့ စွန့်နေကြတာပါပဲ။ ဘူဘူခြင်း တစ်လုပ်လိုသူတွေ ငဒို့ပြည်မှာ သိပ်များ။ ကောင်းကင်ကိုလို စာရေးသူတွေ သိပ်နည်း။

Dream said...

ကျောင်းတွေဖွင့်တော့ ကျောင်းစိမ်းလေး ပြန်ဝတ်ချင်တဲ့ ကိုယ်တောင် ခပ်ရွံရွံဖြစ်သွားတယ်။ ဟီးးဟီးးး :)))

ဝိမွန် said...

"အရည်အချင်းဖြင့် မတိုင်းဘဲ ကိုယ်ကျိုးစွန့်မှု တခုတည်းဖြင့်သာ လိုက်တိုင်းနေမည်ဆိုပါက အသက်ကိုပင် စွန့်ဝံ့သော suicide bombers များသာလျှင် အလေးစားထိုက်ဆုံး ဖြစ်သွားလိမ့်မည်"
သိပ်မှန်တာပဲ ။ တစ်ယောက်က ဟန်ဆောင်လိုက် နောက်တစ်ယောက်က ဟန်လုပ်လိုက် တခြားတစ်ယောက်က မူယာမာယာများလိုက်နဲ့  ပြဇာတ်ကနေသလိုပဲ။

Anonymous said...

"အရည်အချင်းဖြင့် မတိုင်းဘဲ ကိုယ်ကျိုးစွန့်မှု တခုတည်းဖြင့်သာ လိုက်တိုင်းနေမည်ဆိုပါက အသက်ကိုပင် စွန့်ဝံ့သော suicide bombers များသာလျှင် အလေးစားထိုက်ဆုံး ဖြစ်သွားလိမ့်မည်"

သေချာနားလည်ထားရမှာက suicide bombers
ဆိုတာ အကြမ်းဖက်သမား အဖျက်သမားဖြစ်တယ်။

မြန်မာပြည်အတွက်ကိုယ်ကျိုးစွန့်မှု့ နဲ့ လုပ်နေတဲ့သူတွေဟာ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်ရှိသူတွေဖြစ်တယ်။
နံ့ သာဆီနဲ့ မစင်လိုကွာပါတယ်။ နှိုင်းယှဉ်လို့ မရနိုင်ဘူး။
နောက်တချက်က အရည်အချင်းရှိသူအများစုဟာ
ကိုယ်ကျိုးရှာသမားတွေများတယ်။ သူတို့ အတွက်အကျိုးမရှိဘူးဆိုရင် ဘယ်သူ့ အတွက်မှကိုယ်ကျိုးစွန့် ပြီးမလုပ်ဘူး။
ဒါကိုနားလည်ထားရမယ်။ ကိုယ့်အတွက်ဘာအကျိုးမှ
ထည့်မတွက်ပဲကိုယ်ကျိုးစွန့် ခဲ့ကြတဲ့သူတွေရှိလို့ လဲ
မြန်မာပြည်ဒီနေ့ ဒီအခြေအနေကိုရောက်လာတာပဲ။

ကိုယ်ကျိုးမစွန့် တတ်တဲ့အရည်အချင်းရှိသူတွေချည်း
ပဲဆိုရင်တော့ မြန်မာပြည်ဟာယနေ့ အထိစစ်ဖိနပ်
အောက်နဲ့ ခွေးကတက် ကနေတက်နိုင်မှာမဟုတ်ဘူးဆိုတာနားလည်ထားပါ။

Kaung Kin Ko said...

အင်း ကျနော်ရေးထားတာက ကိုယ်ကျိုးစွန့်ဖို့ မလိုဘူးလို့ ရေးထားတာမှ မဟုတ်တာ။ အရည်အချင်းလည်းရှီ အစွန်းလည်းမရောက်မှ ကိုယ်ကျိုးစွန့်တာက အဓိပ္ပါယ်ရှိမယ်ဆိုတဲ့ သဘောပါ။ ကိုယ်ကျိုးစွန့်မှုကို ဘေးဖယ်ထားဖို့ မဟုတ်ဘူး။ ကိုယ်ကျိုးစွန့်မှု တခုတည်းသာမက၊ အမြင်ကျယ်မှု၊ အရည်အချင်း၇ှိမှု ဒါတွေပါမှ အကျိုးရှိမှပါ။ မြန်မာ့နိုင်ငံရေးလည်း တူတူပါပဲ။ တချို့လူတွေ ငါကိုယ်ကျိုးစွန့်ခဲ့တယ်ဆိုတာနဲ့ပဲ ကိုင်ပေါက်နေလို့ ရေးထားတာ။ တကယ်ကတော့ ကိုယ့်အလုပ်ကို လူတိုင်း စေတနာထားပြီး လုပ်နေကြရင် တရားမျှတမှုဘက်က လူတိုင်းရပ်တည်ရဲမယ်ဆိုရင် သူရဲကောင်းဝါဒတောင် မလိုပါဘူး။

drnaywinaung said...

အဲဒီ suicide bombers တွေလည်း သူတို့ ယုံကြည်ချက်အတွက် အသက်ကိုစွန့် ကြတယ်လို့ ထင်တာပဲ...အများလက်ခံခြင်း လက်မခံခြင်းဆိုတဲ့ စံတစ်ခု ကွာတာလေးပဲရှိတယ်..ကျွန်တော်ကလည်း နည်းနည်းဂေါက်တော့ စဉ်းစားကြည့်တာပါ..အစ်ကို့ ဆောင်းပါးလေးက တော်တော်ကောင်းပါတယ်..မကြာခင်မှာ လေနှင့်တည်ဆောက်ထားတဲ့ လေနိုင်ငံကြီးဖြစ်တော့မှာ...အခုထိတော့ ပြည်သူတွေက ဒုံရင်း ဒုံရင်းပဲ။

Anonymous said...

ကောင်းပြန်ပြီ။ ဆရာရေ။ ယောကျာင်္း အစစ် က ယောကျာင်္အစစ်(Not sure) ကိုချစ်တဲ့ အချစ်နဲ့ ချစ်တယ်ဗျာ ။ (sai mayku)

hlatunoo said...

တစ်ခု ကျန်ခဲ့တယ် အကို ...
မီးလောင်ရာ လေဟပ်ပေးတဲ့သူ