Friday, January 29, 2010

လူညီမျှခြင်းလူ (English Version)

မခွန်မြလှိုင် ဘာသာပြန်ပေးထားတဲ့ English Version လေးပါ။ မြန်မာလိုနဲ့တွဲပြီး တင်လိုက်ပါတယ်။ မအားလပ်တဲ့ကြားက ဘာသာပြန်ပေးခဲ့တဲ့ မခွန်မြလှိုင်ကို ကျေးဇူးတင်မိပါတယ်။

လူညီမျှခြင်းလူ

မြန်မာအလုပ်ရှင်က
မြန်မာစားပွဲထိုးလေးတွေကို ဆူနေချိန်မှာ
ဂျပန် အဖိုးအိုက
မြန်မာ ကလေးငယ်တွေအတွက် လှူနေတယ်။

ခွဲခြားဖို့ ခက်သူ အချင်းချင်း
‘မြို့ တွင်းစစ်’ ခင်းနေချိန်မှာ
ဂျာမန် ဆရာဝန်က
အာဖရိကန် လူနာတွေကို ကူနေတယ်။

သြော်
မေတ္တာသာကူ
လူမျိုးတူဖို့ မလိုဘူး
ငါတို့ အားလုံး မိသားစုပဲ။

မိဘတယောက်က ကိုယ့်ရင်သွေးအရင်းကို စွန့် ပစ်လိုက်ချိန်မှာ
ဂျိုလီက နိုင်ငံစုံက ကလေးငယ်တွေကိုမွေးစားတယ်။
ဒုက္ခရောက်နေတဲ့ ကလေးငယ်တယောက်ကို
ဘုန်းကြီးကျောင်း တကျောင်းက ကျွေးထားတယ်။

သြော်
ကရုဏာဆိုတာ…မှော်၊
အမျိုးတော်ဖို့ မလိုဘူး
ငါတို့ အားလုံး မိသားစုပဲ။

မျိုးချစ်စိတ် အရေခြုံပြီး နာဇီစကားတွေ လာမပြောနဲ့ ။
လူမျိုးကွဲတွေကြားမှာ ဘာကြောင့် အချစ်ကားတွေနည်းပြီး စစ်ကားတွေများနေရတာလဲ။
သမိုင်းသင်ခန်းစာ တချို့က ရတနာတွေထက် အမှိုက်တွေကို ရွေးပြီးစုတယ်။
လူတွေမှာ ဘာအကြောင်းကြောင့် မျက်လုံးတဘက်တည်း ရှိနေရတာလဲ။

တစုကို တစုက လွှမ်းမိုးချင်ရင် ကမ္ဘာမှာ အနာတွေချည်းပဲ ကျန်လိမ့်မယ်။
မုန်းတီးလာကြတဲ့အခါ ဟမ္မူရာဘီက ဘုရားတွေထက်တောင် ပိုသြဇာညောင်းမယ်။
လူသားထုကြီးဟာ လက်နက်တပ်ဆင်ခြင်းအားဖြင့် ကိုယ့်အင်အား ကိုယ်လျှော့နေကြတယ်။
စစ်ပွဲတွေဆိုတာ အမုန်းလက်နက်နဲ့ တယောက်ယောက်ရဲ့  စိတ်ထဲမှာပဲ စတင်တယ်။

ခွဲခြားချင်သူ လူတွေ အတွက်တော့ သွေးအမျိုးပေါင်း ထောင်ချီရှိမယ်။
သွေးလိုနေသူ လူနာအတွက်တော့ သွေးအမျိုးအစား လေးမျိုးတည်းရှိတယ်။
သြော်
မိခင်တွေကိုကြည့်
အချစ်မှာ မျက်စိရှိတယ်။
အမုန်းဆိုတာကတော့
ကြောင်တောင်ကန်းမျက်လုံး
ပူပေမယ့် မြူတွေဖုံးနေတယ်။
ကောင်းကင်ကို

Human = Human (Translated by Khun Mya Hlaing)

while myanmar boss is scolding
to the burmese child-labors
japanese oldie is donating
to the burmese youngsters

during genocidal civil war
between similar ethnics
German doctor is helping
african patiences

Aww
with passionate love
we don't need to be the same race officially
we all are family

while parents threw out their own offspring
Jolie is adopting children of different nations
Monastery is feeding refugees with full of passion

Aww
passion is magic
no need to be relatives
we all are family

Don't talk me nazism
pretending to be nationalism
instead of drama, why war movies are plenty
among the different ethnics
historical lessons are collecting rubbish
rather than jewels
with which reason, human beings have only eye

If one group desires to influence others
the whole world will have scars
If hatreds filled to all,
Hammurabi will influence rather than gods

humanity is reducing their own power
by installing weapons of war
that start with hatred in the mind of one and another

there can be thousand kinds of blood for racism
there only be four kinds of blood for the needing patients
Aww
Loot at the mothers
there are eyes on love
But
being hot, with mist covered
blind eye is hatred.
(Translated by Khun Mya Hlaing)

6 comments:

An Asian Tour Operator said...

Heartfelt Poem! I read with my heart.. Thanks for your sharing..

Anonymous said...

:)
Good enough certainly!

Myanmar Good Knowledg Co., Ltd said...

မူလ မြန်မာဘာသာနဲ့ ကဗျာကို ကော်မန့်ဘူးပါတယ်။
ဒီ အင်္ဂလိပ်လိုပြန်ထားတာကို ဖတ်ရတဲ့ အခါမှာ ဘာသာပြန်အရမ်းကိုကောင်းတဲ့ အတွက် ဘာသာပြန်သူကိုလည်း ကျေးဇူးတင်လေးစားပါတယ်လို့ ပြောပါရစေ။

ကလျာ said...

မညီမျှခြင်းတွေထဲက ညီမျှတဲ့ စာသားတွေနဲ့ ကဗျာကို လာခံစားသွားပါတယ်

leomark said...

ကဗျာလေးကို ကျွန်တော် ယူသွားပါတယ်ခင်ဗျာ။ ကျေးဇူးပါ။ လင့်ပါ ညွှန်းထားလိုက်ပါ့မယ်။း)

Anonymous said...

ကောင်းကင်ကို
အမှန်တရားတွေကို သိပ်မပြောပြပါနဲ့။ ငိုချင်လို့ပါ။ သူများ နိုင်ငံမှာ အိမ်မရှိယာမရှိနဲ့ မျက်နှာငယ်ရတာကို။ သခင်မျိုးဟေ့ ဒို့ဗမာဆိုတာ သမိုင်းသင်ခန်းစာထဲမှာ ကျန်ခဲ့ပြီလားလို့။