ခြောက်ကပ်ပြီး ပတ်ကြားအက်နေတဲ့
ငါ့နှလုံးသား ဥယျာဉ်မှာ
ကန္တာရတို့ အဆုပ်လိုက် ပွင့်နေတယ်။
ညပေါင်း တသောင်းကျော်စောင့်တာတောင်
ငါမျှော်နေတဲ့ လမင်းက
အခုထိ မသာဘူး။
ငါဟာ
အချစ်ရဲ့ ပွင့်ချပ်တွေကို
ငါ့ဘဝလှေငယ်မှာ ရွက်တပ်ဖို့ 
မဝံ့မရဲ စောင့်နေရတဲ့ သူပါ။
ခြေလှမ်းတလှမ်းလှမ်းလိုက်တိုင်း
အထီးကျန်မှုတွေက
ငါ့နောက်က တကောက်ကောက် လိုက်တယ်။
ကြွေရှာတဲ့ သစ်ရွက်တွေမှာတောင်
ခိုစရာမြေပြင်ရှိသေးတယ်၊
ဝေဒနာနဲ့ နှစ်ရက်တွေမှာငါ
ငိုစရာရင်ခွင် မရှိဘူး။
ကံကြမ္မာက အတင်းပစ်ချလိုက်တဲ့တိုက်ပွဲမှာ
လောကဓံရဲ့  လက်သီးချက်တွေနဲ့ 
ဘဝက ခဏခဏ ကွဲတယ်။
ဒဏ်ရာဒဏ်ချက်တွေထဲက
စိမ့်ထွက်လာတဲ့သွေးတွေကို
အကြင်နာလက်တွေနဲ့ 
ဘယ်သူလာ ဆေးထည့်ပေးပါ့မလဲ။
သြော်...
ငါ့ပါးနှစ်ဘက်ကမ်းခြေမှာ
အားတက်စေမဲ့ “အနမ်းလှေ” ဟာ
ဘယ်အချိန်လာရောက် ဆိုက်ကပ်လေမလဲ။
ကောင်းကင်ကို
လွန်ခဲ့တဲ့ လေးနှစ်လောက်က ရေးခဲ့တဲ့ ကဗျာဟောင်းပါ။ blog တွေ ပြန်ပွင့်လာပြီမို့ အသစ်မရေးဖြစ်တဲ့ အချိန်မှာ အဟောင်းကို ပြန်တင်လိုက်တာပါ။
Monday, October 17, 2011
Subscribe to:
Post Comments (Atom)
6 comments:
လာပါတော့မယ် စောင့်သာနေပါလေး)
စောင့်နေတာ ရက်ပေါင်းတော်တော်ကြာပြီပဲ။ သုံးနှစ်သုံးမိုးပေါ့...။
ခင်တဲ့
မေသိမ့်
ညပေါင်း တသောင်းကျော်စောင့်တာတောင်
ငါမျှော်နေတဲ့ လမင်းက
အခုထိ မသာဘူး......
ဒါဆိုရင်အဲဒီလမင်းကို ဆက်ပြီးစောင့်အုန်းမှာလား
ခင်မင်တဲ့ jasmine
ဝေဒနာနဲ့ နှစ်ရက်တွေမှာငါ
ငိုစရာရင်ခွင် မရှိဘူး။
ကံကြမ္မာက အတင်းပစ်ချလိုက်တဲ့တိုက်ပွဲမှာ
လောကဓံရဲ့  လက်သီးချက်တွေနဲ့ 
ဘဝက ခဏခဏ ကွဲတယ်။
ဒဏ်ရာဒဏ်ချက်တွေထဲက
စိမ့်ထွက်လာတဲ့သွေးတွေကို
အကြင်နာလက်တွေနဲ့ 
ဘယ်သူလာ ဆေးထည့်ပေးပါ့မလဲ။
ကောင်းကင်ဒေါင်းသခင်ရေ
သိတ်ကောင်းတဲ့ ကဗျာလေးခံစားရ၏
ဝေဒနာနဲ့ နှစ်ရက်တွေမှာငါ
ငိုစရာရင်ခွင် မရှိဘူး။
ကံကြမ္မာက အတင်းပစ်ချလိုက်တဲ့တိုက်ပွဲမှာ
လောကဓံရဲ့  လက်သီးချက်တွေနဲ့ 
ဘဝက ခဏခဏ ကွဲတယ်။
ဒဏ်ရာဒဏ်ချက်တွေထဲက
စိမ့်ထွက်လာတဲ့သွေးတွေကို
အကြင်နာလက်တွေနဲ့ 
ဘယ်သူလာ ဆေးထည့်ပေးပါ့မလဲ။
ခံစားဖူးသူများကြိုက်မယ်ထယ်ပါတယ်
Post a Comment