Monday, February 16, 2009

စကားပြေအဖြစ် ထပ်ပြီး အဖျက်ဆီးခံခဲ့းရတဲ့ ကျွန်တော့် နောက်ထပ် ကဗျာနှစ်ပုဒ်နဲ့  ကဗျာမျှဝေသူများအပေါ် ကျွန်တော့် ထင်မြင်ချက်

ပိုင်ရှင်မဲ့နေတဲ့ ကျွန်တော့် ကဗျာတွေစာတွေ အကြောင်းနဲ့ နောက်ထပ် အဖျက်ဆီးခံထားရတဲ့ ကဗျာနှစ်ပုဒ် အကြောင်းပါ။ စာတွေယူသုံးတာနဲ့ ပတ်သတ်ပြီး ကျွန်တော်တစ်ယောက်တည်းရဲ့သဘောထားကိုလည်း ပြောပြပါမယ်။့ ဘာတွေ ပြင်သင့်သလဲဆိုတဲ့ ကျွန်တော် တစ်ယောက်တည်းရဲ့ အမြင်ကိုလည်းပြောပါမယ်။

ကျွန်တော့် ကဗျာနှစ်ပုဒ်ကိုရောသမမွှေပြီး စကားပြေ အဖြစ် ဖျက်ဆီးထားတဲ့ ပို့ စ်တစ်ခု တွေ့ ပြန်ပါပြီ။ မူရင်းက ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာနဲ့ အနမ်းလှေမဲ့ ကမ်းခြေနှစ်ဘက် ဆိုတဲ့ ကဗျာလေးတွေပါ။

(ကျွန်တော့်ကို ပြန်လည်တောင်းပန်ပြီးလို့ ကျွန်တော် screenshot နဲ့ လင့်ခ်ကိုပါ ဖြုတ်လိုက်ပါတယ်။ တောင်းပန်လို့ အကြွင်းမဲ့လဲ့ ခွင့်လွှတ်ပါတယ်။ ဒီပို့ စ်ဆက်တင်ထားတာကတော့ ကျွန်တော့်သဘောထားတွေကို ပြောချင်လို့ ပါ။)

ကဗျာနှစ်ပုဒ်ကို ရောသမ မွှေပစ်လိုက်တော့ အဆက်အစပ်မဲ့ပြီး ကဗျာက ပျက်စီးသွားပါတယ်။ ပြီးတော့ ငါ ဆိုတဲ့ နေရာမှာ အစ်ကိုကြီးလို့ လည်း ပြောင်းပစ်ပါတယ်။ ညီငယ် ထည့်တဲ့ စာကြောင်း တစ်ကြောင်းပဲ ရှိပါတယ်။(ညီငယ်လို့ ပဲခေါ်လိုက်တယ်။ ကျွန်တော် ကိုယ့်အမှားကိုယ် ဝန်ခံတာကို လေးစားတယ်။ အောက်က တစ်ယောက်ဆို ကွန်မန့် ကို ပိတ်ပြီး ခပ်တည်တည်နဲ့ ဆက်တင်ထားတုန်းလေ။ စုဗူးက အက်ဒ်မင်တွေကို လည်းစာရေးပါသေးတယ်။ ဘာမှ မထူးခြားပါဘူး)

တိတ်ဆိတ်လွန်းတဲ့ ညအမှောင်တွေကြားမှာ စိတ်ကူးတွေက ဂယောင်ခြောက်ခြားပေါ့

အဲဒီ့ စာကြောင်းပါ။ ပို့ စ်မော်ဒန်မှာ အဲလို ဖြတ်ညှပ်ကပ် ရေးနည်းတော့ ရှိပါတယ်။ ကဗျာဆရာ အများကြီးရဲ့ ကဗျာတွေကို ဆက်ပြီးတော့ လည်း ကိုယ်တလုံးမှ မရေးပဲနဲ့ ဖြတ်ညှပ်ကပ် ကဗျာလုပ်လို့ တော့ ရပါတယ်။ ဒါဆိုလည်း ဘယ်နေရာက ဘယ်စာရေးစရာရဲ့ စကားလုံးဆိုတာ အတိအကျ ပြောရပါတယ်။ အဲလို ပို့ စ်မော်ဒန် နည်းနဲ့ တခြားလူ ဟာတွေ ယူသုံးတယ် ဆိုတာ ပြောရပါမယ်။ ခုဟာကတော့ ပျက်စီးသွားတာပဲရှိပါတယ်။

နောက်တစ်ခုက တစ်ချို့ က ထင်ကောင်းထင်ပါမယ်။ ကျွန်တော် သိပ်တွန့် တို တယ်လို့ ။ ကိုယ့်ကဗျာကြိုက်လို့ ကူးတာပဲလို့ ။ မဟုတ်ပါဘူး ခင်ဗျာ။ ကျွန်တော် ဆုံးဖြတ်ထားတာ ရှိပါတယ်။ ဖျက်ဆီးပစ်တာရယ် သူတို့ မရေးပဲ သူတို့ နာမည် တပ်ပစ်တာရယ်ကို လုံးဝ လက်မခံနိုင်တာပါ။ ကဗျာ မျှဝေသူ အမျိုးမျိုးရှိပါတယ်။

(၁)တစ်အုပ်စုက ခွင့်တောင်းသည်ဖြစ်စေ၊ ခွင့်မတောင်းသည် ဖြစ်စေ နာမည်တပ်ပေးတာပါ။ သူတို့ ကို ကဗျာရှင်ဖြစ်တဲ့ ကျွန်တော်က အရမ်း ကျေးဇူးတင်ရမှာပါ။ အရမ်းလည်း ကျေးဇူးတင်ပါတယ်။ ကဗျာတွေများစွာ ရှိတဲ့ အထဲက ကိုယ့်ကဗျာကို မှ နှစ်သက်ပြီး အခမဲ့ ကြော်ငြာ ပေးတာနဲ့ အတူတူပါပဲ။

(၂) နောက်အုပ်စုက မေးလ်ထဲက ရလို့ ဖြစ်စေ တစ်ခြားတစ်နည်းနည်းနဲ့ ရလို့ ရေးသူ အမည်မသိတော့ပဲ တင်တာပါ။ ဒါပေမယ့် သူတို့ က ကိုယ်တိုင်ရေးမဟုတ်ကြောင်း အသိပေးထားပါတယ်။ မေးလ်ထဲက ရတာတို့ ၊Label မှာ from a site လို့ ရေးတာတို့ (သူတို့ အရင်ရက်တွေက ဖိုင်ကို saveလုပ် ပြီး မှ ဆိုဒ်နာမည်မမှတ်မိတော့လို့ ဖြစ်လိမ့်မယ်) ဒါကိုလည်း လက်ခံပါတယ်။ အနုပညာရှင်ဆိုတာ အနုပညာ ပြန့် ဖို့ အားပေးရမယ်လို့ ကျွန်တော်ယုံကြည်လို့ ပါ။ သိရင် သိတဲ့လူကတော့ ရေးသူ မူရင်း ဘယ်သူဆိုတာ ကွန်မန့် ပေးခဲ့ရပါမယ်။ ကိုယ်တိုင်လည်း သိခဲ့ရင် ပိုင်ရှင်ဖြစ်ကြောင်း ကွန်မန့် ပေးခဲ့ရမယ်လို့ ထင်ပါတယ်။ ကိုယ့်ကဗျာကိုရော ကိုယ့်ကဗျာကို နှစ်သက်တဲ့လူကိုပါ နှစ်မျိုးလုံးလေးစားရမယ် ထင်တယ်ဗျ။ အဲ သူများကဗျာကို အလွဲသုံးစားလုပ်ထားတာ တွေ့ ၇င်လည်း ထောက်ပြရပါမယ်။

(၃) နံပါတ်သုံးအုပ်စုကတော့ ကလောင်ရှင်နာမည်လည်း မတပ်၊ သူ့ နာမည်လည်း မတပ်၊ ဘယ်က ရတယ်ဆိုတာကိုလည်း ဖော်မပြထားတာပါ။ သူတို့ ထဲမှာလည်း လူအမျိုးမျိုး ရှိပါတယ်။ သူတို့ ကို လည်း အပြစ်တင်မစောခင် ကွန်မန့် တစ်ခု ကိုဖတ်ကြည့်ပါ။

ကျွန်တော် မနေ့ ကမှ လိုက်ရှာရင်း တွေ့ တာပါ။


ကို......

ကို ကောင်းကင်ကို ရေ... တောင်းပန်ပါရဲ့ဗျာ... အစ်ကို ကဗျာလေးတွေ ကို သူဖတ်လို့ရအောင် ကျွန်တော်က ကော်ပီ လုပ်ပြီး ပေးလိုက်တာဗျ.. အခုသူက သူ့အတွက် အသုံးတည့်သွားတယ်... လွန်တာရှိရင်တော့ ၀န္ဒာမိပါပဲဗျာ... စိတ်တော့ မဆိုးပါနဲ့.. အစ်ကို့နှလုံးသွေးနဲ့ အလှဆင်ထားတာလို့ပဲ ဂုဏ်ယူပေးပါဗျာ....

ညီမလေး ......

Tue, 09 Sep 2008 22:51:13

နင်ကလဲငါကမသိဘူးလေ နောက်ဆိုမတင်ရမဲ့ဟာဆိုတစ်ခါထဲကြိုပြော

အဲဒီ့ကပါ။သူ့ကို အပြစ်တင်ချင်တာ မဟုတ်ပါဘူး။ သူ့ရင်ထဲကို ဝင်ကြည့်တာပါ။ သူတို့ နဲ့ မိတ်ဆွေဖြစ်ချင်တာပါ။ ဟိုလူတွေနဲ့ အဲဒီ့ဘလော့က ကွန်မန့် ပိုင်ရှင်တွေက အဆင့်ချင်း ရိုးသားမှုခြင်း မတူပါဘူး။ ဒီကွန်မန့် ပိုင်ရှင်တွေဟာ သူတို့ ဘလော့ကို မှတ်စုစာအုပ်လို သဘောထားရင်း အမှတ်တမဲ့ ဘယ်ကရကြောင်းမဖော်ပြမိတာပါ။

အဲဒီ့တော့ လူတိုင်းကတော့ ခိုးတာမဟုတ်ပါ။ အများစုက ရိုးသားစွာ တင်တာပါ။ ဒီတော့ ကျွန်တော်တို့ ဝါးလုံးရှည်နဲ့ တော့ ရမ်းရိုက်လို့ မဖြစ်ပါဘူး။ ခိုးတာဆိုရင် ဖျက်ပစ်ကြမှာပါ။ လူသိတာနဲ့ ကွန်မန့် ပေးလိုက်တာနဲ့  ဖျက်ပစ်မှာပါ။ ဒီတော့ အဲဒီ့ထဲက တချို့ ဟာ ကျွန်တော်တို့ လေးစားရမယ့် ကိုယ့်ကဗျာကို နှစ်သက်တဲ့ ပရိသတ်လည်းဖြစ်တတ်ပါတယ်။

ကျွန်တော့် ကဗျာတွေ အဲလို ကလောင်နာမည်ကော ဘယ်ကရမှန်းပါ မပြောပဲ တင်ထားတဲ့ နိုင်ငံရေးဘလော့တွေလည်း တော်တော်များများတွေ့ ပါတယ်။ ကျွန်တော် သူတို့ ကို စွပ်စွဲချင်ခြင်း မဟုတ်ပါ။ အမှတ်မဲ့ ဖြစ်တတ်တဲ့ သဘောပါ ။

ဒါ ခုနက အပြန်အလှန် ကွန်မန့် လေး ဖတ်ပြီး သိလာတဲ့ အသိပါ။ အနုပညာရှင် တစ်ယောက်နဲ့ တစ်ယောက်တော့ အမြင်တူမှာ မဟုတ်ပါ။ ကျွန်တော် တစ်ယောက်တည်း အမြင်ဖြစ်ပါတယ်။ ကျန်တဲ့ အနုပညာရှင်တွေရဲ့ အမြင်ကိုလည်း ကျွန်တော် လိုချင်ပါတယ်ခင်ဗျာ။

နောက်တစ်ချက်နားလည်ပေးတာက သူတို့ ထဲက တစ်ချို့ ဟာ ပြည်တွင်းက လူတွေဖြစ်ချင်ဖြစ်မယ်။ အင်တာနက်ကို တစ်ခါ တစ်လေမှ သုံးတဲ့သူတွေ ဖြစ်မယ်။ အဲဒီ့တော့ အင်တာနက် ethics အကြောင်းလည်း မသိဘူး။ သုံးချိန်သိပ်မရတော့ သေချာ ဂရုတစိုက် မတင်နိုင်ဘူး။သူတို့ ဘလော့ကို သာမန် မှတ်စုစာအုပ်လို သဘောထားမိချင် ထားမိမယ်။ ကျွန်တော့် အနေနဲ့ တော့ ဟိုကဗျာ ဖျက်ဆီးပစ်လိုက်တဲ့ နှစ်ယောက်က (အပေါ်က ကွန်မန့် ပိုင်ရှင်နှစ်ယောက်မဟုတ်ပါဘူး။ ကဗျာကိုပြင်ပစ်ပြီး သူတို့ နာမည်တပ်လိုက်တဲ့ သူတွေပါ။)လွဲလို့ ဘယ်သူ့ ကိုမှ စိတ်မဆိုးတော့ပါ။ အဲဒီ့နှစ်ယောက်ထဲက ညီငယ်တစ်ယောက်ကိုလည်း ခွင့်လွှတ်ကြောင်းပြောပါရစေ။

ဒါပေမယ့် အနုပညာရှင်တွေဘက်ကတော့ သတိထားရမယ်။ တခြားလူ ကဗျာ တွေ ကလောင်နာမည် မပါပဲ တွေ့ ရင် စွပ်စွဲမှု မပါပဲ အသိပေးရမယ်။ ပြီးတော့ ကျွန်တော်တို့က စာဖတ်သူတွေ ၊ မျှဝေသူတွေ ကောင်းတဲ့အကျင့်ပါလာတဲ့ အထိ ညင်ညင်သာသာ ပညာလည်း ပေးနိုင်ရပါမယ်။

(၄) ယူပြီး ကိုယ့်နာမည် တပ်ပစ်တာဖြစ်စေ၊ ပြင်ပစ်တာ ဖြစ်စေ အဲဒါတွေကိုတော့ လုံးဝ ပြင်းပြင်းထန်ထန် ဆန့် ကျင်ပါတယ်။ ကျွန်တော့်ကဗျာတွေကို ဖျက်ဆီးပစ်တဲ့ နှစ်ယောက်မှာ Suboo က တစ်ယောက်က အဲဒီ့ ပို့ စ်တစ်ခုတည်းကို ရွေးပြီး ကွန်မန့် ပေးခွင့်ပိတ်ထားတာပါ။ ကျွန်တော့် ကွန်မန့် ပေးချင်လို့ register လုပ် sign in လုပ်ပြီး ၀င်ပေမယ့် တခြားပို့ စ်ကိုပဲ ကွန်မန့် ပေးခဲ့ရပါတယ်။ ေ

ကျွန်တော် အောက်မှာ ကျွန်တော့်ကဗျာ တွေပါတဲ့ (တစ်မနက်လုံး ရှာလို့ ရသမျှ )လင့်ခ်တွေ စာရင်းလုပ်ထားပါတယ်။ အောက်က ဟာက ကျွန်တော့်ရဲ့ ပိုင်ရှင်ပျောက်နေတဲ့ သားသမီးလေးတွေသာ မက ကျွန်တော့်ကို ခွင့်တောင်းပြီးတော့ရော ခွင့်မတောင်းပဲနဲ့ ရော ကျွန်တော့်ကဗျာတွေကို ကလောင်နာမည်နဲ့ တကွ တင်ပေးတဲ့ လင့်ခ်တွေပါ ပါပါတယ်။ ကျွန်တော် ကလောင် အရင်ကနဲ့ စာရင် ပိုခိုင်မာလာတာ သူတို့  တင်ပေးတဲ့ ကျေးဇူးပါ။ ကျွန်တော် ယဉ်ကျေးမှု အရ ကျေးဇူးစကား ဆိုတာ မဟုတ်ပါဘူး။ တကယ်ကျေးဇူးတင်လို့ ပါ။

ကျွန်တော် ဒီစာရင်းလုပ်တာကတော့ အပြစ်တင်ဖို့ မဟုတ်ပါ။ ကိုယ့်ဘာသာကိုယ် ဂုဏ်ယူချင်တာ လည်းပါပါတယ်။(နာမည်တပ်သည်ဖြစ်စေ မတပ်သည်ဖြစ်စေ ပရိသတ်ရဲ့ အားပေးမှုကို ဂုဏ်ယူပါတယ်။) ပြီးတော့ ပိုင်ရှင်မဲ့ ကဗျာတွေ ဖြစ်နေတဲ့ ကျွန်တော့် ကဗျာတွေ တော်တော်များများကြီးကို တွေ့ နေရလို့ ပါ။ ဟစ်ဟော့ ပုံစံ ရေးထားတဲ့ ကဗျာဆို တစ်ယောက်က ဟစ်ဟော့ သီချင်း ထင်တယ်လို့ ရေးထားပါတယ်။ ကလောင် နာမည်တော့သိလို့ တပ်ထားပေးပါတယ်။ ကျွန်တော့်ကို ဟစ်ဟော့ ရေးတဲ့လူ ထင်သွားလို့ နေမှာပါ။ "မွေးရပ်မြေဆိုတဲ့ အကြောင်း" ကဗျာပါ။ ဘလော့တွေ ပေါ်မှာ အဲဒီ့ ကဗျာရဲ့ ခေါင်းစဉ်ကလည်း အမျိုးမျိုးဖြစ်နေပါတယ်။ တစ်ယောက်က “ရွှေ” လို့ နာမည်ပေးထားပါတယ်။(ခုနကလို မလိုတမာစိတ်နဲ့ ပြင်တာ မဟုတ်ပါ။ ခေါင်းစဉ်မပါဘူးထင်လို့  စေတနာနဲ့ ထည့်ပေးတာနေမှာပါ။) (ကိုမိုးသီးဘလော့မှာတော့ အဲဒီ့ကဗျာကိုပဲ ကိုမြတ်စိုးက ပြည်တွင်းကလူက အီးမေးလ်း ပို့ တဲ့အတိုင်း ဝမ်းနည်းစရာ့ အတော့် ဘဝလို့ နာမည်ပေးခဲ့ပါတယ်။) ဒီပို့ စ်ရေးရခြင်းရဲ့ နောက်တစ်ချက်က နာမည်တပ်မထား၊ ဘယ်ကရမှန်းလဲ မဖော်ပြထားပေမယ့် သူတို့ နှစ်သက်တဲ့ စာတွေ၊ ကဗျာတွေကို့ ဒိုင်ယာရီသဘောနဲ့ ရိုးရိုးသားသား စုထားကြတာတွေလည်း ရှိတာကို အနုပညာရှင်တွေ အနေနဲ့ နားလည်သတိထားမိစေဖို့ ပါ။

ကလောင်နာမည်နဲ့ တကွ တင်ပေးထားတဲ့ ကျေးဇူးတင်ရမယ့် တစ်ဆင့်ဖြန့့် ဝေပေးသူတွေရဲ့ လင့်ခ်တွေရော နှစ်သက်သူ အားလုံးရဲ့ လင့်ခ်တွေကိုပါ ကျွန်တော့်ကိုယ် ကျွန်တော် ဂုဏ်ယူတဲ့ အနေနဲ့ ထည့်ထားပါတယ်။ စိတ်ညစ်စရာထဲက ပျော်စရာပေါ့ဗျာ။ ပြီးတော့ ကျွန်တော့်အတွက် အမှတ်တရဖြစ်စရာလေးတွေ တစ်စု တစ်စည်းထဲလည်း ဖြစ်သွားတာပေါ့။

အမာခံပရိသတ် စာရင်း

http://pwagyi7.blogspot.com/2009/01/blog-post_8256.html (ကျွန်တော့် ကလောင်နာမည် မပါပါ။ ခေါင်းစဉ်ကို ရောက်ရှိလာသော ဖတ်ရသည့် ကဗျာတစ်ပုဒ်လို့ ပေးထားပါတယ်။ ဒီကဗျာနဲ့ ပတ်သတ်ရင် အီးမေးလ်မှာ တူတာက တကယ့် ခေါင်းစဉ်ဖြစ်တဲ့ မွေးရပ်မြေရဲ့ အကြောင်းက ကဗျာစာသားထဲကို ရောက်သွားပါတယ။်)

http://photayokeking.myanmarbloggers.org/2008/05/blog-post_4179.html

(ကျွန်တော့် ကလောင်နာမည် တပ်မထားရသေးပါဘူး။ ကျွန်တော့် ကဗျာချည်းပဲ နှစ်ပုဒ်ပါ။ “ငါတို့ ထဲက တစ်ချို့ သို့ ” နဲ “့ငါဖန်ဆင်းမယ့် နိုင်ငံ”ံဖြစ်ပါတယ်။ ကျွန်တော်နဲ့ အချင်းချင်း ခင်မင်တဲ့ မိတ်ဆွေပါပဲ။ ကျွန်တော့် ကဗျာတွေမှန်း မသိလို့ ပါ။)

http://aung-pan.blogspot.com/2008/09/blog-post.html (ကျွန်တော့် ကလောင်နာမည် တပ်မထားရသေးပါဘူး။အီးမေးလ်ကနေ ရတာလို့ လည်း ပြောမထားပါဘူး။)

(ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရဲ့ သူငယ်ချင်းပါ။ ဒါပေမယ့် ကျွန်တော် ရေးမှန်း သူမသိပါဘူး။ သူသိတဲ့ကဗျာဆို ကျွန်တော့် နာမည် တပ်ပါတယ်။ ကလေး ဆိုတဲ့ ကဗျာပါ။ http://aung-pan.blogspot.com/) (အခု တပ်လိုက်ပြီဗျ။ ခုရေးတာ ဖေဖော်ဝါရီ ၂၀)


http://sawkyiguy.blogspot.com/2009/01/blog-post_08.html (ကျွန်တော့် ကလောင်နာမည် မပါပါဘူး။ အီးမေးလ်ကနေ ရတယ်လို့ လည်း ရေးမထားပါဘူး)

http://mgnagelay.blogspot.com/2008/08/blog-post.html (မောင်ငယ်လေး)

ရွှေ (ခေါင်းစဉ်မှားနေတဲ့ကဗျာပါ။ ခေါင်းစဉ်မှန်က မွေးရပ်မြေရဲ့ အကြောင်းပါ။ အီးမေးလ်ကနေ ရကြောင်း ရေးထားပါတယ်။ )

(http://burmanewsandarticles.blogspot.com/2008/11/select.html)

(ကျွန်တော့်နာမည် မပါပေမယ့် ပြည်တွင်းက အီးမေးလ်က နေ တစ်ဆင့် တင်လိုက်တာပါ။ ဖြန့် ဝေပေးတဲ့ စေတနာကို လေးစားပါတယ်။ ကျွန်တော် ပို့ စ်က ဟိုးအောက်ရောက်နေပြီမို့ ကျွန်တော့်ကဗျာဖြစ်ကြောင်း ကွန်မန့် မပေးဖြစ်ခဲ့တာပါ။ ကိုမိုးသီး ဘလော့မှာတော့ တစ်ယောက်က ပြောလို့ ချက်ခြင်း ကျွန်တော့်နာမည်ကို လင့်ခ်နဲ့ တကွ တင်ပေးပါတယ်။)

http://komoethee.blogspot.com/2008/11/blog-post.html (ကိုမိုးသီး)

(မွေးရပ်မြေရဲ့ အကြောင်းပါ။ နာမည်ကော လင့်ခ်ပါ လုပ်ပေးထားပါတယ်။ )

ချစ်သူ့ ပါလေး နှစ်ဘက်ပေါ်မှာ

http://www.khitkhamkong.co.cc/2008/12/blog-post_25.html (ကျွန်တော့် နာမည်တပ်မထားပါ။ အီးမေးလ်က ရတယ်လို့ ဖော်ပြမထားပေမယ့် အီးမေးလ်ကနေ ရတယ်လို့ ပဲ ယူဆမိပါတယ်။)

အနမ်းလှေမဲ့ ကမ်းခြေနှစ်ဘက်

http://youthnetworks.ning.com/profile/khitkhamkong (ကျွန်တော့် နာမည်တပ်မထားပါ။ အီးမေးလ်က ရတယ်လို့ ဖော်ပြမထားပေမယ့် အီးမေးလ်ကနေ ရတယ်လို့ ပဲ ယူဆမိပါတယ်။)

အနမ်းလှေမဲ့ ကမ်းခြေနှစ်ဘက်

http://ayecherry.weebly.com/1/post/2008/09/25.html (ခုနက ကွန်မန့် ပိုင်ရှင်ရဲ့ ဘလော့ပါ။ သူမသိလို့ တင်တာပါနော်။ ကျွန်တော် သူတို့ နဲ့ မိတ်ဆွေဖြစ်ချင်ပါတယ်။ )

ရင်ထဲက အမေ http://photayokeking.myanmarbloggers.org/2008/05/blog-post_9943.html (ကျွန်တော့် နာမည်တပ်မထားပါ။ အီးမေးလ်က ရတယ်လို့ ဖော်ပြမထားပေမယ့် အီးမေးလ်ကနေ ရတယ်လို့ ပဲ ယူဆမိပါတယ်။)

ရင်ထဲက အမေ http://boboburma.blogspot.com/2008/05/blog-post_5333.html (ကျွန်တော့် နာမည်တပ်မထားပါ။ အီးမေးလ်က ရတယ်လို့ ဖော်ပြမထားပေမယ့် အီးမေးလ်ကနေ ရတယ်လို့ ပဲ ယူဆမိပါတယ်။)

ကျွန်

(ဒို့ အာဇာနည်ဘလော့)

http://arzarni.blogspot.com/2008/12/blog-post_7695.html (ကော်ပီရိုက်နဲ့ ပတ်သတ်ရင် ကျွန်တော် အလေးစားဆုံး ဘလော့ပါ။ တစ်ဆင့်ရတာကိုတောင်မှ မူရင်းကလောင်ရှင်ကို တဆင့်ရတဲ့ ဘလော့ကော ဖော်ပြပေးတဲ့ ဘလော့ပါ။ ခုဟာက ကျွန်တော်ရေးမှန်း မသိလို့ ပါ။ကျွန်တော့် နာမည်တော့ မတပ်ရသေးပါခင်ဗျ။ အီးမေးလ်ကရတာလို ရေးထားပါတယ်။ ကျွန်တော်က ဒိတ်ဟောင်းနေပြီမို့ ဘယ်သူမှလည်း ဖတ်မိတော့မှာ မဟုတ်လို ခုထိ ကွန်မန့် မပေးရသေးပါဘူး။

ဘဝ (ရှမ်းမကလေး)

http://shanmakalay.blogspot.com/2008/07/blog-post_926.html (ကျွန်တော့်နာမည် တပ်ထားပါတယ်။)

ခေတ်သစ် သတင်းစာပညာ (နာမည် တပ်မထား) http://sites.google.com/site/kyeinzar/%E1%81%82%E1%81%80%E1%81%81%E1%81%80-%E1%80%B1%E1%80%9B%E1%80%BC%E1%80%B8%E1%80%B1%E1%80%80%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%A1%E1%80%B1%E1%80%95%E1%81%9A%E1%80%9E%E1%80%B1%E1%80%98%E1%80%AC%E1%80%91%E1%80%AC%E1%80%B8 (တခြားပို့ စ် တစ်ခုနဲ့ ပါရောနေ) (ကျွန်တော့် နာမည်တပ်မထားပါ။ အီးမေးလ်က ရတယ်လို့ ဖော်မပြထားပေမယ့် အီးမေးလ်ကနေ ရတယ်လို့ ပဲ ယူဆမိပါတယ်။) (ကဗျာတော့ မဟုတ်ပါဘူး။ သရော်စာအတိုပါ။)

ခေတ်သစ် သတင်းစာပညာ

စစ်သင်္ဃန်းခြုံ တက္ကသိုလ်

http://moepyay88.blogspot.com/2008_01_11_archive.html

http://maungdai.blogspot.com/2007/10/blog-post_164.html

(ခွင့်တောင်းပြီး တင်တာပါ။ကဗျာမဟုတ်ပါဘူး။ သရော်စာပါ။)



မျက်နှာ နှစ်ဘက်နဲ့ ဒင်္ဂါးတစ်စေ့ပါ။

http://www.realburmese.com/2008/10/gun.html (မေဘားမား ဘလော့ပါ။ ပိတောက်မြေက ယူတာလို့ ဆိုပါတယ်။ အဲဒီ့တုန်းက ပိတောက်မြေရဲ့ တခြားကွန်မန့် တစ်ခု မှာ မျိုးဆွေ ဆိုတဲ့သူက ကျွန်တော့် ကဗျာကို ကွန်မန့် အဖြစ်ရေးလိုက်ပါတယ်။ အဲဒါကို ပိတောက်မြေက တင်ချင်လို့ အဲဒီ့ ကွန်မန့် မှာပဲ ကိုမျိုးဆွေကို ခွင့်တောင်းပါတယ်။ အဲဒါနဲ့ ကျွန်တော်က ကျွန်တော့် ကဗျာဖြစ်ကြောင်း လမ်းချင်း မတူလို့ မသုံးစေချင်တဲ့ အကြောင်း ရေးလိုက်ပါတယ်။ ကွန်မန့် မှာပဲ။ နောက်နေ့ မနက် ကျတော့ ပိတောက်မြေက ကျွန်တော် ခွင့်မပြုတဲ့ ကြားက တင်ပြီး တခြားလူတွေက ၀ိုင်းပြောကြလို့ ဖြုတ်ပြီး ကျွန်တော့်ကို တောင်းပန်ထားပါတယ်။ကျွန်တော် ကွန်မန့် ထဲမှာ ကျွန်တော့် ကဗျာ ဖြစ်ကြောင်း ပြောပြီးမှ မဖတ်မိလို့ ဆိုပြီး တင်တာပါ။ ကျွန်တော်က အဲဒီ့ ကွန်မန့် ကို ထောက်ပြတဲ့ အချိန်မှာ စောစောက ကျွန်တော် မသုံးစေချင်ကြောင်း ရေးထားတဲ့ကွန်မန့် ကိုလည်း ဖျက်ပစ်ပါသေးတယ်။ ဒေါ် မေဘားမားက သူ့ အင်္ဂလိပ် ဘလော့မှာ အဲဒီ့ ကဗျာ ကိုဘာသာပြန်ပြီး တင်ထားပါသေးတယ်။ ကျွန်တော်တော့ ကျွန်တော် ပြောချင်တဲ့ အဓိပါယ်ထက် သူလိုချင်ရာကို အသားပေးပြီး ဘာသာပြန်သွားတယ်လို့ ထင်ပါတယ်။ ဥပမာ “နိုင်ငံရေးဆိုတာ သံဃာကိုတောင် သတ်ရဲတဲ့ သေနတ်၊ နိုင်ငံရေးဆိုတာ ပင်လယ်လို ဖြဲထားတဲ့ပါးစပ်’ ဆိုတဲ့ နေရာမှာ ကျွန်တော်က သေနတ်ကို ဗီလိန်နေရာ ထားပြီးရေးပေမယ့် သူက “politics can even kill the monks” လို့ ပြန်သွားပါတယ်။ သူဘာသာ ပြန်လိုက်တာ ဘုန်းကြီးတွေ နိုင်ငံရေး မလုပ်သင့်တဲ့ ပုံစံ သဘောမျိုး သက်ရောက်သွားပါတယ်။

ရင်ထဲက အမေ (ကျွန်တော့် နာမည် တပ်ထားတယ်)http://ygnpeople.blogspot.com/2008/06/for-our-beloved-mohter.html

ဈာပန

http://en.zorpia.com/nadihtutkhaung (ကျွန်တော့် နာမည် တပ်ထားတယ်)



ကဗျာချစ်သူ

http://mizzimapoem.blogspot.com/2007/10/blog-post.html (ကျွန်တော့် နာမည် ကိုတပ်ထားပါတယ်။ home page မှာပါ အဲဒီ့ ကဗျာကို လင့်ခ်လုပ်ထားပေးပါတယ်။ )



ခွပ်ဒေါင်းတို့ ရဲ့ ရင်ခုန်သံ
(ဆုံစည်းရာကို ပို့ ထားတာပါ။)

http://soneseayar.blogspot.com/2007/12/blog-post_21.html



ခေတ်
(ဆုံစည်းရာ ဘလော့)

http://soneseayar.blogspot.com/2007/12/blog-post_6910.html

(ကျွန်တော်ပို့ ထားတာပါ။)



(ကျွန်) (ဆုံစည်းရာ ဘလော့)

http://soneseayar.blogspot.com/2008/01/blog-post_3458.html

(ကျွန်တော့်နာမည်ကို တပ်ပေးထားပါတယ်။)


http://vimutti.blogspot.com/2008/01/blog-post_6267.html

ကျွန်ကဗျာပါပဲ။ ကျွန်တော့် နာမည် တပ်ထားပေးတယ်



ငါတို့ ဘဝနဲ့ မွှေးရမယ့် မီးတောက်

http://vimutti.blogspot.com/2008/01/blog-post_23.html

(ကျွန်တော့်နာမည် တပ်ထားပေးတယ်။)



ကျွန်

http://shweaoutal.blogspot.com/2008/01/blog-post_8136.html

ကျွန်တော့် ဆီက ခွင့်တောင်းပြီးမှ တင်တာပါ။



God ခဏ ဖြစ်သွားခိုက် (http://moepyay88.blogspot.com/2008/02/god.html) (ကျွန်တော့်နာမည် တပ်ထားပေးတယ်။



ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ်

http://mizzimapoem.blogspot.com/2007/10/blog-post_8654.html


သင်္ကြန် မတိုင်ခင် ကျတဲ့မျက်ရည်
(ကျွန်တော့်နာမည် တပ်ထားပေးတယ်။)

http://pyethubhunebhune.blogspot.com/2008/04/blog-post_5162.html


ငါနေတဲ့ နေရာ

http://moepyay88.blogspot.com/2008/05/blog-post.html

http://mizzimapoem.blogspot.com/2007/10/blog-post_18.html

(ကျွန်တော့်နာမည် တပ်ထားပေးတယ်။)



ရက်စက်တဲ့ နှုတ်ခမ်းနဲ့ နမ်းမှ

http://pinkygold.multiply.com/journal/item/213

(ကျွန်တော့်နာမည် တပ်ထားပေးတယ်။)



အနမ်းလှေမဲ့ ကမ်းခြေနှစ်ဘက်

http://tawthumalay.blogspot.com/2008/08/blog-post_6283.html (ကျွန်တော့်နာမည်ကိုဖော်ပြပေးထားတယ်)



ငါနေတဲ့ နေရာ

http://tawthumalay.blogspot.com/2008/05/blog-post_22.html (ကျွန်တော့်နာမည်ကို ဖော်ပြပေးထားတယ်)



ချစ်သူ့ ပါးလေးနှစ်ဘက်ပေါ်မှာ

http://tawthumalay.blogspot.com/2008/08/blog-post_7411.html

(ကျွန်တော့် နာမည်ကို ဖော်ပြပေးထားတယ်)



ကြိုး
(လမ်းပြကြယ်)

http://lampyakyal.blogspot.com/2009/01/blog-post_7984.html (ကျွန်တော့်နာမည်ကိုဖော်ပြပေးထားတယ်)



မိဘမကောင်း သားသမီးခေါင်း

http://arzarni.blogspot.com/2009/01/blog-post_6565.html (ကျွန်တော့်နာမည်ကိုဖော်ပြပေးထားတယ်။)


http://kopeter.blogspot.com/2009/01/blog-post_19.html (ကျွန်တော့်ဆီက ခွင့်တောင်းပြီးမှ တင်တာပါ။)



http://pyethubhunebhune.blogspot.com/2008/06/blog-post_3038.html (ပြည်သူ့ ဘုန်းဘုန်း) (ဘုန်းဘုန်းက အမြဲတမ်း အနုပညာကို တန်ဖိုးထားပြီး ကလောင်ရှင်နာမည်တွေ ကို အမြဲတမ်းဖော်ပြလေ့ရှိပါတယ်။)



http://myochitmyanmar.blogspot.com/2008/06/blog-post_2174.html (ကိုမျိုးချစ် ဘလော့....နာမည်ကို ထင်ထင်ရှားရှားကို ရေးထားပါတယ်။)



(မွေးရပ်မြေရဲ့ အကြောင်း)

ဇောင်းလေး (ကျွန်တော့် ကလောင်နာမည် တပ်ထားပါတယ်။)

http://www.zaunglay.co.cc/2008/11/blog-post_20.html



God ခဏဖြစ်သွားခိုက် (မဇ္ဈိမ)

http://www.mizzimaburmese.com/component/content/article/19/898-god-.html (ကျွန်တော်ပို့ ထားတာပါ။)



ကလေး (မဇ္ဈိမ)

http://www.mizzimaburmese.com/yatha-bank/poem/2033-2008-11-24-12-03-13.html (ကျွန်တော့် နာမည်ဖော်ပြထားပါတယ်။)


အမှတ်ပေးစည်းမျဉ်း
(ပြည်သူ့ ဘုန်းဘုန်း)

http://pyethubhunebhune.blogspot.com/2009/01/blog-post_12.html

(ဘုန်းဘုန်းက ကျွန်တော့် ကလောင်နာမည် အမြဲတမ်းကဗျာတိုင်းမှာ တပ်ပေးထားပါတယ်။)


Blog of Nyein Chan Yar

http://dathana.blogspot.com/2008/09/good-news.html (ကျွန်တော့် ကလောင် နာမည် ပါပါတယ်။ဒါပေမယ့် ကျွန်တော့်ကို ကဗျာဆရာမှန်း မသိပါ။ ဟစ်ဟော့သီချင်းထင်နေပါတယ်။ ကဗျာက ဟစ်ဟော့ပုံစံပေါက်နေလို့ ပါ)


ကျွန်

http://shweaoutal.blogspot.com/2008/01/blog-post_8136.html (ကျွန်တော့်ဆီက ခွင့်တောင်းပြီး ယူတာပါ ခင်ဗျ။ ကျေးဇူးပါဗျာ။)


ကိုစံနေမင်း

http://sannaymin.blogspot.com/

သူနှစ်သက်တဲ့ ကဗျာနဲ့ ဝတ္ထုတို(မော်ဒန်ဝတ္ထုဆန်ဆန်)တွေကို ခွင့်တောင်းပြီး အမြတ်တနိုး လင့်ခ်လုပ်ထားတာပါ။



အမေ့အသံ (လမ်းပြကြယ်)

http://lampyakyal.blogspot.com/2009/01/blog-post_2418.html

(ကျွန်တော့် ကလောင်နာမည် ပါပါတယ်)



မြင်ကွင်း (လမ်းပြကြယ်)

http://lampyakyal.blogspot.com/2009/01/blog-post_8770.html

(ကျွန်တော့် ကလောင်နာမည် ပါပါတယ်)



မြင်ကွင်း (ပြည်သူ့ ဘုန်းဘုန်း)

http://pyethubhunebhune.blogspot.com/2008/12/blog-post_8862.html

(ကျွန်တော့် ကလောင်နာမည် ပါပါတယ်)


http://3kachin.blogspot.com/2008/11/blog-post_9915.html (ခရီးသည်)

(ကျွန်တော့် ကလောင် နာမည် ပါပါတယ်။)



http://revolution-8888.revolution-8888.co.cc/2008/11/blog-post_6848.html (ခရီးသည်) (ကျွန်တော့် ကလောင် နာမည် ပါပါတယ်။)


အငိုဒုက္ခ တိုင်းပြည်
(မဆုမွန်) http://masumon.blogspot.com/2008/11/blog-post_14.html (ကျွန်တော့်သူငယ်ချင်းက ခွင့်တောင်းပြီးတော့ကို ကျွန်တော့် ကလောင်ကို ကြေငြာပေးတာပါ။)


ဇောင်းလေး
(အငိုဒုက္ခတိုင်းပြည်) http://www.zaunglay.co.cc/2008/11/blog-post.html (ကျွန်တော့် ကလောင် နာမည် ပါပါတယ်။)


အငိုဒုက္ခတိုင်းပြည်
(အငိုဒုက္ခ တိုင်းပြည်)

http://bdc-burma.blogspot.com/2008/11/blog-post_19.html

(ကျွန်တော့် ကလောင် နာမည် ပါပါတယ်။ ကျေးဇူးတင် စကားတောင် ဆိုလိုက်ပါသေးတယ်။)


အမြစ်
(ဘီဒီစီ)

http://bdc-burma.blogspot.com/2009/01/blog-post_8371.html

(ကျွန်တော့် ကလောင် နာမည် ပါပါတယ်။)


ကလေး
(ဘီဒီစီ)

http://bdc-burma.blogspot.com/2009/01/blog-post_8371.html

(ကျွန်တော့် ကလောင် နာမည် ပါပါတယ်။)


http://co2zenith.blogspot.com/2008_11_13_archive.html

(ကျွန်တော့် ကလောင်နာမည် ပါပါတယ်)



သမုဒ္ဒရာအောက်မှာ (မျိုးချစ်မြန်မာ)

http://myochitmyanmar.org/2008-07-25-07-31-58/2008-07-25-07-51-05/734-2008-09-29-04-49-41

(ကျွန်တော့် ကလောင်နာမည် ပါပါတယ်။ ကိုမျိုးချစ်လို လူသိပိုများတဲ့ ဘလော့ပေါ်မှာ တင်ပေးလို့ လည်း ကျေးဇူးပါဗျာ။)



http://myanmar-ccg.org/forum/viewtopic.php?f=20&t=309 (ကျွန်တော့်နာမည် တပ်ထားပေးပါတယ်။)



http://pyoekhinnyouth.blogspot.com/2008_09_01_archive.html

(ကျွန်တော် တောင် မသိပဲနဲ့ ကျွန်တော့်ကို နာမည် တပ်ပြီးသွားကြောင်း လာ အကြောင်းကြားသွားတဲ့ ဘလော့လေးပါ။)



ဘုရားသခင်.blogspot.com

http://lampyakyal.blogspot.com/2009/01/blogspotcom.html ((ကျွန်တော့်နာမည် တပ်ထားပေးပါတယ်။)



မျက်နှာနှစ်ဘက်နဲ့ ဒင်္ဂါးတစ်စေ့

http://moehlaingnya.blogspot.com/2008/10/blog-post_22.html (ကဗျာဆရာ အချင်းချင်း အကောင်းဆုံး ကျွန်တော့်ကို အသိအမှတ် ပြုလိုက်တာပါ။)



မျက်နှာနှစ်ဘက်နဲ့ ဒင်္ဂါးတစ်စေ့

http://kopeter.blogspot.com/2008/10/blog-post_06.html (ကျွန်တော့်ကို ခွင့်တောင်းပြီးမှ အမြဲ တင်တာပါ။



အတု၊ ငါ ၊ ပစ္စည်းပျောက်ကြော်ငြာ၊

(ကျွန်တော့် ကဗျာသုံးပုဒ်ပါ။ ကျွန်တော့် နာမည်တွေရေးထားတယ်ဗျ ။)http://www.crystalrays.org/forum/viewtopic.php?f=170&t=2089&start=40



http://yekyawaung.blogspot.com/2008/08/so-true-poem.html (မွေးရပ်မြေရဲ့ အကြောင်း)

ကိုရဲက ကျွန်တော့် သူငယ်ချင်းပါ။ ကျွန်တော့်နာမည် တပ်ထားပါတယ်။



ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာ (http://heartskylover.blogspot.com/2008_05_11_archive.html)

(ကဗျာကုန်တိုက်ငယ်ပါ ခွင့်ပြုချက်တောင်းပြီး တင်ထားတာပါ။)



အချစ်ဆိုတဲ့ အကုသိုလ် (ကျွန်တော့် နာမည်တပ်ပေးထားတယ်)

http://www.mysuboo.com/index.php?option=com_blog&name=http://www.mysuboo.com/mg&task=view&pid=4517&Itemid=



ရက်စက်တဲ့ နှုတ်ခမ်းနဲ့ နမ်းမှ

http://www.mysuboo.com/index.php?option=com_blog&name=http://www.mysuboo.com/mg&task=view&pid=4523 (ကျွန်တော့်နာမည် တပ်ထားပေးပါတယ်။)



လမင်းလေးသို့ 

http://www.padonma.com/forums/index.php?automodule=blog&blogid=17&showentry=147 (ကျွန်တော် စက်တင်ဘာလကုန်တုန်းက blog လုပ်ခါစက တင်ပြီး နိုင်ငံရေးနဲ့ ပတ်သတ်တာပဲ တင်မယ်ဆိုပြီး ဖြုတ်ပစ်ခဲ့တဲ့ ကဗျာ။ နောက် ပြန်မတင်ဖြစ်တာက မကြိုက်တော့လို့ ။ ချွဲပစ်ပစ်နဲ့ ။ ကောင်မလေး အတွက် သီးသန့် ရေးပေးတဲ့ ကဗျာပါ။ တစ်ပိုဒ်ပဲကြိုက်တော့တယ်။တခြား မကြိုက်လို့ ဖြုတ်ပစ်ခဲ့တဲ့ ကဗျာလည်း ရှိတယ်။ စက်တင်ဘာ ဆိုတဲ့ကဗျာ။) (ဒါလည်း နာမည် တပ်မထား၊ဘယ်နေရာက ရတာလည်း မပြော တုံးတိ) (ဒါပေမယ့် သူက ကျွန်တော် ဘလော့ မလုပ်ခင်က အွန်လိုင်းသူငယ်ချင်းလို့ ထင်ပါတယ်။ ကျွန်တော် ဘလော့လုပ်တော့ ကျွန်တော့် ဘလော့လိပ်စာကို သူငယ်ချင်းတွေကို ပေးလိုက်ပါတယ်။ သူ့ နာမည်ကကိုထွဋ်ပါ။ အဲဒီ့တုန်းက တစ်ရက်ပဲ တင်တာဆိုတော့ လူတွေသိပ်မဖတ်မိတော့ သူပဲဖတ်မိပြီး ကြိုက်လို့ တင်လိုက်တာ နေမှာပါ။ သူပဲ ဖြစ်မှာပါ။ ကျွန်တော် ကွန်မန့် ရေးပြီး ကျွန်တော့် ကဗျာဖြစ်ကြောင်းပြောတော့ အင်တာနက် မသုံးတော့ဘူးနဲ့ တူပါတယ်။ ထိုင်းမှာလည်း မရှိတော့ဘူးထင်ပါတယ်။ အဲဒီ့ကာလ တုန်းက သူ ကျွန်တော့်ဘလော့ စီဗုံ့းမှာ ကိုထွဋ်နာမည်နဲ့ ပဲ လာရေးပါသေးတယ်။ အဲဒီ့ ကဗျာလိုကဗျာဖတ်ချင်ရင် သူ့ ဆီပဲသွားဖတ်ပါ။

ကျွန်တော် အထူးကျေးဇူးတင်ကြောင်းပြောချင်တာကတော့ ကျွန်တော့်ကဗျာတွေကို ဖြန့် ဝေပေးတဲ့ သူတွေကို အရမ်းကျေးဇူးတင်ပါတယ်။ ထင်မြင်ချက်လေးတွေ ရေးပေးကြပါခင်ဗျား

27 comments:

ကောင်းကင်ပြာ said...

နှလုံးသွေးနဲ့ရေးတဲ့ ကဗျာတွေ၊စာတွေ အခုလိုမျိုး ဖတ်ရတဲ့အတွက် စိတ်မကောင်းပါ၊

ကိုရင်နော်ခင်လေးငယ် said...

ကိုကောင်းကင်ကြီးရေ..

ထပ်တူခံစားရပါတယ်..

MANORHARY said...

ကိုယ်ချင်းစာပါတယ်
ဘာပြောရမှန်းလည်းမသိတော့ပါဘူး။

Anonymous said...

ဟင်....အများကြီးပဲ ပြင်ထားတာဆိုတော့ ပိုခံရ ခက်စရာ ။

Anonymous said...

ကိုကောင်း ထပ်တူထပ်မျှ ခံစားရတယ်ဗျာ..
အနုပညာကို အင်ထုလို့မရဘူးဆိုတာ...
သူတို့ မတွေးမိဘူးတဲ့လားဗျာ..

Unknown said...

ကိုကောင်း ထပ်တူထပ်မျှ ခံစားရတယ်ဗျာ..
အနုပညာကို အင်ထုလို့မရဘူးဆိုတာ...
သူတို့ မတွေးမိဘူးတဲ့လားဗျာ..

Anonymous said...

စိတ်မကောင်းဖြစ်မိပါတယ် ကိုကောင်းကင်

Unknown said...

ပြောလေ ကူးလေ ဖြစ်နေပြီထင်တယ် အစ်ကိုရေ...။

လင်းဒီပ said...

ဒီပြဿနာတွေက တဖြည်းဖြည်း တိုးတိုးလာတယ်အစ်ကို..
အင်တာနက်ဆိုတာ သုံးရတာလွယ်(လူတိုင်း အလွယ်တကူသင်လွယ်တတ်လွယ်)တော့
အနုပညာ(အသိဥာဏ်ပစ္စည်း)နဲ့ပတ်သက်ပြီး စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေကို မသိဘဲ အရမ်းတွေ လျှောက်လုပ်နေကြတယ်။
တကယ်တမ်း ကြိုးစားဖန်တီးထားရတဲ့လူတွေ အရမ်းနစ်နာတယ်...

လင်းဒီပ said...

အဆင်ပြေပါစေ အစ်ကို..

Moe Myint Tane said...

အင်းးးးးး ရင်ဘတ်တွေ အဆိပ်ခတ်ခံရတာပေါ့ဗျာ။
ဒီလိုကြားရတာ စိတ်မကောင်းဘူး။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Anonymous said...

ဝမ်းနည်းစကားကတော့ သူများတွေလည်းပြောပြီးသွားပြီ ။ အစ်ကိုကအမြင် လေး တွေထားခဲ့ပါလို့မှာလို့ ကျွန်တော် တစ်ယောက် တည်းအမြင်ကို ထားခဲ့ပါမယ် ။ အမှားပါလည်း ကျွန်တော့်အမှားပါ ။ အခုလို ပြဿနာမျိုးကတော့ ဘလောဂ့်လောကမှာ ရော အင်တာနက် ကွန်ယက် တစ်လျောက်လုံးရော ပျံ့နေဦးမှာပါပဲ စာပေလောက မှာတောင် ဖြစ်ကြသေးတာ ဆိုတော့ ။ ဘလောဂ့်က လည်း ပုံနှိပ်စာပေလောက နဲ့ ရုပ်သံမီဒီယာလောက ပြီးရင် တတိယ မီဒီယာ မဟုတ်လား အစ်ကိုရေ ။
(နောင်တစ်ခေတ်မှာ ပထမမီဒီယာနေရာတောင် ရောက်ရင် ရောက်သွားနိုင်တယ် ။ )အခု အစပိုင်း ခြေလှမ်းတွေမှာ ဒီလောက်မှားနေကြရင် ဆက်လှမ်း မယ့် ခြေလှမ်းတွေ အတွက်တော့ ရင်လေးစရာ အကောင်းသားလား ။

ကျွန်တော်တို့ဘယ်လိုဖြေရှင်းရမလဲ ။ဘယ်လိုဖြေရှင်း ကြမလဲ ။ ကျွန်တော့်စိတ်ကူးပြောကြည့်ပါမယ် ။

>>ပထမဆုံး Fwd မေးလ်ဖြန့်တဲ့သူတွေ ကို ပိုင်ရှင်စာရေးသူ ကလောင်ထည့်ဖို့ အသိပေး စာတွေ ဘလော့ဂ်မှာ ထည့်ရမယ် ။ တစ်ချို့က ကဗျာကိုပဲ ကွက်ကူးသွားတာ ဖြစ်တဲ့အတွက် (label ,comment at AM13:11 စသည်ဖြင့် မပါစေ ချင်လို့) ဖြစ်နိုင်ရင် ကဗျာတွေ စာတွေရဲ့ ခေါင်းစဉ် ဘေးမှာ (ကလောင်) ထည့်ရမယ် ။ ဒါမှမဟုတ် ကဗျာ ၊ စာ ခေါင်းစဉ်ရဲ့အောက် ကဗျာ ။ စာ ရဲ့ အစမှာ (ကလောင်) ထည့်ပေးသင့်တယ် ။ အဲလို ထည့်ပေးလိုက်တော့ ကော်ပီလုပ်တဲ့သူတွေ လည်း ရှောင်ရခက်ပါမယ် ။ (အမှန်ကတော့ သူတို့လည်း ကလောင်ကို အလေးမထားတဲ့သဘော ပါချင်မှ ပါမှာပါ ) ။ နောက်ပြီး ကျွန်တော်ကိုယ်တိုင် လည်း အစ်ကို့ ကဗျာ အပါအ၀င် ကျွန်တော်ကြိုက်တဲ့ ကဗျာဆရာတွေရဲ့ ကဗျာတွေ တွေ့ရင် ကဗျာကိုပဲ ကူးပါတယ် ။ ဒါပေမယ့် စာရွက်နဲ့ File မှာတော့ ကဗျာဆရာရဲ့ ကလောင် ကို မှတ်ထားပါတယ် ။

>> Fwd မေးလ် လက်ခံရရှိတဲ့ သူတွေကလည်း ကလောင်မပါတဲ့ ကဗျာတွေ စာတွေ လက်ခံရရှိရင် ဆက်မဖြန့်ပဲ မူရင်းကလောင်ရှင်ကို သိရင် သိသလို ထည့်ပြီး Reply ပြန်လုပ်သင့်ပါတယ် ။ မသိတော့ လည်း ပို့လိုက်တဲ့သူဆီ မူရင်းကလောင်ထည့်ပေးဖို့ လေးလေးစားစား ပြန်ပြောသင့်ပါတယ် ။

>> အစ်ကိုပြောခဲ့သလိုပဲ ရိုးသားမှုအပြည့်နဲ့ ကလောင်သိရင် သိတဲ့အတိုင်း မသိရင်လည်း Fwd ကရတဲ့ အတိုင်း ပြန်တင်တဲ့လူတွေကို လေးလေး စားစား အသိအမှတ်ပြုပေးသင့်ပါတယ် ။ ကိုယ့် ကိုယ်ပိုင်ဘလော့ဂ်မှာ သူများရေးတဲ့ ကဗျာ ၊ စာ ကိုတင်တာဟာ တော်ယုံ စာပေချစ်တဲ့ စိတ်မဟုတ် ပါဘူး ။ အကယ်၍ သူတို့ကို မရိုးသားတဲ့ လူတွေ နဲ့ပါ အုတ်ရောရောကျောက်ရောရော ပြောလိုက်မယ် ဆိုရင်တော့ သူတို့ကို စော်ကားရာရောက်သွားမှာပေါ့ နော် အစ်ကို ။

>> မရိုးသားတဲ့လူတွေ(ခေါင်းစဉ်ရိုင်းသွားရင် ခွင့် လွှတ် အစ်ကို/ကျန်တဲ့ ဖတ်မိတဲ့သူတွေကော ပေါ့) ကိုတော့ တိတိကျကျကန့်ကွက်ပေးရပါမယ်။ အစ်ကို ပြောတဲ့ ပိုစ့်မော်ဒန်ကဗျာရေးနည်း (collage) ဆိုတာကို သူတို့(အစ်ကို့ကဗျာကိုပြင်လိုက်တဲ့သူတွေ ။ သူတို့မူရင်း စိတ်ကိုမသိရလို့ ပြင်လိုက်လို့ပဲ သုံးတော့မယ် အစ်ကို ။ ဖျက်ဆီးဆိုရင် မဆိုင်ပဲ ကြားချောင် ၀င်ရိုင်းတယ် ထင်မှာစိုးလို့ :)) ရင်းနှီးမယ် လို့တော့ ကျွန်တော်မထင်ပါဘူး အစ်ကို ။ သူတို့တွေလည်း စာပေကို မချစ်တဲ့သူတွေ တော့ မဟုတ်လောက်ပါဘူး ။ ဒါပေမယ့် နင့်နင့်သီးသီး မချစ်တတ်လေတော့ ။ မလေးစားတတ်လေတော့ ခုလိုဖြစ်ကုန်တယ် ထင်တာပါပဲ ။

တစ်ချို့တစ်လေက ကိုယ်တိုင် မဖန်တီးတတ်ကြဘူး ။ သိပ်လည်း အလေးအနက်ထားပြီး မခံစားတတ်ကြဘူး ။ ဒါပေမယ့် စာပေရဲ့ သြဇာ ဘယ်လောက်ကြီး တယ်ဆိုတာကိုတော့ သိကြတယ် ။ အဲဒီတော့ သူတို့ ချစ်တဲ့ ခင်တဲ့ လူတွေကို မွေးနေ့လက်ဆောင် မျိုး ၊ ပိုးကြေးပန်းကြေး သဘောမျိုး ပေးတဲ့အခါ ယူသုံးချင် ကြတယ် ။ ယူသုံးတဲ့ ကဗျာ ၊ စာ ထဲက အကြောင်းအရာတစ်ချို့ကို ကိုယ်ပိုင်ဖြစ်အောင် ဖန်တီးလိုက်ကြတယ် ။ ငါပြင်လိုက်လို့ ဘာမှမဖြစ်လောက်ပါဘူးကွာ ဆိုပြီးတော့ပေါ့ ။ တကယ်တမ်း ကိုယ်ပိုင် မဖန်းတီးရ လေတော့ ခပ်ပေါ့ပေါ့ တွေးမိတာပေါ့ ။ သူများ ကဗျာ စာ နဲ့ ၀င်ကစွပ်လုပ်ပြီး Hero ဖြစ်ချင်ကြတယ် ။

တစ်ခါက ကျွန်တော်လည်း အွန်လိုင်း စာမျက်နှာ တစ်ခုမှ ဖတ်လိုက်ရပါတယ် ။ မူရင်းကဗျာဆရာ ကို တော့ ကျွန်တော်မေ့နေ့တာ ဆောရီးအစ်ကို ။ အစ်ကို ဖတ်ဖူးမှာပါ<၉၈အချစ်ကဗျာ-အချစ်ကဗျာ ၉၈> ထဲကလို့ထင်ပါတယ် `ကျေးဇူးစာရင်း´ ဆိုတဲ့ကဗျာပါ ။
အာဒမ်ရဲ့နံရိုးတစ်ချောင်းကို ကျေးဇူးတင်ပါတယ်
အဲဒီစိတ်ကူးရတဲ့ ဘုရားသခင်ကိုလည်း ကျေးဇူးတင်ပါတယ် ။
လို့အစချီတဲ့ကဗျာ(အစ်ကိုသေချာပေါက်ဖတ်ဖူးပါတယ်)
မူရင်း ကဗျာမှာတော့ ကဗျာအဆုံးစာကြောင်းက
(မမတင့်တင့်ဦး ကိုလည်းကျေးဇူးတင်ပါတယ်) ဆိုတာပေါ့ ။ (သိပြီးသားကို ဆရာလုပ်တယ် တော့ မထင်နဲ့နော် အစ်ကို :D)
အဲဒါကို အွန်လိုင်းစာမျက်နှာမှာ တင်တဲ့သူက
`ခဏ ခဏစိတ်ကောက်တတ်တဲ့ ကျွန်တော့်ကောင်မလေးကို ကျေးဇူးတင်ပါတယ်´ လို့ပြင်ပြီးတင်သွားပါတယ် ။ နောက်ပြီး ရေးသူနေရာ မှာ သူ့နာမည်နဲ့ (နာမည်မမှတ်မိ)နဲ့တင်သွားတယ် ။
အဲဒီတော့ အစ်ကိုရေ.. ခုလို ၀င်ကစွပ်လုပ်တဲ့သူ တွေကိုတော့ တိတိကျကျ တားဆီးသင့်ပါတယ် (ပြင်းပြင်းထန်ထန် တားဆီးတာတော့ မကောင်းဘူး ပေါ့ နော်အစ်ကို)

>> အွန်လိုင်းစာမျက်နှာတွေ လိုက်ဖတ်မိတဲ့သူတွေ ကလည်း ကိုယ်ဖတ်ဖူးတဲ့ ကဗျာ ၊စာကို ကလောင် မပါပဲ တစ်ဆင့် ၀င်ကစွပ်လုပ်ပြီး ပြန်တင် ထားတာ မျိုးတွေ့ခဲ့ရင် ။ မူရင်း ကလောင်ရှင်ကို အမြန်ဆုံး အသိပေးစေချင်ပါတယ် ။ နောက်ပြီး ပြန်သုံးတဲ့သူ ကိုလည်း ထောက်ပြပေးခဲ့စေချင်ပါတယ် ။ ရိုးရိုးသားသား ရင်းရင်းနှီးနှီးပေါ့ ။ ခပ်ရိုင်းရိုင်း ဒေါင်းတင်းမောင်းတင်း သွားပြောရင်တော့ ၊ သေချာပါတယ် ၊ Ban လိုက်မှာ :D

စာလည်းအတော်ရှည်သွားပြီ အစ်ကိုရေ .. အမှားပါခဲ့ရင်လည်းခွင့်လွှတ်ပြီး ဖတ်ပေးပါအစ်ကို ။ အစ်ကိုက အမြင်လေးတွေပြောပြပေးကြပါလို့ အော်နေတာကို ၀မ်းနည်းပါတယ်ဆိုပြီး ပြောယုံနဲ့ အားမရလို့ ထိုင်ရေးနေတာ ။ အချိန်တော့ တော်တော်ကုန်သွားပြီ (ဒါပေမယ့် တန်ပါတယ် :)) ။ ဒီနေ့တော့ အင်တာနက်ကောင်းကောင်း သုံးချိန်မရတော့ အစ်ကို အင်တာနက်ဖိုး လာပေးလှည့် :P ။ အဆင်ပြေပျော်ရွှင် ချမ်းမြေ့ပါစေ အစ်ကို ။ လေးစားလျှက်

U.G.C

မဆုမွန် said...

သူငယ်ချင်းရေ
ဘာပြောရမှန်းတောင် မသိတော့ပါဘူးဟာ..

ငါ ဘလော့စလုပ်ခါစက ဟာသလေးတွေ ဖော်ဝပ်က ရလို့ လူတွေ ရယ်စရာဖြစ်အောင် တင်ဖူးတယ် lebelမှာလည်း ငါဖော်ဝပ်မေးလ်က ရပါတယ်လို့ ရေးထားပြီးသားကို အဲ့တာဟယ် ကာယကံရှင် မဟုတ်တဲ့သူတွေက လာလာပြီး ဆီဘောက်စ်က ဆဲလိုက် ကော်မန့်က လာဆဲလိုက်နဲ့ ပတ်ဆဲနေတာနဲ့ ငါလဲ သိပ်မရင့်ကျက်တော့ ငါဖော်ဝပ်က ရကြောင်း မေးလ် အစဉ်လိုက်ကြီးတွေ ချပြ လိုက် တယ်...ကိုရင်သင်ကာက လာတားတယ်လေ ဟဲ့ အဲ့လို မလုပ်နဲ့လေတဲ့ နောက် ငါ ဘယ်တော့မှ ငါကိုယ်တိုင် ကိုယ်ပိုင် မဟုတ်တာကို မတင်ဘူးလို့ ဆုံးဖြတ် လိုက်တယ် ငါနောက်မှသိရတဲ့ အဲ့ ဟာသ ဘာသာပြန်ရေးတဲ့ အဲ့ဒီ့ ဘလော့ပိုင်ရှင်ဆို ငါအခုထက်ထိ နေ့တိုင်းသွား သွားဖတ်နေတုန်း ရသဆန်တဲ့ ဘလော့တွေဆို ငါအကုန်လည်တယ် ဟ ငါက စာကို သိပ်မြတ်နိုးတာကိုး

နင့်ကဗျာလေးတွေလဲ ငါသိပ်ကြိုက်တယ် သူများဟာ မတင်ဘူး ဆုံးဖြတ်တဲ့ကြားက ငါသိပ်ကြိုက်လွန်းလို့ နင့်ကဗျာလေးတစ်ပုဒ် တင်တယ် နင့်ကို မေးလ်ကရော ဆီဘောက်စ်ကရော ခွင့်တောင်းပြီးတော့ပေါ့ (တော်သေးတယ် နင့်တရားခံစာရင်းမှာ ငါမပါတာ :)) ဘာပဲဖြစ်ဖြစ် သူငယ်ချင်းရေ.ငါတို့ တစ်ခုခုတော့ လုပ်သင့်ပြီ ထင်တယ်ဟာ စည်းလေးတစ်ခုတော့ တားသင့်ပြီထင်တယ်နော်
မနေ့ကလဲ ဖော်ဝပ်မေးလ်ကနေ ငါရေးထားတဲ့ ပို့စ်လေး တစ်ခု တစ်တူတူ ပလုံပလုံ ဂျီတော့ အရူပ်ထုတ်များ ဆိုတဲ့ ပို့စ်လေး ငါ့ဆီ ပြန်ရောက်လာတယ် ငါက အံ့သြနေတုန်းရှိသေးတယ် ငါ့ကို ဆီဘောက်စ်ကနေ သူက လာခွင့်တောင်းတယ် သိလား ငါပျော်လိုက်တာလေ..

အခု နင့်ကဗျာကို စကားပြေလုပ်ထားပြီး နင်ကာရန်ကို ဖျက်လိုက်တော့ နင်ပြောတဲ့ နင့်ကလေးလေးတွေ ပုံဖျက်ခံလိုက်ရလို့ နင်ဘယ်လောက်ခံစားရမယ်ဆိုတာ သိပါတယ် သူငယ်ချင်းရေ..သူတို့ဆီက အပြုသဘောဆောင်တဲ့ တုံ့ပြန်မူတစ်ခု နင်ပြန်ရပါစေလို့ ငါဆုတောင်းပါတယ်

Anonymous said...

တင်လိုက်ပြီး ဆိုကတနည်းက စွန်းလွတ်လိုက်ပြီလိုသာ သဘောထားလိုက်ပါ။ ကိုယ်မွေးလိုက်တဲ့ ကဗျာတွေ လေထဲ ပက်လက်မျောနေတယ်ဆိုရင်တော့ ရင်နာရတာပေါ့လေ ဒါပေမယ့် ကုန်းတစ်ဝှက် ရေအဆုံးဆိုတော့ လေမှာ အကုန်ပိုင်သေးသလားမသိဘူး ။ ကဗျာတိုင်းကို ဆေးတံဆိပ်ရိုက်ပေးလိုက်ပါ ။ ကျမတို့တော့ ကောင်းကင်ကဗျာဆိုရင် ဖတ်တာနဲကိုသိတယ် ။ အကုန်ဖတ်ဖြစ်တာကို...

Eduking said...

ပြိုင်တူတွန်းရင်တော့ ရွေ့မှာပါ အစ်ကိုရေ.. ကျွန်တော်တော့ အခုတတ်နိုင်သလောက် ဖိုရမ်တို့၊ network တစ်ချို့မှာ.. တော့ပစ်တွေထောင်ပြီး report သဘောမျိုးလေးနဲ့ update လုပ်သွားရင် ကောင်းမလားလို့ စဉ်းစားမိတယ်.. ပညာပေးပွဲလေးတွေ ကွင်းဆင်းလုပ်နိုင်ရင်တော့ သိပ်ကောင်းမယ်.. အထူးသဖြင့် အင်တာနက်အသုံးပြုခါစသူတွေ အတွက်ပေါ့.. အခုနောက်ပိုင်း Ning networkတွေမှာတော့ အများဆုံးတွေ့ရတာပဲ.. မနိုင်းနိုင်းစာတွေဆို မမြင်ချင်မှ အဆုံး.. ပြည်တွင်းမှာက ခိုးကူးခွေ၊ ဒီမှာတော့ ခိုးကူးပိုစ့်ပေါ့..

pandora said...

ကောင်းကင်ကိုရေ ပြောထားတာတွေ အတော်များများ သဘောတူပါတယ်။
မှတ်ချက်ရေးရမှာ ရှည်နေတာနဲ့ ပို့စ်အသစ်ပဲ ရေးလိုက်ပါတယ်

http://pandora-and-pandora.blogspot.com/2009/02/blog-post_6877.html

eveningstar said...

ကျွန်တော်ဖြစ်ဖူးတာလေးတော့ ပြောပြချင်တယ်ဗျာ။ ကျွန်တော်က ကဗျာတွေ ကြိုက်တဲ့သူဆိုတော့ သူများကဗျာတွေ လိုက်လိုက်ဖတ်တယ်။ ပြီးတော့ ကြိုက်တဲ့ကဗျာလေးတွေက ကျွန်တော့်စိတ်ထဲမှာ စွဲသွားတက်တယ်ဗျ။ နောက်မှ ကိုယ်ကဗျာရေးတဲ့ အခါ အဲဒီအကြောင်းတွေက ပါလာရော။ အဲဒီတော့ ကိုယ်ရေးတဲ့ ကဗျာတွေမှာ သူများဟာတွေများ ပါသွားမလားဆိုပြီး၊ မတင်ရဲတာတွေလည်းရှိတယ်ဗျ။ တစ်ခါတစ်လေလည်း ကိုယ်က သတိမထားမိဘဲ သူများအဖွဲ့အနွဲ့တွေလည်း ပါသွားတက်တယ်ဗျာ။ သူတို့ရဲ့ ကဗျာတွေ လွှမ်းမိုးတာ ခံရတယ်လို့ပြောရင်ရမလားမသိဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အဖြစ်ကို ပြောပြကြည့်တာပါ။ အဖြေဝိုင်းမရှာပေးဘဲ နောက်ထပ် ပြသနာ ထပ်ရှာသလိုများဖြစ်သွားမလားပဲ။

သစ်နက်ဆူး said...

ကိုကောင်း
စိတ်မကောင်းဘူးဗျာ...
ရင်နဲ့ ရေးတတ်တဲ့ ကိုကောင်းရဲ့ အနုပညာတွေကို
ဒီလိုလုပ်ကြတယ်ဆိုတာ တော်တော်ဆိုးတယ်..။
ဘယ်လိုဘဲ ခိုးခိုး သူတို့ ဘလော့ဂ်လောကမှာ...
အရှက် စာမျက်နှာနဲ့ ဘဲ နေရမှာပါ...။
ဗိုလ်ချုပ်အောင်ဆန်းသာ အသက်ရှင်ရက်ရှိသေးရင် ပြောဦးမှာ....
ဒီမိုကရေစီမပြောနဲ့ ...
မြန်မာပြည်သားတွေ အလကားရတဲ့ ဘလော့ဂ်နဲ့ တောင် လူတိုင်းမတန်ဘူး....လို့ ။
ဆက်ရေးပါ ကိုကောင်းရေ...
ကောင်းကင်ကိုက...ကောင်းကင်ကိုပါ..။
သူခိုးက သူခိုးပါ။

Kaung Kin Ko said...

ညီလေး evening star ရေ။ အဲဒီ့လူလုပ်ထားတာ အစ်ကို့ ကဗျာနှစ်ပုဒ်လုံးထဲက တစ်လုံးမကျန်။ (အကြောင်းနှစ်ဆယ်ကျော်တယ်။ သူရေးတာက တစ်ကြောင်းတည်။ အဲဒါ မတော်တဆ ဖြစ်နိုင်ပါ့မလားညီရာ။ ပြီးတော့ အစ်ကို့ ကဗျာနှစ်ပုဒ်ကို အဆက်အစပ်မရှိ ရောမွှေပစ်သေးတယ်။ အစ်ကို ပြသနာ ရှာတာမဟုတ်ပါဘူးညီရာ။ သူတမင်လုပ်ထားတာက အထင်အရှားကြီးပါ။ ညီလေး ကဗျာနှစ်ပုဒ်နဲ့ သူ့ ဟာကို သေချာဖတ်ကြည့်ပါ။ အရင်ပို့ စ်က အစ်ကို့ ကဗျာ ခိုးတဲ့လူလည်း အတူတူပဲ။ အစ်ကိုက အစ်ကို့ နာမည် မပါရင်တောင် (သူတို့ နာမည်မတပ်ထားရင်) လက်ခံတဲ့ကောင်ပါ။

ဆောင်းယွန်းလ said...

လာဖတ်သွားပါတယ်ညီလေးရေ..
ဆွေးနွေးထားတာတွေလည်း အများကြီးဆိုတော့ ဘာမှ
မဆွေးနွေးတော့ပါဘူး...
ဒီလိုအဖြစ်မျိုးတွေက နောင်ကိုလည်း အနည်းနဲ့အများဆို
သလို ရှိနေဦးမှာပါပဲ..
အယဉ်ကျေးဆုံးပြောရရင်တော့ စာပေအပေါ်တန်ဖိုးထားရကောင်းမှန်းမသိ တန်ဖိုးမသိတဲ့လူတွေကြောင့်ပဲ ဒီလိုကိစ္စမျိုးတွေ ဖြစ်နေရတာပေါ့လေ..အရိုင်းဆုံးပြောရရင်တော့ စာသူခိုး
ကဗျာသူခိုးလို့ပဲပြောရမှာပေါ့...ဒီထက်ပိုပြီး ရိုင်းရိုင်းလည်း မပြောချင်တော့ပါဘူးကွာ...

အဆင်ပြေပါစေညီရေ့

Pinkgold said...

အင်း....

အွန်လိုင်းမှာက အလကားရနေတယ်ဆိုပြီး ကူးယူဖော်ပြနေတဲ့ ဂျာနယ်တွေ မဂ္ဂဇင်းတွေတောင် ရှိခဲ့ဖူးတယ် ဆိုတော့ အွန်လိုင်းမှာ ကျင်လည်နေကြတဲ့ သူကောင်းသားလေးတွေလည်း စည်းကမ်းတွေ မရှိကြပါလား။

အကိုရေ.. ကဗျာတွေကို ဒီအတိုင်းမရေးပဲ PhotoShop မှာရိုက် JPEG ပုံစံမျိုးနဲ့ ပုံတင်သလို တင်လို့သာ ပြောလိုက်ချင်တော့တယ်။

Anonymous said...

တော်တော်စောက်ကြီးစောက်ကျယ်နိုင်ကြပါလား..
အင်တာနက်ခေတ်..အွန်လိုင်းခေတ်ဆိုတာ..
ဗျုံးဒိုင်းပေါ်တယ်များထင်နေလား..
မင်းတို့ရေးတာကိုမင်းတို့နာမည်မတတ်တော့ မကြိုက်ချင်ဘူး..
မင်းတို့မရေးဘဲမင်းတို့နာမည်တွေတတ်ပေးနေရင်ကော..
မကြိုက်ဘူးဘဲပြောမှာပါ..
ပိတ်နေပြီ..စိတ်ကူးတွေ..
ပင်လယ်ထဲရောက်နေမှရေကူးလာသင်နေကြတယ်..
အစောကြီးထဲက ဆင်းမလာနဲ့လေ..
ရွှာကရေကန်လေးလဲကောင်းပါတယ်..
ငါဘဲရေးရေး..မင်းဘဲရေးရေး အားလုံးအတွက် အများတွက်ဆိုတဲ့ စေတနာပါရင်ဘာငြင်းနေစရာ ရှင်းနေစရာလိုလဲ
မင်းတို့ရေးတာ ဘယ်သူမှမကူးစေချင်ရင် ရေးပြီးသားတွေကို ရင်ထဲမှာဘဲထားလေ..
ဖွင့်လဲပြချင်သေးတယ်..ငါငိုနေတာသိလား ဆိုပြီး အော်ကြီးဟစ်ကျယ် ရပ်ကွက်တကာ ကြားအောင်အော်တာ ကလေးတွေအလုပ်ပါ
မင်းတို့ဖန်တီးထားတာ မင်းတို့သားသမီးတွေ ဆိုတာတော့ကြိုက်သကွာ..
စောင့်ကြည့်သေးတာပေါ့..
ဘယ်တော့သူများလက်ထဲထိုးချမလဲဆိုတာ..
ကော်ပီ ရိုက်လို့အော်နေရအောင် သူများတွေေ၇းထားတဲ့ ကော်ပီရိုက်အကြောင်းတွေတောင် စုံအောင်ဖတ်ပြီးလို့လား
မတောက်တခေါက်တော့သွားမလုပ်လေနဲ့ ငါ့မောင်..
သူများယောင်လို့လိုက်ယောင်တယ် အမောင်တောင်မှန်းမြောက်မှန်းမသိဖြစ်နေမယ်
မင်းတို့စာတွေကို အလကားရလို့ကူးတာပေါ့ဟ..
ပိုက်ဆံပေးရရင် ဒီလိုစာတွေဘယ်ယူမလဲကွ..ပေးရတာချင်းတူ ကောင်းတာတွေဘဲ ပေးဝယ်မှာပေါ့..
မယုံရင်မင်းစာတွေ စာအုပ်ထုတ်ကြည့်လေ
သေချာတယ် မင်းမိသားစုထဲကတောင် လူအကုန်ဝယ်အားပေးမှာမဟုတ်ဘူး..
သိပ်မာန်မတတ်နေနဲ့အုံး..
အွန်းလိုင်းဆိုတာ မင်းတို့မမွေးခင်ကတည်းကပေါ်နေတာ..
ပေးချင်တာတေါပေးနိုင်ဖို့..လိုချင်တာတွေရနိုင်ဖို့ ထူထောင်ထားတာ..
မင်းဟာတွေကလည်းလောကကောင်းကျိုးတခုခုဖြစ်ရင်တော့
ဝိုင်းပြီးအားပေးမှာဘဲ..ဒါမှအခုလိုမင်းကြီးကြီးကျယ်ကျယ်ပြောနိုင်တာ
ခုဟာက မင်းက ဘာကောင်မှန်းတောင်သူတို့ကသိမှာမဟုတ်ဘူး
မင်းရေးတာက သူတို့ရဲ့ စိတ်နဲ့တခုခုတိုက်ဆိုင်နေလို့ယူတာနေမှာပါ
ပြင်တယ်ဆိုတာလဲ မင်းတို့ခံစားတာနဲ့ သူတို့ခံစားတာကွာတဲ့နေရာတော့ပြင်မှာပေါ့
ဆိုးသွမ်းနေတဲ့ကလေးကိုတော့ စေတနာကောင်းတဲ့ဆရာကပြုပြင်မှာဘဲ
မိဘကတော့ကို့ကလေးကို ဘယ်သိမှာလဲ
လောကထဲမှာကောင်းစေဖို့ ဆရာတွေမှာ တာဝန်ရှိတယ်
ကို့ကလေးကို ပြုပြင်တာမကြိုက်ရင် အစောထဲကကျောင်းမအပ်နဲ့ပေါ့
သဘောပေါက်ပါတယ်နော်
ကျောင်းလဲအပ်သေးတယ် ငါကလေးအရိုက်ခံရတယ်ဆိုတော့စိတ်ဆိုးချင်တဲ့မိဘဟာ
ကလေးကို သတ်နေတာ
နားရွက်ကိုက်ခံရမယ်
နာမည်ကျော်အနုပညာရှင်တွေနဲ့များ မင်းတို့က တတန်းထဲ မိတ္တူပေးခံချင်နေတယ်
မင်းတို့စိတ်မင်းတို့ပြန်ငုံ့ကြည့်အုံး
ဘယ်ဟာတွေရှက်ရမယ်ဆိုတာ..
သူတို့ဘာတွေ ဘယ်လိုပေးဆပ်ခဲ့တယ် ဘယ်လိုနေထိုင်ကျင့်ကြံသွားတယ်ဆိုတာတွေလေ
မင်းတို့ဆီကိုဝင်ကြည့်နေကြတာ မင်းတို့အချင်းချင်းတွေပါကွာ..
ကူးတာလဲ ဘလောက်သိန်းချီတဲ့ အထဲကမှ လေးငါးဦးပါ..
ဒါလေးတောင်စာဖွဲ့ချင်နေရင် မင်းတို့များမတော်လို့ အများအတွက်ကိုယ်ကျိုးစွန့်ခဲ့ရရင် တို့တော့မတွေးဝံ့ဘူး
ရှိသမျှနေရာအစုံမှာ ရသမျှရေးနေမှာတော့သေချာတယ်
စိတ်ကြီးမ၀င်နဲ့ ကလေးတို့ရယ်..
မင်းတို့ရောက်နေတာ ပင်လယ်မဟုတ်သေးဘူး..
ရွာထိပ်ကရေအိုင်လေးဘဲရှိသေးတယ်
မမောက်မာကြနဲ့ ရေဆိုတာကူးတတ်လဲသေတတ်တာဘဲ..
တို့စေတနာတွေကို မင်းတို့နားလည်လာတဲ့နေမှာ အနုပညာဖြင့်ကမ္ဘာကြီးကို ငြိမ်းချမ်းစေအံ့ ဆိုတဲ့နေရာမှာ တို့တွေဆုံကြမယ်
အရေမရအဖတ်မရတွေနဲ့ လိုင်းလွဲနေရင် မင်းမြေးတွေက ကျော်တတ်တော့မယ်
ဒါကိုအားလုံးသိအောင်ဖြန့်မှာလား..
မင်းဘယ်လုပ်မှာလဲ..
ဒါပေမဲ့ လူတွေက သိနေကြပါပြီ..
အမြင်ကျယ်တဲ့လောကကြီးကို ဘောင်လာခတ်ရင် လောကကြီးက ဘောင်ပြန်ခတ်ပေးတတ်တယ်
ကိုယ်တွေ့တွေနော်........

Htoo Myat said...

ကျနော့် ဒီ comment အပေါ်လေးမှာ အမည်မသိလို့ တပ်ထားတဲ့ အကူးသိပ်ခံချင်သူ တစ်ဦးကလည်း ရှိနေသေးတယ်။ နာမည်လေးသာ ဖော်ပေးရင် ခများကဗျာလေးတွေ ကူးပြီး ဘလော့ဂ်လေး တစ်ခု လုပ်ပြီး တင်ပေးထားမှာပါ။ ဘလော့ဂ်က အလကား ရတော့ အပန်းမကြီးပါဘူး။

ကိုယ့်ဖန်တီးမှုကို သူများက ကူးယူပြီး သူ့ဖန်တီးမှု အဖြစ်နဲ့ နာမည်ကောင်း ယူချင်တာကို လက်ခံနိုင်တဲ့ ဖန်တီးသူဟာ ကိုယ့်ဖန်တီးမှုကို ကိုယ် တန်ဖိုးမထားသူ (သို့မဟုတ်)... ကိုယ့်ဖန်တီးမှုဟာ ညံ့ဖျင်း၊ စုတ်ပြတ်သတ် နေပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် သိတဲ့ သာမန် ၀ါသနာရှင်များကလွဲလို့ တခြား ရှိမယ်လို့တော့ မယူဆမိဘူး။

ကျနော့်အမြင်အရ ပြောချင်တာကတော့...
ကျနော် အရင်ကဆို အဲလို လူတစ်သန်းလောက်ကို တန်းစီပြီး ပို့တဲ့ မေးလ်တွေဆို ဘယ်တော့မှ ဖွင့်မကြည့်ပါဘူး။ လေးလေးစားစား ဖတ်စေချင်တာ မဟုတ်ပဲ ရှိသမျှလူ အကုန်ဆွဲထည့်ပြီး ပို့တာ သံပုရာသီး ဖြစ်လွန်းလို့ပါ။

ဒါပေမဲ့ ခုချိန်ကစပြီး ကျနော်လည်း သူတို့ တစ်ခုခု ဝေငှထားတာ ရှိရင် နာမည်လေး မေ့ခဲ့ကြသည် ရှိသော် နာမည်ရှာပြီး တပ်ဖို့ ကျနော် စာပြန်ပို့ဖို့ ကြိုးစားကြည့်မယ်။

အဲလို မေးလ်တွေဟာလည်း အဲလောက် ပြန့်တာ လွယ်တဲ့အတွက် သိပ်ဆိုးရွားပါတယ်။

အဲလို ကိုယ်ရေးသလိုလိုနဲ့ မရိုးမသား လုပ်တဲ့ လူတွေအတွက်တော့ ရေမကူးတတ်ပဲ ရေကူး ချံပီယံလို့ လျှောက်ကြွားမိလို့ တကယ်နစ်တော့ ကယ်မဲ့လူမရှိပဲ ရေနစ်သေရတယ်ဆိုတဲ့ လူမျိုးတွေပဲ ဖြစ်မှာပဲ။ သတိတော့ ထားပေါ့ လို့ပဲ ပြောချင်ပါတယ်။

Anonymous said...

မောင်မင်းကြီးသားကောင်ကင်ကြီးရေ

ကြွေးရှင်တွေဟ ကြွေးရှင်တွေ...

ုkkkkb said...

မြန်မာပြည်မှာယာဉ်ကျေးမှုတွေမရှိတော့၊မသိတော့တဲ့
လူတွေရဲ့ ရောဂါတွေ ဒီကိုကူးစက်ပြန့် ပွားနေပါတယ်။
ကဗျာတွေတောင်မကဘူး ရတာကိုအကုန်လုံးခိုးမယ်ဆို
တဲ့အကျင့် စရိုက်တွေအရိုးစွဲနေကြပြီ၊သူတို့ တွေရဲ့ အ
ကျင့်စရိုက်တွေဟာသူတို့ တွေရဲ့ ရေးတဲ့စာပေတွေပေါ်မှာ
ထင်ဟပ်နေပါလိမ့်မယ်၊အခိုးခံရတဲ့လူအတွက်ကိုယ်ချင်း
စာမိပါတယ်။ကကကအတွက်အမြဲတမ်းအားပေးနေပါ
တယ်၊ကျန်းမာရေးလဲဂရုစိုက်ပါ၊ကဗျာတွေပိပြီးလေတိုက်ရင် လဲတော့မယ်

Unknown said...

စိတ်မကောင်းဖြစ်မိပါတယ်ဗျာ၊ကျန်းမာရေဂရုစိုက်ပါ၊လူကလေတိုက်ရင်လဲတော့မယ်။ကဗျာတွေပိနေပြီ၊ကိုယ့်ကို
သင်္ခန်းစာပေးတဲ့လူတွေကိုကျေးဇူးတင်လိုက်ပါ။သိတ်ပေါ့သွားလိမ့်မယ်...နော်......ကကကကကကကကကွိကွိကွ

Unknown said...

မြန်မာပြည်မှာယာဉ်ကျေးမှုတွေမရှိတော့၊မသိတော့တဲ့
လူတွေရဲ့ ရောဂါတွေ ဒီကိုကူးစက်ပြန့် ပွားနေပါတယ်။
ကဗျာတွေတောင်မကဘူး ရတာကိုအကုန်လုံးခိုးမယ်ဆို
တဲ့အကျင့် စရိုက်တွေအရိုးစွဲနေကြပြီ၊သူတို့ တွေရဲ့ အ
ကျင့်စရိုက်တွေဟာသူတို့ တွေရဲ့ ရေးတဲ့စာပေတွေပေါ်မှာ
ထင်ဟပ်နေပါလိမ့်မယ်၊အခိုးခံရတဲ့လူအတွက်ကိုယ်ချင်း
စာမိပါတယ်။ကကကအတွက်အမြဲတမ်းအားပေးနေပါ
တယ်၊ကျန်းမာရေးလဲဂရုစိုက်ပါ၊ကဗျာတွေပိပြီးလေတိုက်ရင် လဲတော့မယ်