Wednesday, February 24, 2010

ဧည့်သည်

ပျော်ရွှင်ကြည်နူးနေပြီဆို
အချိန်တွေက အပြေးသန်တယ်။

ဒီလိုနဲ့ 
ရွှေရောင်နေ့ရက်တို့  ခဏတာ နောက်
တစ္ဆေတကောင်ပြေးတက် တံခါးလာခေါက်တယ်။

နှစ်ထပ်မှာ arrivals
လေးထပ်မှာ depatures တဲ့။
ဒီလေဆိပ်မှာ
နတ်ပြည်နဲ့ ငရဲက
နှစ်ထပ်ပဲခြားတယ်။

ဝေးရတော့မယ်….
မှေးစက်ချင်တဲ့ ပုခုံးလေးတွေ၊
ဆေးဘက်ဝင်တဲ့ အပြုံးလေးတွေနဲ့ ဝေးရတော့မယ်။

ငါလွှတ်ပေးလိုက်ရမယ့် လက်ကလေးတွေထဲမှာ
ကမ္ဘာတခုလုံးပါသွားတော့မှာပါလား။

အချိုဆုံးကို စားပြီးစ အခါမှာ
အားလုံးဟာ ခါးသွားသတဲ့။

လွမ်းဆွတ်ခြင်းဓားစက် လက်ချက်နဲ့ 
ရုပ်နဲ့ နာမ် အိုးစားကွဲသွားရတဲ့အခါ....

စိတ်က သူနဲ့ တကွဲစီလိုက်သွားပြီး
ခန္ဓာကိုယ်က လေဆိပ်ကနေ ပြန်လာရတဲ့အခါ
နေသားကျခဲ့ဖူးတဲ့ ကန္တာရတခုဟာ
နဂိုထက်ပိုခြောက်ခန်းသွားတော့တယ်။
ကောင်းကင်ကို

8 comments:

Anonymous said...

အဲ့အချိန်မှာ
ပါးပြင်မှာ မျက်ရည်တွေ နဲ့လေ .. :(


ဆောင်းနှင်းရွက်

ညရဲ့ကောင်းကင် said...

ဝေးရတော့မယ်….
မှေးစက်ချင်တဲ့ ပုခုံးလေးတွေ၊
ဆေးဘက်ဝင်တဲ့ အပြုံးလေးတွေနဲ့ ဝေးရတော့မယ်။

ဟင့် ဟင့်... ငိုချင်လာပြီ အစ်ကိုရ...

ကျော်ညိုသွေး said...

မျက်ဝန်းထဲမှာ မိုးရွာပြီးညို :P

လင်းဒီပ said...

အဲသလို အခြေအနေမျိုးမှာ တစ်ကိုယ်တည်း ပြန်လာခဲ့ရတဲ့လမ်း တကယ့်ကို လွမ်းလွမ်းဆွေးဆွေးကြီးပါဗျာ..။

Anonymous said...

arrivals ရှိလို့ departures ဆိုတာ ရှိလာတယ် ထင်ပါတယ်။ တော်ကြာ ဧည့်သည်ကြီး အရေအတွက် များရင် ဧည့်ဝတ်မကျေမှာ စိုးလို့ ထင်ပ။

လေးစားစွာဖြင့်

ကန

sait phay yar said...

ငိုနေတာလား နာလည်းနိုချင်တယ်. နင်ကံကောင်းပါတယ် ဟယ် တစ်ကယ်ချစ်လို့တောင်ရောက်လာတာဘဲကိုး

Mhu Darye said...

စိတ်အာရုံမှာ အရောင်ပြေးနေတဲ့ မြင်ကွင်းတွေက ပိုပီပြင်လာပြီး.. မျက်လုံးနဲ့ မြင်လွယ်တဲ့အရာအားလုံးေ၀၀ါး ကွယ် ပျောက် သွားရတယ်..

ထပ်တူ ခံစားမိတယ် အကိုကောင်းကင်ကို..။

Mhu Darye said...

ထပ်လာဖတ်တယ် အကိုရာ..း)