စိတ်ကမှ မခိုင်
အရိပ်က အစ မနိုင်လို့ ပါ။
ငါ့ကောင်းကင် အတွင်းမှာ
"ညတချောင်းငင်" ခြင်း ခွင့်မပြု။
ကောင်းကင်ကို
Friday, April 30, 2010
Thursday, April 22, 2010
စိတ်ခွန်အားစောင့်သူ
အမေ့ရဲ့ စကားလေးတခွန်း
သားအတွက် အားဆေးတဇွန်းပေါ့
အခုအခါ ပြန်မရနိုင်တဲ့ ဆေး။
အမေ သေသွားတဲ့အခါ
အမေ့ရဲ့နောင်ဘဝက…သားတဲ့။
ဒဿနကြွယ်လွန်းတဲ့ စကားအဆန်း
သားလက်ခုပ်ထဲကပန်းလေးတွေ
နွမ်းမသွား စေရပါဘူး အမေ။
အမေရေ…
ကြယ်တွေဆီ သွားဖို့ လမ်းပန်းခက်ခဲ
လူ့ဘဝ ကြိုးဝိုင်းထဲမှာ
မလွှဲသာ မရှောင်သာ
အင်အားမမျှတဲ့ပွဲတွေလည်း ပါတယ်။
အဲဒီ့အခါတိုင်း
အမေ့ မျှော်လင့်ချက်တွေနဲ့ ခြေရာတိုင်း
သား..အားတက်ပြီး တဒိုင်းဒိုင်းနဲ့ အလဲထိုး အနိုင်ယူပစ်လိုက်တယ်အမေ။
တခါတခါ
ကျောက်ဆောင်မှန်း ကြိုမသိရတဲ့ အရာတွေကို
အားကုန် ထိုးလိုက်မိလို့ 
လက်သီးတွေနာ၊ ခွန်အားပြုန်းတီး
သား အရှုံးကြီး ရှုံးသွားရင်တော့
ခေါင်းအုံးကို အမေ့ရင်ခွင် အမှတ်နဲ့ 
မျက်နှာအပ်ပြီး ငိုလိုက်တယ်။
ကောင်းကင်ကို

Saturday, April 17, 2010
ဒုလ္လဘ
အဲဒီ့တုန်းက
အနှိုင်းမဲ့ ဂုဏ်အင်နဲ့ ဘုရားရှင်ရဲ့ တရားတော်တွေကို မြင်လို့လည်း မဟုတ်ခဲ့ဘူး
ကျေးဇူးတော် အနန္တနဲ့ ဖန်ဆင်းရှင်ရဲ့ နှုတ်ကပတ်တော်ကို မြင်လို့ လည်း မဟုတ်ခဲ့ဘူး
မျက်မှောက်ငရဲထဲက လူသားတွေကိုမြင်လို့ 
“သဘာဝသနားစိတ်” ပေါ်
ငါ့ကရုဏာတွေ ငါ့အိမ် တံစက်မြိတ်ကို ကျော်ခဲ့တယ်။
အဲဒီ့တုန်းက
နောင်သံသရာအတွက် ကုသိုလ်ထုပ် အကြောင်းလည်း မတွေးခဲ့ဘူး။
ကောင်းကင်ဘုံရဲ့ ကတိတွေအကြောင်းလည်း မတွေးခဲ့ဘူး။
လူအချင်းချင်း ကိုယ်ချင်းစာစိတ်ပေါ်
ကိုယ့်ဒါနစိတ်လေးကို အလိုအလျောက် လျှော်မိတယ်။
အဲဒီ့လိုမျိုး
ရှားရှားပါးပါး အဖြစ်နဲ့ 
ဘဝကို တိုက်ပြီး ပြန်စစ်ကြည့်တော့
ငါဟာ အတ္တလောင်မြိုက်
ပေးလိုက်တဲ့ လက်နဲ့ တောင် ရသမျှ ပြန်နှိုက်နေချင်သူပါလား။
သြော်
ကိုယ်တိုင်လုပ် ပုံစံခွက်ထဲက
အလေ့ကျလူသား
ကိုယ်ကောင်းကြောင်း ကိုယ့်လိပ်ပြာကို ကိုယ်ပြသဖို့ 
အတ္တကင်းကြောင်း အတ္တကို ပြသဖို့ 
ငါ့ဆီကနေငါလွတ်မြောက်သွားတဲ့ ကာလ
ခဏလောက်ပြန်ရချင်လိုက်တာ။

Wednesday, April 14, 2010
လောက အပြင်ဘက်က ကောင်းကင် အရောင်းဆိုင်
ဆိုင်ရိပ်ခိုလာသူ မှန်သမျှ
အမောပြေ စိတ်တိုင်းကျ သောက်ဖို့ 
ရေကြည်အေးတို့ တည်ခင်းထားပါတယ်။
Menu ကို ဖတ်ကြည့်လိုက်တော့…
“အနာဂတ်တွင်
သင်ယုံကြည်ရာ မှာယူ သုံးဆောင်နိုင်ပါလိမ့်မည်။
ယနေ့ ဘာမျှ မရပါ။”
ကောင်းကင်ကို
အမောပြေ စိတ်တိုင်းကျ သောက်ဖို့ 
ရေကြည်အေးတို့ တည်ခင်းထားပါတယ်။
Menu ကို ဖတ်ကြည့်လိုက်တော့…
“အနာဂတ်တွင်
သင်ယုံကြည်ရာ မှာယူ သုံးဆောင်နိုင်ပါလိမ့်မည်။
ယနေ့ ဘာမျှ မရပါ။”
ကောင်းကင်ကို
Saturday, April 10, 2010
Monday, April 5, 2010
ပွင့်မလာခဲ့တဲ့ တံခါးတွေပေါ်က
အနာဂတ် မရှိတော့ဘူးလို့ ထင်နေလည်း
မွေးရာပါ ရှင်သန်လိုစိတ်နဲ့ ဆက်ပြီး အလျှောက်
ရှေ့ နားကိုနည်းနည်းလေး အရောက်မှာ
အနာဂတ်က သူ့ လက်သီးနဲ့ ထိုးနှက်ထုထောင်း
သူရှိနေကြောင်းကို ခပ်ကြမ်းကြမ်းသက်သေပြတယ်။
ဒီလိုနဲ့ ရှင်သန်နေချင်စိတ်ကို နေရာတကျ ပြန်ထား၊
ပြီးတော့…ယာဉ်ကြော ကျပ်ကျပ်ထဲက ကားတွေလို
ခြေထောက်တွေကို စလိုးမိုးရှင်းနဲ့ ရွေ့ လျား
တနေ့ တလံတော့ သွားပါတယ်။
ပုဂံရယ်… ငါမရောက်ခင် မပျောက်ပါနဲ့ ။
ချွေးနဲ့ ရင်းပြီး ရလာခဲ့တဲ့ box မှာ
အာမခံချက်လေး တွေ့ မလားလို့ ဖောက်ကြည့်တယ်။
ကျေးဇူးတင်ပါသည်ဆိုတဲ့ စာကြောင်းနဲ့ 
ကံကောင်းပါစေဆိုတဲ့ စာသား
ရပါများလွန်းတော့ ခါးတယ်။
သွားရင်းလာရင်းနဲ့ တွေ့ ပါလိမ့်မယ်။
ပွင့်မလာခဲ့တဲ့ တံခါးတွေပေါ်က “ကြက်ခြေခြစ်”
အဲဒါ ကျနော့် လက်ဗွေဖြစ်တယ်။

Thursday, April 1, 2010
စိတ်ရဲ့ အီနားရှား
မှတ်ချက်။ ။ ဒီကဗျာမှာပါတဲ့ meditation ဆိုတာဟာ serious thought ကို ပြောတာပါ။
စိတ်ရဲ့ အီနားရှား
အပူဇော တမျိုးနဲ့ 
လူတောမတိုးတဲ့ ကောင်မလေးကို
တရားသဘော ဆန်ဆန်လေး
ဒီလို အားပေးမိတယ်။
“သူ့လိုမလှလို့ 
ညီမ စိတ်မပျက်ပါနဲ့။
တိုက်အမြင့်ကြီးပေါ်က ကြည့်ရင်
ညီမလည်း အစက်လေးတစက်
သူလည်း အစက်လေးတစက်
တကယ်တော့
ကမ္ဘာကြီးကိုက အစက်လေးတစက်ပါပဲ။”
သမ္မတတွေလည်း အစက်လေးတစက်
ပြည့်တန်ဆာတွေလည်း အစက်လေးတစက်
အရာရာကို အစက်တစက်နဲ့ ညီမျှခြင်း ချကြည့်မိပြန်တော့လည်း
မထူးဇာတ်ခင်းနေရတဲ့ လူတယောက်လို
ကြိုးစားလိုစိတ် မဲ့သွားပြန်တယ်။
သြော်
Meditation တွေမှာတောင်… side effect တွေ ရှိသေးသလား?
စိတ်တခုရဲ့ အီနားရှားကို …ဘာနဲ့ …ထိန်းမလဲ။
ကိုယ်ရောင့်ရဲနေတဲ့ …အရာကို …ကြိုးစားဖြစ်ဖို့ …အရမ်းခက်တယ်။
ကိုယ့်သစ်ပင်ပေါ်က… ကိုယ်ကျတဲ့အခါ …ဘဝဟာ …အနာဆုံးပဲ။
မဇ္ဈိမကို… အလယ်အလတ် လို့ ….စကားလုံးဖလှယ်ဖို့  …အရမ်းလွယ်တယ်။
ကိုယ့်မဇ္ဈိမက …ဘယ်လောက်ဆိုတာမှန်း…. အသေအချာကွက်တိ…သိဖို့ ခက်တယ်။
တန်ဆေး…လွန်ဘေး ဆိုပဲ။
ခေါင်းမာခြင်းလား ၊မဆုတ်မနစ်ဇွဲလားတော့ …ရလဒ်ပေါ်မူတည်ပြီး …သတ်မှတ်ကြလိမ့်မယ်။
အိပ်မက်မီးကို… ထွန်းညှိဖို့ ဆို…..အစွဲအလမ်းမရှိရင်…ဘယ်လောင်စာသုံးမလဲ။
အားနည်းချက်တွေကပဲ… အားသာချက်မို့ … ဘယ်လိုဖယ်ရှား… ဘယ်လိုသယ်သွားရမလဲ။
အကန့် အသတ်မရှိဘူးဆိုတဲ့ ကောင်းကင်မှာ
လနှစ်စင်း မသာနိုင်ပါလား။
သြော်…
မောဟမြူအမှား တစုနဲ့ 
လောဘလူသားတဦးအတွက်
စိတ်ငြိမ်းချမ်းခြင်းနဲ့ အောင်မြင်မှု
အမှတ်နှစ်ခုအကြား
အတိုဆုံးမျဉ်းနဲ လမ်းဖောက်ဖို့ 
ပုံသေနည်းတို့ သိရင်ပြောပါ။
ကောင်းကင်ကို

Subscribe to:
Posts (Atom)