Friday, January 8, 2010

ဆူး

ကျိတ်ငေးနေရတာ ရိုးအီလာလို့ ...

စိတ်ကလေးကို ကြိုးဖြည်
အရိပ်ကလေးကို ပိုးမည် အလုပ်
ပါးစပ်တွေက ရှုပ်လိုက်တာ။
ကောင်းကင်ကို

13 comments:

win latt said...
This comment has been removed by the author.
နွေဆူးလင်္ကာ said...

ဆူးကဗျာကို နွေဆူးလာဖတ်ပါတယ်။ ပါးစပ်တွေ ရှုပ်တယ်။

ညလင်းအိမ် said...

ပါးစပ်တွေ ရှုပ်နေလား အစ်ကိုရ...
ကြိုးချည်ပစ်လိုက် အဲဒီပါးစပ်တွေကို..း)

Anonymous said...

အဲဒီပါးစပ်တွေကို ဗိုလ်ရှုပ်ကြိးသန်းရွေလို ထောင်နန်းစံခိုင်းပြီး ပိတ်ထားလိုက်ပေါ့ဗျာ အဲဒါဆို ပါးစပ်တွေ ရှုပ်နေတာ ရှင်းသွားတာပေါ့
အချစ်နဲ့ စစ်မှာ မတရားဘူးဆိုတာ မရှိဘူးတဲ့ ကောင်းကင်ကို ...

ycowa(bangkok) said...

ကြိတ်ပြီး မငေးပါနဲ့တော့ အစ်ကိုရာ။ လူပျိုသိုးဖြစ်သွားမယ်။ စိတ်ကလေးကို ကြိုးဖြည်လိုက်မှတော့ ကြိတ်ထည့်လိုက်။ ပါးစပ်တွေ ရှုပ်နေတာက ပြသာနာသိပ်မရှိပါဘူး။ လက်မရှုပ်ဖို့ အရေးကြီးတယ်။ လိုရင် ပြောနော်။ အထုပ်လိုက် ထမ်းပေးမယ်။

ကျော်ညိုသွေး said...

"အောက်အီးအီး....အွတ်"


အဘိုးကြီးချိနဲ့ ခေတ်ကဗျာဆရာ ကောင်းကင်ကိုလည်း
အမျိုးသမီးကြည့်ခဲ့ အချစ်မှာသာမောင်းတင်လိုလည်း

အပြစ်သာရှာကြည့်တဲ့ ၀န်းကျင်ပါးစပ်ကြားမှာ
မေတ္တာဟာ မငြိခဲ့ အတင်းပင်ထပ်ပွားစရာ။

မတတ်အားပါ အချစ်ကိုချောင်းရုံပ
ထပ်များမကြာ အသစ်အပျိုကောင်းစုံသဗျ။

ဘုံဘ၀မှာ တစ်ကိုယ်တည်းကြာပြီပေါ့။
ကြုံသမျှသာ အိုအမြဲ သာ မပီတော့။

ညိုပွဲပါပြီ အချစ်စန်းမှာလည်းနော်
နှစ်ကိုယ်နွှဲကာကြည် ချစ်လမ်းသာပဲမျှော်။

သြော်...ဂေါ်မစွံတာတွေလည်း
အတော် အော်..တွန်ကာနေလည်း ရှော်...။


ကျော်ညိုသွေး

Anonymous said...

စကားပြောကောင်းတဲ့ ခြေထောက်တွေ
အကြောင်းတိုက်လို့ လမ်းသလားနေလိုက်တာ
မာန်ပြင်းပြင်းပါးစပ်တစုံ ကခုန်လို့မြူးနေလေရဲ့

လေးစားစွာဖြင့်
ကန

ဝေယံဘုန်း said...

“ကျိတ်ငေး” တာကို ပြောချင်တာဖြစ်မယ်လို့ ထင်ပါတယ်။ “ကြိတ်” တာက “ဖိကြိတ်”တာ... “ကျိတ်” က တိတ်တိတ်ပုန်းလုပ်တဲ့သဘော... (ဆရာလုပ်တယ်လို့မထင်စေချင်ပါ)

Kaung Kin Ko said...

"ကျိတ်"လို့  ပြင်လိုက်ပြီ ညီလေးရေ။

win latt said...

ကိုယ်ကပိုးလိုက်
သုတ်သွားလိုက်
ကိုယ်ကချိန်လိုက်
လင်နောက်လိုက်....
ဟိုက်....

လင်းဒီပ said...

ပါးစပ်တွေကို ဂရုမစိုက်နဲ့အစ်ကို
လုပ်စရာရှိတာ ဆက်လုပ်..:)

မျှော်လင့်ခြင်း said...

ဒါကတော့ ကဗျာဆရာရဲ့  ခံစားချက်လို့ သိပ်မထင်ဘူး
ဒီလောက်တော့ မညံ့ဘူးလို့ ယုံကြည်တယ်

ပါးစပ်တွေက အားလို့ ပြောနေတာ သိပ်ဂရုစိုက်စရာမလိုပါ။

ကိုဇော် said...

အတွေးလေး ကြိုက်တယ်.။
ငယ်ငယ်ကတော့ ဒီလိုပုံစံပဲ ရေးဖူးသေးတယ်ဗျ။