Wednesday, December 23, 2009

စိုးရိမ် 'စိတ်' မှတ်

ခုဆို ငါ့စိတ်ကမ္ဘာမှာ ရွက်ကြွေရာသီတခုပဲရှိတယ်။

နှလုံးသားနဲ့ မှားခဲ့တဲ့ ကဗျာတွေကလည်း အဆာမပြေခဲ့။
ခေါင်းနဲ့ စားခဲ့တဲ့ အစာတွေကလည်း အစာမကြေခဲ့။

ကိုယ့်လမ်းကိုယ်လျှောက်နေတဲ့သူကို ခေါင်းမော့ထားသူတွေက တရကြမ်း ဝင်တိုက်တယ်။
ထွက်ပြေးလာတဲ့သူကို ဝိုင်းကြီးပတ်ပတ်ဒူဝေဝေသမားတွေက လှောင်ကြတယ်။

ငါးမျှားချိတ်တွေကလည်း ပတ်ဝန်းကျင်မှာနေရာတကာ

သြော်…လောကမှာ ကိုယ့်ခြေထောက်ကိုယ် မယုံနိုင်တော့တာလောက် ကြေကွဲစရာကောင်းတာ ဘာမှမရှိဘူး။
ကောင်းကင်ကို

6 comments:

ကိုရင်နော်ခင်လေးငယ် said...

ခေါင်းနဲ့စားခဲ့တဲ့ အစာတွေကလည်း
အစာမကျေဘူး..... တဲ့လား.!!

မှန်လိုက်တာ........

တပုဒ်လုံး အရမ်းကို ကြိုက်တယ်
ကိုကောင်းကြီးရေ....

နွေဆူးလင်္ကာ said...

ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရတဲ့။ အဲဒီတော့ ကိုယ်ကမကျူးရင် မကြေကွဲရတော့ဘူးပေါ့ဗျာ

သွယ်လင်းဆက် said...

*လောကမှာ ကိုယ့်ခြေထောက်ကိုယ် မယုံနိုင်တော့တာလောက် ကြေကွဲစရာကောင်းတာ ဘာမှမရှိဘူး*
ဟုတ်တယ်ဗျ။

စိုင်းလောဝ်ပိန်း said...

ငါမျှားချိတ်တွေက နေရာတကာဆိုတာ အဟုတ်ပဲအကိုရေ။

ကဗျာလေးဖတ်ပြီး သက်ပြင်အကြိမ်ကြိမ်ချနေမိတယ်။
ကဗျာကောင်းလေး အကို။

Anonymous said...

ကဗျာလေးလာဖတ်သွားတယ် . .
အရမ်းကောင်းတဲ့ကဗျာလေးပဲ . .

မောင်နွေသစ် said...

နှလုံးသားနဲ့ မှားခဲ့တဲ့ ကဗျာတွေကလည်း အဆာမပြေခဲ့။
ခေါင်းနဲ့ စားခဲ့တဲ့ အစာတွေကလည်း အစာမကြေခဲ့...

အရမ်းခိုက်တယ်..အကိုရေ...
နှလုံးသားနဲ့မှားခဲ့တဲ့ကဗျာတွေ..အစာကြေပါစေဗျာ..။