ဟေ့..ဒီမှာ…ငါက
ကိုယ့်လမ်းကိုယ်ရှင်း
ကိုယ့်ပန်းကိုယ်ခင်း
ကိုယ့်ငြမ်းကိုယ်နင်း
ကိုယ့်အစွမ်းနဲ့ ကိုယ်လင်းခဲ့တာ။
ဟေ့ ဒီမှာ…ငါက
ကိုယ့်ကြမ္မာကိုယ်ရွေး
ကိုယ့်ကမ္ဘာမှာ ကိုယ်ပြေးရင်းက
ကိုယ့်အနာကိုယ်ဆေးဖို့ 
ကိုယ့်ကဗျာ ကိုယ်ရေးခဲ့တာ။
အနုပညာခရီးတလျှောက်မှာလည်း ငါက
ကိုယ့်မိတ်သဟာနဲ့ ကိုယ်တွဲ
ကိုယ့်သိက္ခာနဲ့ ကိုယ်ဝဲ
ကိုယ့်လိပ်ပြာနဲ့ ကိုယ်ရဲခဲ့တာ။
အနာတွေ ညှစ်ရင်
ကဗျာတွေ ဖြစ်တယ်လို့ ငါယုံကြည်တယ်။
ငါက
ကိုယ့်စည်းကိုယ်စောင့်
ကိုယ့်အသီး ကိုယ်ကောက်
ကိုယ့်ခရီး ကိုယ်လျှောက်ရင်းက
ကိုယ့်မီးနဲ့ ကိုယ် တောက်ခဲ့တာ။
ငါက
ကိုယ့်ဥာဏ်ကိုယ်ဖွင့်
ကိုယ့်ဈာန်ကိုယ်မြှင့်ပြီး
ကိုယ့်အလံကိုယ်လွှင့်ခဲ့တာ။
ငါဟာ
ကိုယ့်ညာဉ် ကိုယ့်အစွဲနဲ့ 
ကိုယ့်ဂျင်ကိုယ်မဲ…
ကိုယ့်ရင် ကိုယ်ခွဲပြီးတော့တောင်
ကိုယ့်ပလ္လင်ကိုယ်ဆွဲခဲ့ရတာ။
ငါဟာ
ကဗျာတစုကို
ကမ္ဘာတခု ထင်နေမိသူပေါ့
အခုတော့…ငါ…
အနာတခုဝင်ခို လာတဲ့ ကောင်းကင်ကိုဟာ
ကဗျာဥယျာဉ်ကို တော့ ပေါင်းသင်လိုတယ်။
မြတ်နိုးလွန်းလှတဲ့ ကဗျာကိုလည်း
အရွယ်အို နှစ်တရာအထိ
တကယ်ကို သစ္စာရှိနေမယ်။
ကောင်းကင်ကို
Thursday, June 4, 2009
Subscribe to:
Post Comments (Atom)
28 comments:
ဟေ့..ဒီမှာ…ငါက
ကိုယ့်လမ်းကိုယ်ရှင်း
ကိုယ့်ပန်းကိုယ်ခင်း
ကိုယ့်ငြမ်းကိုယ်နင်း
ကိုယ့်အစွမ်းနဲ့ ကိုယ်လင်းခဲ့တာ။
...
ငါဟာ
ကိုယ့်စည်းကိုယ်စောင့်
ကိုယ့်အသီး ကိုယ်ကောက်
ကိုယ့်ခရီး ကိုယ်လျှောက်ရင်းက
ကိုယ့်မီးနဲ့ ကိုယ် တောက်ခဲ့တာ။
...
ဟုတ်ကဲ့.. အသိအမှတ်ပြုပါတယ်..း)
....
မောင်လေးရေ..အနာက
အချစ်ကြောင့်ရတဲ့ အနာများလားကွယ်..း)
...
အစစအရာရာ အဆင်ပြေပါစေ..
ကြိုက်တယ်... ဖတ်ရတာ လှတယ်ဗျာ..
လေးစားပါတယ်အစ်ကို အစ်ကို့ကဗျာမာန ကို..။
ကဗျာဥယျာဉ် သက်တော်ရာကျော် ရှည်ပါစေ..။
ကဗျာပန်းတွေ နှစ်ရာချီ လန်းပါစေ...။
ကောင်းပါ့ကိုကငိး
ဆက်လုပ်
သိပ်ကောင်းတဲ့ ကဗျာတစ်ပုဒ်ကို ညနေခင်းမှာ ဖတ်လိုက်ရတာ သိပ်အရသာရှိတာပဲ စိတ်တိုင်းကျမှာ လက်ဘက်ရည်သောက်ပြီး ဖတ်ရရင် ပိုအရသာရှိမယ် ဆုံမယ်လေ တစ်ချိန်လောက်..
ဒီကဗျာမိုက်တယ်
ရောခ့်အပြင်းစားပဲ။
ကိုကောင်းကင် အနာတွေပဲ လာလာ ကြည့်ရသူရယ်ပါ။ :)
ကဗျာဖတ်ရတာ လှေခါးထစ်တွေပေါ်ကနေ စက်ဘီးနဲ့ လှိမ့်ဆင်းချရသလိုပဲ... ရောက်မှန်းမသိ ရောက်သွားတယ်...
ကဗျာဥယာဉ်ကို ပေါင်းသင်ဖို့ လိုနေတာတော့ အမှန်ပဲ ညီရေ့...
ကဗျာလေးက တော်တော်မိုက်တယ်...။
ကောင်းတယ်ဗျို့ ဖတ်လို့......
ကာရံမိမိ ရင်ကိုထိတဲ့ 
စကားလုံးများနဲ့  အားမာန်တွေပါတဲ့
ကဗျာမာန ...
လေးစားပါတယ်
ကို ကောင်းကင်...
မာန်ပါလိုက်တာ .. အရမ်းကြိုက်ပါတယ် ..း)
ကိုယ့်အနာ ကိုယ်သိတယ်ပေါ့
ကိုယ့်ဟာကိုယ် ရှိနေမှန်းကြေငြာတယ်ထင်ပ...
မိုက်တယ်။မိုက်တယ်။ နောက်ဆုံးတစ်ပိုဒ်လေးပဲ.....။ကဗျာခေါင်းစဉ်က ကဗျာမာန ဆိုတော့...။ မိုက်တယ်ဗျာ။ နောက်နေတာမဟုတ်။ နားနားပြီးရေး။ (နားနားပြီးရေးလို့ပြောတာ နောက်တာမဟုတ်ဘူး) ကဗျာကို ကဗျာဖြစ်တဲ့အချိန်မှသွန်ချလို့ပြောတာ။
နှလုံးသားထဲက ကဗျာ့သွေးတွေ ညှစ်ချ
အဲဒါပေါ့ ကဗျာမာန ဆိုတာ..
ကဗျာလေး အရမ်းကောင်းတယ်..
မာန်ပါနေတယ်..
လက်သီးဆုပ်ပြီး ရေးလိုက်တဲ့ ကဗျာ တစ်ပုဒ်များလား..!
ခင်တဲ့
အရမ်းကို ထိမိတဲ့ကဗျာလေးပါခင်ဗျာ။
ဆက်လက်အောင်မြင်ပါစေ..
အစ်ကို
ကောင်းတယ်အစ်ကို
ရင်ထဲအနာကို သေချာမြင်မိတယ်အစ်ကို
ကောင်းကင်ကိုကဗျာတွေမကြာခနဘတ်ဖြစ်တယ်။
ကောင်းတယ်။ ဒီကဗျာကလဲတော်တော်ကောင်းပါ
တယ်ဗျာ။ အားပေးပါတယ်။
အကိုရဲ့ ကဗျာမာနတွေက ဆူးရှထက်မြက်လှချည်လား
အရမ်းကြိုက်တယ် တကယ်ကိုပြောမပြတတ်အောင်ပါပဲ။
တို့က ကဗျာရေးတာကို အရမ်းဝါသနာပါတာ် . . .
(အနာတွေ ညှစ်ရင်
ကဗျာတွေ ဖြစ်တယ်လို့ ငါယုံကြည်တယ်။)
အင်း စဉ်းစားစရာပဲနော်.....း)
(ငါဟာ
ကဗျာတစုကို
ကမ္ဘာတခု ထင်နေမိသူပေါ့)
ဒါလေးတော့ဟုတ်မယ်ထင်တယ် တူနေပြီနော်း)
ခင်မင်စွာဖြင့်
နှင်းဆီနက်
ကိုကောင်းရေ..
အရမ်းမိုက်တယ်ဗျာ
စကားလုံးတွေက လန်းလှပါလား
“ငါဟာ
ကိုယ့်ညာဉ် ကိုယ့်အစွဲနဲ့ 
ကိုယ့်ဂျင်ကိုယ်မဲ…
ကိုယ့်ရင် ကိုယ်ခွဲပြီးတော့တောင်
ကိုယ့်ပလ္လင်ကိုယ်ဆွဲခဲ့ရတာ။
ကောင်းလိုက်တဲ့ အရေးဗျာ
ကိုကောင်းရေ..
အရမ်းမိုက်တယ်ဗျာ
စကားလုံးတွေက လန်းလှပါလား
“ငါဟာ
ကိုယ့်ညာဉ် ကိုယ့်အစွဲနဲ့ 
ကိုယ့်ဂျင်ကိုယ်မဲ…
ကိုယ့်ရင် ကိုယ်ခွဲပြီးတော့တောင်
ကိုယ့်ပလ္လင်ကိုယ်ဆွဲခဲ့ရတာ။
ကောင်းလိုက်တဲ့ အရေးဗျာ
ကောင်းကင်ကိုရေ...
အချိန်နဲနဲလေးဖြစ်ဖြစ်ရရင် ကိုယ့်အိမ်ဘက်လှည့်ခဲ့ပါဦး
းဝ)
အရမ်းကြိုက်မိတယ် ကိုကောင်းရေ.. ဒီကဗျာဆိုရင် နာမည်မှားတပ်စရာ အကြောင်း မရှိတော့တာ သေချာတယ်..း)
လေးစားပါတယ် ကဗျာဆရာ...
ဦးညွှတ်လျက်.. စိမ်း
Write more, thats all I have to say. Literally, it seems as though you relied on the video to make your point.
You clearly know what youre talking about, why waste your intelligence on just posting videos to your site when you could be giving us
something enlightening to read?
My blog :: dubstep
Post a Comment