Monday, December 7, 2009

နို့ ရည်ခန်းနေတဲ့ မိခင်

အဖေနဲ့ အမေကတော့
လူမခိုးနိုင်မယ့် အမွေ
ပေးဖို့ ကြိုးစားခဲ့ကြတာပဲ။

ဒါပေမယ့်
ပေးသူနဲ့ ယူသူကြားမှာ
ခြေဆုံးခေါင်းဆုံးချော်နေတဲ့ စနစ်…
မကူးနိုင်သေးတဲ့မြစ်ကြီးတခု ခြားနေတယ်။

အရာရာတိုင်း မှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေသတဲ့။
ငါနေခဲ့ရတဲ့ကျောင်းတွေမှာ အလင်းနဲ့ အမှောင် ဘယ်လောက်အချိုးရှိလဲ။
ကျောင်းမှာ သင်ခဲ့ရတာတွေကတော့
မြန်မာစာနဲ့ အတူ အလွတ်ကျက်ခဲ့ရတဲ့ စာစီစာကုံးတွေ
အင်္ဂလိပ်စာနဲ့ အတူ အသံထွက်အမှားများနဲ့ ဝေါဟာရတွေ
သချာင်္နဲ့ အတူ မေးခွန်းခန့် မှန်းတွက်ချက်မှုတွေ
ဇီဝဗေဒနဲ့ အတူ သဘောပေါက်မှုမပါတဲ့ တပွဲတိုး ဘိုင်အိုသီချင်းတွေ
သမိုင်းနဲ့ အတူ ပေါ်လစီရောထည့်ထားတဲ့ မှိုင်းတွေ
ဂါရဝ တရားနဲ့ အတူ ရေငုံနှုတ်ပိတ် ပြန်မထောက်ပြရဲတဲ့စိတ်တွေ….

သြော်...
ကလေးငယ် တယောက်နို့ဆာနေသလို
ပညာကို ဆာလောင် ငတ်မွတ်နေသူတွေအတွက်
ကျောင်းတွေတော့ ရှိပါရဲ့။

ဒါပေမယ့်…
မတက်လို့ လည်းမရ၊ တက်ပြီးတော့လည်း ဟန်မကျတဲ့
အဲဒီ့ကျောင်းတွေကို
အားမနာတမ်း ဥပမာပေးရရင်

မြန်မာပြည်က ကျောင်းတွေဟာ...
ပူပြင်းခြောက်သွေ့ လွန်းတဲ့ ကန္တာရထဲက
လောက်တွေမျိုးပွါးနေတဲ့
သောက်ရေအိုးများ။
ကောင်းကင်ကို

22 comments:

သွယ်လင်းဆက် said...

အကိုပြောတာမှန်တယ်။

win latt said...

ဘယ်လိုဘယ်လို....??????
လောက်တွေမျိုးပွားနေတဲ့
သောက်ရေအိုးများ....
အင်း...ထိထိမိမိရှိပါပေတယ်ဗျာ...။

ကျော်သိင်္ခ said...

"မြန်မာစာနဲ့ အတူ အလွတ်ကျက်ခဲ့ရတဲ့ စာစီစာကုံးတွေ
အင်္ဂလိပ်စာနဲ့ အတူ အသံထွက်အမှားများနဲ့ ဝေါဟာရတွေ
သချာင်္နဲ့ အတူ မေးခွန်းခန့် မှန်းတွက်ချက်မှုတွေ
ဇီဝဗေဒနဲ့ အတူ သဘောပေါက်မှုမပါတဲ့ တပွဲတိုး ဘိုင်အိုသီချင်းတွေ
သမိုင်းနဲ့ အတူ ပေါ်လစီရောထည့်ထားတဲ့ မှိုင်းတွေ
ဂါရဝ တရားနဲ့ အတူ ရေငုံနှုတ်ပိတ် ပြန်မထောက်ပြရဲတဲ့စိတ်တွေ…."

ဟုတ်တယ် ကိုကောင်းရေ။ အဲဒါတွေက "ကိုယ့်တွေ့၊ ကိုယ်တွေ့" လို့ပြောလို့ရတယ်။ ပြီးတော့ ဘာတဲ့ ဂုဏ်ထူးထွက်ရင် မြန်မာပြည်မှာက "D" ထွက်တာတဲ့။ အပြင်ရောက်တော့မှပဲ ကိုယ်ထွက်ခဲ့တဲ့ "D" တွေကြောင့်၊ အညံ့လို့ ယူဆခံရတယ်။ မြန်မာပြည်မှာက တော်ရင် "D"၊ သူများနိုင်ငံတွေမှာ ညံ့ရင် "D"။ ဇောက်ထိုးမြန်မာပြည် ဖြစ်နေပြီဗျ။

ဒီကဗျာလေးက တော်တော်ထိတယ်ဗျာ။

ကိုရင်နော်ခင်လေးငယ် said...

“လောက်တွေမျိုးပွါးနေတဲ့
သောက်ရေအိုးများ...”


ထိထိမိမိ တွေးတတ်လွန်းတယ် ကိုကောင်းကင်ရယ်..

moe said...

yeah absolutely right. I love this poem althogh I didn't like slave poem before. keep going brother...

နွေဆူးလင်္ကာ said...

အော် ကျောင်းတော်ကြီးတွေ ကျောင်းတော်ကြီးတွေ ... တစ္ဆေတွေ ပူးကပ်နေတဲ့ ၀တ်ကျောင်းအိုကြီးထဲမှာ ဆုတောင်းမှ ရမယ်ဆိုရင် .....

ကိုလူထွေး said...

စကားလုံးကျစ်ကျစ်လစ်လစ်နဲ့
ထိထိမိမိရှိလှပါပေတယ်...

ကိုကောင်းကင်ကိုရယ်...

းဝ)

Anonymous said...

မြန်မာပြည်က ကျောင်းတွေက
အဟာရချို့တဲ့လွန်းလို့
နို့ရည်ခန်းသွားရှာတဲ့
မိခင်တွေ...။


မအယ်

ဝေလင်း said...

ကဗျာခေါင်းစဉ်လေးနဲ့ အကြောင်းအရာလေးက လိုက်တယ်ဗျာ။ တကယ့်လက်ရှိအခြေအနေကို ထင်ဟပ်ပြနေတဲ့ ကဗျာလေးပဲ

ကောင်းမွန်ဝင်း said...

အားနာရင် ခါးပါတတ်တယ် ဆိုလို့လားမသိ၊
(ကောင်းကင်ကို က၊ နို့ရည်ခန်းနေတဲ့ မိခင် မှာ)
ဖွဲ့ဆိုရေးထား၊ စာသားက ဒီလို
“အဲဒီ့ကျောင်းတွေကို
အားမနာတမ်း ဥပမာပေးရရင်”
“လောက်တွေမျိုးပွါးနေတဲ့
သောက်ရေအိုးများ။”
ကောင်းကင်ကို…ရာ၊ ပေးတဲ့ဥပမာ
အားမနာတာ သိပါတယ်။

ဒါကတော့ ဒီလိုရှိတယ်လေ။
ထိတာက ကျွန်မတို့ ။
အောက်ဖေါ်ပြပါ စာတချို့ကြောင့် မဟုတ်လား။
“သမိုင်းနဲ့ အတူ ပေါ်လစီရောထည့်ထားတဲ့ မှိုင်းတွေ
ဂါရဝ တရားနဲ့ အတူ ရေငုံနှုတ်ပိတ် ပြန်မထောက်ပြရဲတဲ့စိတ်တွေ….” လို့ ရှင်..ပဲ၊ ပြောခဲ့တယ်လေ။

“ဒါပေမယ့်
ပေးသူနဲ့ ယူသူကြားမှာ
ခြေဆုံးခေါင်းဆုံးချော်နေတဲ့ စနစ်…” ( ရှင်ပြောသလို… အဲဒီလို မြစ်ကြီးထဲ)
အဆင့် တစ်၊ နှစ် မရခဲ့ သော်လည်း။
(တစ်နေ့ကျရင်…..ငါ….ဘာညာ.. ဘာညာ…ဖြစ်ရမယ်)ဆိုပြီး (မတတ်နိုင်ဘူးလေ ကိုယ့်ကိုကိုယ် သိနေတာ )
တော်တယ်လို့ ကိုယ့်ကိုကိုယ်ထင်၊ ( အဲဒါကတော့ ကျွန်မ တစ်ယောက်ထဲလား မသိဘူး)
တစ်ချို့က ကျောင်းအပြင် ကျူရှင်မယူ။
မိဘက ကျောင်းကို လဒ်မထိုး။
အနည်းစုက မုံ့ဘိုးတောင် အနိုင်နိုင်။
အတော်များများက ရိုးသား။
မိမိတန်ဘိုးများ မပြနိုင်ခဲ့ ။
ဘ၀လမ်းခုလတ်ကျကာမှ၊ နိုင်ငံခြားရောက်၊
ကိုယ်ပိုင်ဦးနှောက်၊ လင်းတောက်လို့
ဝါသနာပါရာမှာ ထွန်းပေါက် ၊ (ရှင်တစ်ယောက် အပါအ၀င်)
စင်ပေါ်ရောက်သူအများကြီး ဗီဇက ပါပြီးသားဆိုတာ၊
ကြွားပြီး ရေးပစ်လိုက်ချင်တယ်…နော်….။ ..နော်။

Anonymous said...

Very good poem.

peter kyaw said...

ကောင်းနိုင်လွန်းပါတယ်...
ကောင်းကင်ကြီးရေ...

စိတ်စမ်းရေ said...

ကြိုက်တယ်ဗျာ အဲဒီကဗျာ...

ခွန်သဒ္ဒါ said...

ကဗျာတွေဖက်နေကျမဟုတ်ပေမယ့်
အစ်ကို့ရဲ့ကဗျာတွေက
လက်တွေ့ကျပြီးနားလည်လွယ်လို့
အမြဲလာဖက်ဖြစ်ပါတယ်....
လင့်ခ်ချိတ်ခွင့်ပြုပါရှင်။

ခင်မင်လေးစားလျက်

ခွန်သဒ္ဒါ

ချစ်ကြည်အေး said...

အဲဒီ ပိုးလောက်လန်း ပညာရေးစနစ်ကြီး ကို ထိမိအောင်ရေးပြနိုင်ပါပေ့...။

ညရဲ့ကောင်းကင် said...

လုံးဝကို မှန်တယ်အစ်ကို...
တကယ်ထိရောက်တဲ့ ကဗျာတစ်ပုဒ်ပါ...

ချမ်းလင်းနေ said...

သောက်ရေအိုးထဲက လောက်တစ်ကောင်ဟာ ကျွန်တော်ဖြစ်ခဲ့ဖူးပါရဲ့။

Nge Naing said...

ပညာရေးနဲ့ ပတ်သက်ပြီး အဓိပ္ပါယ် များစွာပါရှိတဲ့ ကဗျာကောင်းလေးတခုကို ဖတ်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အစ်မ ငယ်ငယ်က စာစီစာကုံးကို ဘယ်တုန်းကမှ မကျက်ခဲ့ဖူးဘူး စာစီစာကုံးကို မကျက်ပဲနဲ့ ကိုယ့်အရေးအသားနဲ့ ကိုယ်ဖြေတော့ ဘယ်တော့မှ အမှတ်မရဘူး ဒါကြောင့် တခြားဘာသာတွေမှာ အမှတ်ပြည့် ရဖူးပေမဲ့ မြန်မာစာမှာ တခါမှ ၇၀ ပြည့်အောင် မရဖူးဘူး။ သတ်ပုံမှားတာလည်းပါတယ်။ Biology ဆိုတာ မြန်မာပြည်မှာတုန်း အစ်မအတွက် တကယ်ကို စိတ်ပျက်စရာ Subject ဖြစ်ခဲ့ပေမဲ့ ဒီမှာရောက်ပြီး အထက်တန်းအဆင့် ပြန်တက်တော့ ဘိုင်အိုမှာ ဆရာက သီအိုရီပဲ သင်ပြီး ကျန်တာကို မိမိဖါသာ ဓါတ်ခွဲခန်းမှာလည်း Eeperiment လုပ်ပြီး အပြင်မှာလည်း အချက်အလက်ရှာ Ijvestigation လုပ်ပြီး Analysis လုပ်ရတော့ တကယ်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ ဘာသာ ဖြစ်နေတယ်။ နောက်ပိုင်း အလျဉ်းသင့်ရင် ပို့စ်တခုလောက်တော့ တင်ဖြစ်အောင် ကြိုးစားဦးမယ်။ ကဗျာလေးအတွက် ကျေးဇူးတင်ပါတယ်။ ပြီး တော့ အနိုင်မခံ ကဗျာရဲ့ မူရင်း စပ်ဆိုသူအမည်မှန်နဲ့ မူရင်းအင်္ဂလိပ်လိုကိုပါ မှတ်ချက်မှာ လာရေးပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်နော့်။

မင်းကျန်စစ်။ said...

ဆာနေတုန်းတော့ သောက်ခဲ့ရတော့မပေါ့။
အင်း............ သောက်ပီးရင်လဲ ဒုက္ခရောက်မှာပဲ။
ခုတော့ ပရိုက်ဗိတ်ကျောင်းတွေ ပေါ်လာပါပီဗျာ။
အခွင့်အလမ်းနည်းနည်းတော့ တိုးလာပီပေါ့။
(တိုးပွားချမ်းသာသူတွေအတွက်ပဲ ဖြစ်ရင်လဲ ဖြစ်နိုင်တယ်)
TGRmg

Anonymous said...

ကောင်းတဲ့ နိမိတ်ပုံလေးတွေပါတဲ့ ကဗျာပါ။ လင့်ခ်အသစ်ကို ပြန်လင့်ခ်ထားလိုက်ပြီဗျာ။
အိုးဝေအောင်

Nee said...

ခေါင်းစဉ်က နို့ရည်ခမ်းတဲ့မိခင်ဆိုတော့ နောက်ဆုံးတိုနိဂုံးချုပ်တဲ့ ဥပမာလေးကို မဖတ်ခင် ကဗျာဆရာ ဘယ်လိုများ တင်စားမလဲလို့ ရင်တမမနဲ့ ခြောက်သွေ့တဲ့ သဲကန္ဒာရက ညိုးနေတဲ့ပန်းလေးလား တစ်ခုခုကိုတော့ ဥပမာပေးတော့မယ်လို့ သိလိုက်တဲ့ အချိန်နဲ့ သူ့ဥပမာကိုဖတ်လိုက်ရတဲ့ အချိန်ကာလအတွင်း သုံးစက္ကန်လောက်မှာ ကျမအတွေးဖြစ်သွားတာ စိတ်လည်းလှုပ်ရှားဖို့ကောင်းတယ် ဘယ်လိုများ ထွက်လာမလဲဆိုတဲ့စိတ်ကူးနေတာ ရေးချလိုက်တာက လောက်တွေမျိုးပွားတဲ့ သောက်ရေအိုးများ ဆိုပါလား ဟားးးးးးးးးးးးးးး တော်တော်စဉ်းစားတတ်တယ်နော်

mosesblack said...

လောက်တွေမျိုးပွားနေတဲ့
သောက်ရေအိုးများ..........
သောက်ဟယ်အများသားမို့
လောက်တည်တဖွားဖွား ဒီဦးနှောက်တွေနှင့်
ဒီမိုတည်ဖို့အရေး ရင်လေးပါရဲ့
အမယ်မင်း ........ကိုကောင်းကင်ကိုရေ
၎နှစ်အထက်အကုန်သက်ပီးသာ
နိုင်ငံပြန်တည်ဆောက်ပေတော့