Friday, June 11, 2010

ပွင့်ဖတ်ဝတ်ဆင်ထားတဲ့ကျောက်

လူအုပ်ကြားထဲမှာမှ
အထီးကျန်မှု အနံ့က ရတာ။
ငါကိုယ်တိုင် နားမထောင်ချင်တဲ့ စကားတွေ
ရွှန်းရွှန်းဝေအောင် ပြောနေရတယ်။

ငါ့ကို ငါမဆန်ဖို့
ငါ့ကိုယ်ငါ ဆန်တက်
မျက်နှာဖုံး တခု တပ်လိုက်မှ
အားလုံးမှတ်မိသွားကြတယ်။
ကောင်းကင်ကို

8 comments:

Anonymous said...

အမ ကတော့ မမှတ်မှိအောင် မျက်နှာဖုံးတပ်၇တယ်း)


မမိုညေ

မောင်မျိုး said...

မမှတ်မိစေချင်ရင် မျက်နှာဖုံးချွတ်ထားလိုက်ရမှာပေါ့နော့်း)

သွယ်လင်းဆက် said...

အဟုတ်ပဲ ကိုကောင်း ရ။ ဟန်ဆောင်မှုပြည့်မှ လူတွေက မှတ်မိနေကြတယ်။

win latt said...

လိမ်ညာပြီး ပြောစကား
နားအကြားချိုသာ...
ဒီကလေး...တော်လိုက်တာတဲ့....။
မှန်မှန်ကန်ကန်စကား
သဘောတွေ့မသွားတော့
အလကား..ဒီကလေး...
ဘေးဖယ်ပေး...ဆိုပဲ...။
ခုခေတ် လူကြီးအတွေးလေ...
ခုခေတ် လူကြီးတွေ အဲဒီလို အရေးပေးတာပေါ့...။
လူကြီးကြိုက်အောင်နေတတ်ပါစေ....။

ကောင်းမွန်ဝင်း said...

ကောင်းကင်ကို ရဲ့ “ပွင့်ဖတ်ဝတ်ဆင်ထားတဲ့ ကျောက်”ကဗျာကို
ဖတ်ရှုခံစားပြီး ကျွန်မလည်း ကဗျာ (လိုလို)လေးတစ်ပုဒ်ရေးမိပါတယ်။

ဒီလိုပါ
ပြောပြရင် ရယ်စရာကြီး
ရေချိုးပြီးကာစမှာ (လုံးဝ လန်းနေတာတောင် )
အကောင်းဆုံး ရေမွှေးကိုလည်း တကိုယ်လုံးဖြန်းတတ်သေးတယ်။

ကိုယ့်ကိုကိုယ်
မှန်ထဲကြည့်
မငိုမိအောင် (အဲ မှားလို့ )
ချိုအိပြုံးနဲ့
အလှဆုံးဆင် အိမ်ပြင်မထွက်ခင်ပေါ့။

တခါတလေ လမ်းထွက်ရင်
နောက်ဆုံးပေါ် ၀မ်းဆက်နဲ့
(အကြမ်းဖက်သူမရှိလဲ)
နေကာမျက်မှန်နက်ကြီးတတ်လို့။

စိတ်ဓါတ်တွေတို အလိုမကျနဲ့
ဒေါပွနေတဲ့ အချိန်တွေ
တယ်လီဖုန်းများလာလို့ကတော့
“ဟဲ -ဲ -ဲ -ဲ-----လို-ို-ို-ို ပြောပါရှင်င်င်င်”
တငင်ငင်ရွှင်ကြည်အေး
လုပ်သံလေး နဲ့
မျက်နှာပေးပါ ပြောင်းသွားနိုင်သေး။

ရန်ထောင်လိုစိတ်တွေကို
ဟန်ဆောင်မြိုသိပ်လို့
အဟတ်ဟတ် နဲ့
စကားသံလွင်စည်
“ငါ” မည် သော အကျွန်ုပ်။
သိပ်တော့ မဟုတ်သေးဘူးနော်။ ။

yinminkhine said...

ငါကိုယ်တိုင် နားမထောင်ချင်တဲ့ စကားတွေ
ရွှန်းရွှန်းဝေအောင် ပြောနေရတယ်။


မျက်နှာကိုဟန်ဆောင်ပြုံး
တသက်မမုန်းချင်အောင်ဟန်ဆောင်ထား
ပုံစံမျိုးစုံမျက်နှာဖုံးတပ်
ဟန်ဆောင်ရယ်မော
ဘ၀တောမှာ မမောသေးဘူးလားမေးချင်တယ်

ညလင်းအိမ် said...

အဓိပ္ပါယ် ရှိလိုက်တာ ..

thaingarra said...

တစ်ခါတစ်ခါ

လောက နဲ့ သဟဇာတ ရှိဖို့ ...

ကိုယ့်ကိုယ်ကို ဒီလိုပဲ ရွံ့မုန်းပစ်လိုက်ရတော့သတဲ့ ... :)