Friday, February 3, 2012

"ပဟာသ" ငရဲ

အတုကမ္ဘာကို မင်တဲ့
အနုပညာရှင် တွေ
ငရဲလားလိမ့်မယ်လို့
ဗုဒ္ဓက ဆိုလည်း
လုံ့လက မပြိုလဲ။

အနုပညာ…ချစ်တဲ့ငါ
အခုရင်မှာ ဖြစ်တဲ့အရာက
စာအလှ ပုလဲသီကို
မကြာခဏ တွဲစီချင်တဲ့ အစွဲအလန်းမို့
“ပဟာသ” ငရဲခန်းမှာ
ထာဝရ အမြဲတမ်း ကျမယ်ဆိုလည်း ကျပလေ့စေ။
(ကောင်းကင်ကို)

3 comments:

ကောင်းကင်ကို said...

ကျပါလေ့စေ ဆိုတာကို ကျပလေ့စေ လို့ အသံထွက်အတိုင်းပဲ ရေးထားပါတယ်။

တေဇာ (လရောင်လမ်း) said...

အနုပညာရှင်တွေအတွက် သီးသန့်ငရဲဘုံဆိုတော့ သိပ်လှမှာပဲ။ ကဗျာဆရာကို မီးမြိုက်မယ်ဆိုတာကတော့ စူဠလိပ်ရေထဲလွှတ်သလိုပဲ။ အခုပဲ ဦးကိုကိုကြည့် ကျတောင်မကျသေးဘူး တဖွဲ့တနွဲ့လုပ်နေပြီ။ :D

မိုးယံ said...

တို့လည်းလိုက်မယ်..ချန်မထားနဲ့...ဦးကိုသွားတော့...သွားပေါ့ကွယ်...။