Saturday, January 17, 2009

မိဘမကောင်း သားသမီးခေါင်း

ကဗျာ အဟောင်းလေးပါ။ ကျွန်တော့် အစ်ကိုလို ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က မိဘဆရာကန်တော့ပွဲမှာ မိဘနေရာကနေ စကားပြောရမှာကို ဒီကဗျာ ထရွတ်လို့  ကျွန်တော် မျက်နှာပူခဲ့ရစေခဲ့တဲ့ ကဗျာလေးပေါ့။

မိဘမကောင်း သားသမီးခေါင်း


အစဉ်အလာကို ဆန့် ကျင်ချင်လို့ မဟုတ်ဘူး။
တမင်တကာ စတန့် ထွင်ချင်လို့ မဟုတ်ဘူး။
ဝမ်းဗိုက်ဟောင်းလောင်းနဲ့ 
အစာတောင်းနေရတဲ့ ခေတ်က
စကားပုံ အသစ်ကို သက်သေပြလိုက်ပြီ။

သားသမီးတွေ မကောင်းတဲ့အခါ မိဘတွေ နာမည်ပျက်တယ်၊
မိဘတွေမကောင်းတဲ့အခါမှာတော့ သားသမီးတွေ အားလုံး ဘဝပါပျက်တယ်

အတ္တနဲ့ တစ်ဘက်ချို့နေတဲ့ မျက်လုံး
မကြားချင်ယောင်ဆောင်ထားတဲ့နား
ဥာဏ်နီဥာဏ်နက်တွေ ထည့်ထားတဲ့ ဦးနှောက်
ဒုက္ခရောက်သူတွေအချင်းချင်း ချနင်းချင်တဲ့ခြေထောက်
လောဘနဲ့ ထွင်းထားတဲ့ပေတံ
တဆတ်ဆတ်တုန်နေတဲ့ဒူး
လည်စင်းခံဖို့ ဆို အမြဲ အဆင်သင့်ဖြစ်နေတတ်တဲ့ သတ္တိ
အဲဒါတွေဟာ ငါတို့ ရရှိခဲ့တဲ့ အမွေအနှစ်တွေပေါ့။

ခင်ဗျားတို့ က ကိုယ့်ထမင်းအိုးလေးကို သေနတ်ရှပ်မှန်မှာ အရမ်းကြောက်တယ်။
ခင်ဗျားတို့ က ပုဆိန်နဲ့ ပေါက်ရမယ့် အချိန်မှာတောင် အပ်နဲ့ မထွင်းရဲခဲ့ကြဘူး။
ခင်ဗျားတို့ က ရင်သွေးတွေ ကျခဲ့တဲ့ သွေးတွေနဲ့ ခေတ်အဆက်ဆက် ဆက်ကြေးပေးတယ်။
ခင်ဗျားတို့ က အသက်တစ်ရက်ပိုကြီးတယ်ဆိုတဲ့ သံလျက်နဲ့  ကျွန်တော်တို့ လက်ညှိုးတွေကို ဖြတ်တယ်။

ရန်သူက ရက်ရက်စက်စက် ပစ်နေချိန်မှာ
ခင်ဗျားတို့ က တစ်…နေရာယူ၊ နှစ်…နေရာယူ၊ သုံး ….နေရာယူ၊ လေး…နေရာယ၊ူ ငါး….နေရာလု

ဒီလိုနဲ့ 
ရှေ့ ကတွေ့ ရတဲ့ ခြေရာတွေအတိုင်း မကျေမနပ်လိုက်အလျှောက်မှာ
ကိုယ့်လိပ်ပြာက ကိုယ့်ကိုပြန်ခြောက်လာတယ်။

နောက်မျိုးဆက်တွေ အပင်ပေါက်လာတဲ့အခါ
သူတို့ လက်ညှိုးတွေ ရင်ကို ဖောက်လာ ဦးမှာလား။
ခုတော့
လျှာပေါ်မှာ မြက်ကလေးတစ်ပင်ပေါက်ဖို့ အရေးတောင်
မိုးခါးရေတွေ အလုအယက်သောက်နေရပြီ။

အတွင်းအဇ္ဈတ္တထဲ အထိ လှိုက်စားသွားခဲ့တဲ့ အမွေတွေကို
ခုချိန်မှာ ပြန်အန်ထုတ် ပါရစေတော့။
ခင်ဗျားတို့ ပေးခဲ့တဲ့ ဆင်ခြေအဆိပ်တွေနဲ့ 
ငရဲဘုံပေါ်မှာ ဆက်မအိပ်ချင်တော့ဘူး။

သြော်…
ဝမ်းဗိုက်ဟောင်းလောင်းနဲ့ 
အစာတောင်းနေရတဲ့ ခေတ်ကတော့
စကားပုံ အသစ်ကို သက်သေပြလိုက်ပြီ။


ကောင်းကင်ကို

(ပုံက အေပီ ကနေ ယူထားတာပါ။)

21 comments:

အောင်သာငယ် said...

ညီရေ့ အကိုတို့ကရော ဘာပြောပြနိုင်ဦးတော့မည်နည်း... ၀မ်းနည်းတယ်... ဒါပဲ ပြောတတ်တော့တယ်...

ကောင်းကင်ကို said...

အတူတူပါပဲ အစ်ကိုရာ။ ကျွန်တော်တို့ လည်း ကျောင်းသား ဘ၀ကို ဖြတ်ခဲ့ပြီး တာဝန်မကျေခဲ့တော့ အခုလူငယ်ကျောင်းသားလေးတွေ ကျွန်တော်တို့ ကို လက်ညှိုးထိုးပြရင် ၀မ်းနည်းပြီးလက်ပိုက်ကြည့်နေရုံပဲ တတ်နိုင်တော့တယ်ဗျာ။ အစ်ကိုကမှ လုပ်ခဲ့သူဆိုတော့ တစ်ဦးချင်း အနေနဲ့ ဖြေသာသေးတယ်ဗျ။

MyowinZaw said...

ဖြစ်နိုင်ရင် နောင်မျိုးဆက်အတွက် အမွေဆိုးတွေ မခံစားစေခြင်တော့ဘူးဗျာ ကဗျာ အရမ်းကောင်းတယ်

မိုးသား said...

အရမ်းကောင်းတဲ့ ကဗျာပါအစ်ကိုရေ..
ထုံးစံအတိုင်းယူထားလိုက်ပြီ..
အစ်ကိုကျန်းမာပါစေ..
အင်း..အစ်ကို ဘာဆုရလဲ ပြောရဦးမယ်နော်
အမေတွေရဲ့ အထုပ၌တ္တိ ဒေါင်းလုပ်လို့မရဘူး
အစ်ဆို့ဆီမှာ ရှိရင် pdf ပို့ပေးပါလားအစ်ကကို...
ကျေးဇူးပါ
ပျော်ရွှင်ပါစေ..

မိုးသား said...

အစ်ကိုရေ..
ကျွန်တော့်ရဲ့ အိမ်သာကျင်းကို လာကြည့်ပေးဥိးဗျ..

မောင်မျိုး said...

အမှန်တရားတွေမှန်းသိတယ် နောင်မျိုးဆက်တွေ အတွက်လည်း ရင်လေးမိတယ် သို့သော်.. အုတ်နံရံကို ဘဲဥနဲ့ပေါက်ကြရလွန်းလို့ ကွဲခဲ့ရတဲ့ အလုံးပေါင်းလည်း မနည်းခဲ့တော့ဘူး ကျနော်လည်း အကွဲမခံရဲတဲ့ ငကြောက်ဘဲဥလေးပေါ့း) ကဗျာကောင်းလေး အတွက် ကျေးဇူးပါ ကိုကောင်းကင် ။

tututha said...

tutu: ဒီလောက်ကောင်းပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ ကဗျာအတွက် ရှင်းလင်းချက်မလိုပါဘူး မောင်လေးရာ ... ဘာကိုပြောချင်တယ်ဆိုတာ ရှင်းလွန်းလို့ ဒီကဗျာဖတ်ပြီးမွန်းကြပ်မိပါရဲ့ ... တစ်နေရာယူ ......... ငါးနေရာလု ဆိုတဲ့အကြောင်းလေးကို အကြိုက်ဆုံးပဲ။ တကယ်ဆို ရှင်းလင်းချက်ရဲ့ ဆရာကန်တော့ပွဲမှာသူငယ်ချင်းထရွတ်လို့ မျက်နှာပူဖူးတယ် ဆိုတာမှာတင် ရပ်လိုက်လို့ရတယ် ... အစ်မအမြင်ပါ။

ပျော်ရွှင်ပါစေ

ဆောင်းယွန်းလ said...

ရန်သူက ရက်ရက်စက်စက် ပစ်နေချိန်မှာ
ခင်ဗျားတို့ က တစ်…နေရာယူ၊ နှစ်…နေရာယူ၊ သုံး ….နေရာယူ၊ လေး…နေရာယ၊ူ ငါး….နေရာလု

ဒီလိုနဲ့ 
ရှေ့ ကတွေ့ ရတဲ့ ခြေရာတွေအတိုင်း မကျေမနပ်လိုက်အလျှောက်မှာ
ကိုယ့်လိပ်ပြာက ကိုယ့်ကိုပြန်ခြောက်လာတယ်။

ကိုယ့်လိပ်ပြာကကိုယ့်ကိုပြန်ခြောက်မခံရအောင်တော့..
နိုင်သလောက်လျှောက်ဦးမယ်..ကဗျာကတော့ပြောစရာမရှိအောင်ကိုကောင်းနေတာ..
အကိုတို့တောခိုခါစကပြည်ချစ်ဟောင်းတွေကိုတွေ့ရင်စိတ်ထဲမှာဒီလူတွေညံ့ခဲ့လို့တော်လှန်ရေးမပြီးခဲ့တာလို့တေးထားခဲ့တတ်တာမှတ်မိသေးတယ်..ခုတော့လည်းကိုယ့်အလှည့်ပြန်ရောက်နေပြီပေါ့ညီရာ....

Republic said...

ကဗျာ နဲ့ အစာခြေ ပြီး တိုးတိုးတိတ်တိတ် အိမ်ပြန်သွားတယ် ၊၊ ကောင်းသောနေ့ပါ ကောင်းကင်ကြီး ၊၊

တန်ခူး said...

ကဗျာဆရာရေ… ဟိုအရင်တခါ ဖတ်တုန်းက ကိုယ်က သားသမီးနေရာမှာလို ပူးဝင်ခံစား ဖတ်ကြည့်ခဲ့တာ… ခုတော့ နိဒါန်းက သတိပေးတာကြောင့်.. အင်း…. ကိုယ့်ကိုယ်ကို ရှက်တယ်….

ဖိုးဂျယ် said...

အကိုရေ အရမ်းကောင်းတဲ့
ကဗျာလေးပါ
ခင်ဗျားတို့ က တစ်…နေရာယူ၊ နှစ်…နေရာယူ၊ သုံး ….နေရာယူ၊ လေး…နေရာယ၊ူ ငါး….နေရာလု တဲ့
အဓိပ္ပယ်အရမ်းရှိတဲ့ စားသားလေးတွေပါ။

December Cinderella said...

ကိုကောင်းကင်

ကဗျာပေါင်းချုပ်အတွက်
ကဗျာကောင်းတစ်ပုဒ်ထွက်ပြန်ပြီ ...

အိပ်မက်တွေ လက်တွေ့ဘ၀ထဲရောက်တဲ့တနေ့
အသက်သွင်းချင်တဲ့စာတွေ တကယ်ဖြစ်လာဖို့
ကျွန်မ ယုံကြည်ရင်း စောင့်နေတယ် အကို ..

ခင်တဲ့
Cinderella

Nyein Chan Aung said...

ကဗျာကောင်းတယ်ညီ..။

peter kyaw said...

ကိုယ်.ညီရေ...

နှလုံးသားထဲကယိုစီးလာတဲ.စကားလုံးတွေပါပဲဗျာ။

peter kyaw said...

ကြိုက်လွန်းလို.ကိုယ်.ဘလော.မှာတင်ထားပါရစေဗျာ။

ကိုရင်နော်ခင်လေးငယ် said...

ကိုကောင်းကင်ကြီးရေ..

အရမ်းကောင်းတယ်ဆိုတာထက် ပိုကောင်းလွန်းနေတယ်..

ခင်တဲ့

အိုင်လွယ်ပန် said...

ကိုကောင်းကင်ရေ
ကလောင်သွားထက်လိုက်တာဗျာ.....

စိတ်စမ်းရေ said...

အဲဒီလိုလေးတွေရေးတက်အောင်ဘယ်လောက်တောင်များ
စောင့်ရဦးမလဲမသိသေးဘူး။ကဗျာလေးက အရမ်းကောင်းပါတယ်။

မသက်ဇင် said...

လာလည်ပါတယ်ကောင်းကင်---
သစ်တုံးကြီးတခုကို နှစ်ယောက်အတူ ထမ်းလာတဲ့--
ကဗျာဆရာနဲ့ စာရေးဆရာနှစ်ယောက်ကိုတွေ့တယ်----
ဘာတွေ--လုပ်နေလဲ--လို့ နှုတ်ဆက်တယ်---
စာရေးဆရာက-ဒီသစ်တုံးကြီးကို
သစ်ခွဲစက်မှာ သွားခွဲမလို့ ---ဖြေတယ်--
ကဗျာဆရာကတော့--အိမ် တလုံးဆောက်တဲ့ နေရာမှာ--
ကျွန်တော်လည်း ပါတယ်တဲ့---
ရည်ရွယ်ချက်တူသော်လည်း--အဖြေမတူဘူးလေ--
အစစအရာရာ အောင်မြင်ပါစေ---

Anonymous said...

ဒီကဗျာက ပိုကောင်းနေပါတယ်။ ဖွင့်ဆိုချက်လေး ဖြုတ်လိုက်ရင် ပိုတွေးလို့ ကောင်းသွားမှာပါ။ စာဖတ်သူကို လေးစားလို့ ကျေးဇူးလည်း တင်ပါတယ်။ ဆက်လက်အားပေးနေပါမယ်။
ဆက်တွေးချင်သူ

wai phyo said...

You are the best poet,,,,,,,,,,,,,