Tuesday, June 1, 2010

D..မို..က..ရေ..C

(၁)
တောင်းယူလို့လည်းမရ
တိုက်ယူလို့လည်းမရ
ကျင့်ယူမှ ရမယ့်အရာ။

ဒါပေမယ့် အဲဒီ့ ကျင့်ခြင်းမှာ
တောင်းတာရော
တိုက်တာရော
ကျင့်တာပါ ပါမယ်။

(၂)
သူ့နောက် သူလိုက်ရင်း
အရှိန်သတ်မရတတ်တဲ့ ဇာတ်ကောင်မှာ
သူ့ကိုယ်သူ သတ်သေတတ်တဲ့ သဘာဝလည်းရှိတယ်။

(၃)
ရေစီးကမ်းပြို စေတနာနဲ့
ပန်းမကြိုက်သူတွေရဲ့ခြံထဲမှာ
နှင်းဆီတွေ အတင်းသွားစိုက်ဖူးတယ်၊
ရိုက်လွှတ်မခံရတာ ကံကောင်း။

(၄)
ဂရိရာဇဝင်ကို ပြန်ကြည့်လိုက်တော့
မဲပုံးထဲက လျှံထွက်လာတဲ့ အမည်းတစက်
ဆိုကရေးတီး လက်ထဲက အဆိပ်ခွက်ပေါ့။

(၅)
ချီတက်ကြပါစို့
လက်ပါတဲ့ ကြီးနိုင်ငယ်ညှဉ်းဝါဒ ကနေ
သက်ညှာတဲ့ ကြီးနိုင်ငယ်ညှဉ်းဝါဒဆီသို့။
ကောင်းကင်ကို

17 comments:

သွယ်လင်းဆက် said...

ကျွန်တော်တို့လည်းလိုက်မယ်။ သဲတစ်ပွင့်အဖြစ်ပေါ့.....

sait phay yar said...

သက်ညှာတဲ့ ကြီးနိုင်ငယ်ညှဉ်းဝါဒဆီသို့။ တစ်မျိုးဘဲ စာသားက

Angel Shaper said...

ချီတက်ကြပါစို့
လက်ပါတဲ့ ကြီးနိုင်ငယ်ညှဉ်းဝါဒ ကနေ
သက်ညှာတဲ့ ကြီးနိုင်ငယ်ညှဉ်းဝါဒဆီသို့။

ဂွတ်ထ လိုက်တာ။
လိုက်ပါမည်။ ထိုဝါဒဆီသို့....

ဒေါင်းဇာနည် said...

ကြိုက်လွန်းလို့ ယူသွားတယ်ဗျာ။

"တောင်းယူလို့လည်းမရ
တိုက်ယူလို့လည်းမရ
ကျင့်ယူမှ ရမယ့်အရာ။

ဒါပေမယ့် အဲဒီ့ ကျင့်ခြင်းမှာ
တောင်းတာရော
တိုက်တာရော
ကျင့်တာပါ ပါကိုပါရမယ့်အခြေအနေရောက်လာပြီဆိုတာ အိပ်ပျော်နေတဲ့သူတွေကို ဒီကဗျာလေးနဲ့ သွားနိုးပြောမလို့။
***ကမ္ဘာမှာ အာဏာရှင်စနစ် ပျက်သုန်းပါစေ....****

Nge Naing said...

ကဗျာကို ကြိုက်တယ်။

Myanmar Good Knowledg Co., Ltd said...

တောင်းရင်လည်း မပေး
တိုက်ရင်လည်း မပြေး
လက်မလျှော့ကြေးလေ။

(ကောင်းကင်ကို က
ချီတက်ဘို့ ခေါ်ထားတယ်)

“ တောင်း၊ တိုက်၊ ကျင့်”
သင့် အတွက် ငါ့အတွက်
မြန်မာပြည်အသက်။

အသွင်မတူတွေ ညီ
အရင်မလိုပေသည်
D မိုကရေ C

ကျွန်မလည်း လိုက်မည်။

သွယ်လင်းဆက် said...

ကိုကောင်းရေ ကဗျာလေးကြိုက်လို့လာထပ်ဖတ်ရင်းနဲ့ အသစ်တင်ထားကြောင်း သတင်းလာပို့ပါတယ်။ :)

ဒေါင်းတမာန် said...

အာဇာနည်မှာ တင်ပါရစေ ကိုကောင်းကင်ကို ။ ထိရောက်တဲ့  ကဗျာလေးမို့ ပါ။ ခင်မင်စွာဖြင့်

သိ င်္ဂါ ရ said...

ကဗျာအသစ်လေး လာဖတ်ပါတယ် ကိုကောင်းကင်

အိပ်မက်ဆိုတာလို အကောင်အထည်ဖော်ခွင့်အတွက်

အထပ်ထပ် ၊ အခါခါ နှစ်အကြာကြီးများ

ဝေးနေဦးမှာလားဗျာ .....

Anonymous said...

ချီတက်ကြပါစို့
လက်ပါတဲ့ ကြီးနိုင်ငယ်ညှဉ်းဝါဒ ကနေ
သက်ညှာတဲ့ ကြီးနိုင်ငယ်ညှဉ်းဝါဒဆီသို့။

တကယ်ချီတက်နေတာဆို
လိုက်မယ်နော်။


"တောင်းယူလို့လည်းမရ
တိုက်ယူလို့လည်းမရ
ကျင့်ယူမှ ရမယ့်အရာ။

yinminkhine said...

Anonymous Anonymous said...

ချီတက်ကြပါစို့
လက်ပါတဲ့ ကြီးနိုင်ငယ်ညှဉ်းဝါဒ ကနေ
သက်ညှာတဲ့ ကြီးနိုင်ငယ်ညှဉ်းဝါဒဆီသို့။

တကယ်ချီတက်နေတာဆို
လိုက်မယ်နော်။


"တောင်းယူလို့လည်းမရ
တိုက်ယူလို့လည်းမရ
ကျင့်ယူမှ ရမယ့်အရာ။

Green said...

အကို ...
Green Coffee ပါ.facebook မှာကဗျာတွေတင်တယ်..အကို့လို blog လုပ်နိုင်ဖို့ကြိုးစားနေပါတယ်..လက်တွဲခေါ်ပါနော်
ညီမmaylay.kabyar@gmail.com သုံးပါတယ်
အကို..အကြံပေးစေချင်ပါတယ်...

mama said...

အကုန်ကောင်းတယ်နော်.........။

တော်တယ်..........။
လေးစားတယ်.......။"D..မို..က..ရေ..C"

တေဇာ (လရောင်လမ်း) said...

ဆရာ.. ဒဿနဆင့်ထိပါ ဆွဲခေါ်သွားပါလား...။း)

Anonymous said...

တွေးစရာတွေများလိုက်တာ။ ကဗျာက ဖတ်ကောင်း ပါတယ်ဆိုမှ....
ဘာပြောပြော မယဉ်ကျေးမူမှသည် ယဉ်ကျေးမူဆီသို့ ကဗျာဖတ်ပြီ နားလည်မိပါတယ်။ တဆက်တည် ဖြစ်တည်မူအရ မိမိယုံကြည်ရာပုံစံတခုခုထဲ ဝင်ကြရရှာတာပဲမဟုတ်လား....
(ကန)

cho kha said...

ရေစီးကမ်းပြို စေတနာဒွေကြောင့် ရိုက်လွှတ်ခံရဖူးတယ်

cho kha said...

ရေစီးကမ်းပြို စေတနာနဲ့
ပန်းမကြိုက်သူတွေရဲ့ခြံထဲမှာ
နှင်းဆီတွေ အတင်းသွားစိုက်ဖူးတယ်၊
ရိုက်လွှတ်ခံရဖူးကြောင်း!!!!!!!!!