Thursday, February 18, 2010

အလဟဿ

အထူးဖြောင့်နေခဲ့တဲ့လမ်းမှာ
ကိုယ့် အခူးစောင့်နေခဲ့တဲ့ ပန်းကို
အိပ်မက်တခုပြီးမှ
တရေးနိုးအနမ်းနဲ့ 
သွေးတိုးအစမ်း….

ဝင်လာတဲ့အဖြစ်ဆန်းနဲ့ 
ရင်မှာမှည့်အချစ်ပန်းတို့ ကြုံခိုက်
ဝဲလာတဲ့ အခွင့်အလမ်းကို နှလုံးသားနဲ့ ခုန်အတိုက်မှာ
မြားနတ်မောင် ဒိုင်လူကြီးက
အပြစ်လွန်တဲ့သဘောနဲ့ 
အချစ်ကျွံဘောအဖြစ် သတ်မှတ်လိုက်တယ်။
ကောင်းကင်ကို

5 comments:

ညလင်းအိမ် said...

မိုက်တယ်ဗျာ... အချစ်ကျွံဘောတဲ့လား...

တို့အစ်ကိုက လုပ်ချလိုက်ပြန်ပြီ....

စိတ်စမ်းရေ said...

ဒိုင်လူကြီးက မတရားဘူးထင်တယ်....။

နွေဆူးလင်္ကာ said...

ဒိုင်က ခေါက်ဆွဲစားထားတာ နေမှာပေါ့ဗျာ

ကျော်ညိုသွေး said...

စိတ်မလောရဘူးလေ။ စိတ်လောတော့ ကျွံမှာပေါ့ :D

ဒေါင်းတမာန် said...

အေးဗျာ ၀ဲလာမယ့် အခွင့်အလမ်း ခုံပြီးတိုက်လိုက်ချင်ရဲ့  တယောက်တည်း ပျင်းလှပြီ။ ကဗျာ က တကယ် အသက်ပါတယ် ..အမြဲလေးစားလျက်