Thursday, October 27, 2011

ထွက်ခွာ နံနက်ခင်း (by ခရေငယ်)














မင်းသားက မင်းသမီးနဖူးကိုအနမ်းမှာ
ဇာတ်ပေါင်းခန်းနဲ့ ဆုံးလိုက်ချင်ပေမဲ့ . .

အခုတော့ . .
ဗလာဖြစ်လုရင်ထဲက စကားလုံးအပိုင်းတွေ
အလွမ်းရောင် ပိတ်ကားပေါ်မှာ
တစစီ ဆက်နေခွင့်သာရှိတယ် . . ။

အိမ်နားက ပိတောက်ပင်လည်း နဂိုထက် အရွက်ပိုကြွေ
ပြတင်းတံခါးနား လာနေကျငှက်တွေလည်း စကားနည်း
မှန်ထဲက အရိပ်မှာလည်း တက်ကြွခြင်း“ ကွယ်” လို့ . . ။

“ ငိုထားသလား” အမေးတွေကို
မကြားယောင်ဆောင် . .
အနွေးဓါတ်မပြယ်သေးတဲ့ လက်တဘက်ကို
ယောင်နနအကြည့်နဲ့ ငေး . . ။

လွမ်းဖို့ကလွဲလို့ ဘာမှမသိဘဲ
ရင်ထဲ ၀ုန်းဒိုင်းကြဲရွတ်နေမိတာက
တစ်ကြောင်းတည်း . .

“ ဘယ်တော့ ထပ်လာကြိုရဦးမှာလဲ ”

ခရေငယ်

3 comments:

မဒမ်ကိုး said...

နောက်တစ်ပတ်သောကြာလာကြိုလေး)
ကဗျာလေးကိုခံစားသွားပါ၏ ..။။။။

ခင်တဲ့
မဒိုးကန်

jasmine(တောင်ကြီး) said...

လွမ်းဖို့ကလွှဲလို့ဘာမှမသိတဲ့
သူကိုအမြဲကြိုနေမှာပါ
ယုံရဲ့လား
ခင်မင်တဲ့ jasmine

မေသိမ့်သိမ့် ကျော် said...

ကဗျာလေးကိုဖတ်ပြီးရင်ထဲ နင့်ကနဲဖြစ်သွားတယ်။ ဘယ်ချစ်သူတွေကိုမှ မလွမ်းစေချင်ပါဘူးရှင်။

ခင်တဲ့
မေသိမ့်