Monday, May 28, 2012

ကမ္ဘာပြားခြင်းရဲ့ တခြားစာမျက်နှာ

ခေတ်မောင်း အတွဲ (၁) ထဲက ကဗျာ ဖြစ်ပါတယ်။ ခေတ်မောင်း ဂျာနယ် တစောင်လုံးကိုတော့ ဒီမှာ ဖတ်လို့၊ download လုပ်လို့ ရပါတယ်။

ကမ္ဘာပြားခြင်းရဲ့ တခြားစာမျက်နှာ


သူတို့ လူဖြစ်နေခြင်းကိုက… ဥပဒေနှင့်ငြိ
အိမ်ရှင်တချို့ မြင်ကြတာက… ကင်ဆာဆဲလ်
ပညာရည်နို့ မစို့ရမှာက… မျိုးဆက်သစ်
ပညာကန်းမှုဒဏ်…အဲဒီ့ဒေသပါ ခံရမှာ။

“သူ”ကတော့ အနုပညာသမား
စက္ကူပေါ်မှာ ဈာန်ဝင်စားရင်း
လေယာဉ်ပျံလေး ခေါက်လို့
ဂျပန်အရောက် ပျံသန်းခဲ့သူ။
(ကောင်းကင်ကို)
Note: ဓာတ်ပုံကို http://www.chiangmai-mail.com/344/news.shtml ကနေ တဆင့် ယူထားပါတယ်။

3 comments:

Kaung Kin Ko said...

မှတ်ချက်။ ဒုတိယ အပိုဒ်က “သူ”ဆိုတာက နိုင်ငံတကာ စက္ကူလေယာဉ်လွှတ် ပြိုင်ပွဲနဲ့ လူသိများခဲ့တဲ့ မောင်သောင်းဒီ ကို ရည်ညွှန်းထားတာပါ။ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း အလုပ်သမား မိဘတွေက မွေးဖွားလာတာမို့ သူ့မှာ မြန်မာမှတ်ပုံတင် မရှိသလို ထိုင်းနိုင်ငံသား လက်မှတ်လည်း မရှိတာမို့ နိုင်ငံမဲ့ ဖြစ်ခဲ့တဲ့ ကလေးပါ။ (အခုတော့ ထိုင်းနိုင်ငံသားကတ် ရသွားပြီလား၊ မရသေးဘူးလား ဆိုတာကို မသိရပါ) ၂၀၀၉ ခုနှစ်မှာ ဂျပန်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ စက္ကူလေယာဉ်လွှတ် ပြိုင်ပွဲကို မောင်သောင်းဒီဟာ ယာယီနိုင်ငံကူး လက်မှတ်နဲ့ ထိုင်းနိုင်ငံကို ကိုယ်စားပြုကာ သွားရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပြီး အဖွဲ့လိုက်မှာ ပထမဆုနဲ့ တဦးချင်းမှာ တတိယဆု ရရှိခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ပညာသင်ကြားခွင့် မရရှာတဲ့ နိုင်ငံမဲ့ ကလေးငယ်ပေါင်း သန်းပေါင်းများစွာ ရှိနေပါတယ်။

မိုးယံ said...

ပထမတော့ နားမလည်ဘူးရယ်... “သူ” ကို ရှင်းပြတော့မှ အထက်ပါအပိုက်တွေပါ ဆင့်ပွားနားလည်တော့တယ်..

သိ င်္ဂါ ရ said...

Update တွေ လာဖတ်ပါတယ် ... ။ ကိုကောင်းကင်