Tuesday, October 23, 2007

ဖြစ်ရပုံက(ဟာသအတိုအထွာ)

၁၉၉၈ ခုနှစ်တုန်းက ကျွန်တော့်သူငယ်ချင်းတစ်ယောက် ကရာတေးသင်တန်းသွားအပ်တော့ ကရာတေးဆရာက မေးပါတယ်။
“မင်း ဘာလုပ်တုန်း။”
“ကျောင်းစောင့်”

ကရာတေးဆရာလည်း သိပ်လက်ကြောမတင်းပုံရတဲ့ ငနဲက ပေါက်ပေါက်ရှာရှာ ကျောင်းမှာ ညစောင့်လုပ်တယ်ဆိုတော့အံ့သြသွားတာပေါ့။

“ဘယ်ကျောင်းမှာလဲ။”
“မဟုတ်ဘူး။ ကျောင်းတွေ အကြာကြီးပိတ်ထားတာ ပြန်တက်ဖို့ စောင့်နေလို့ ကျောင်းစောင့်လို့ ပြောတာ။”

ကောင်းကင်ကို

5 comments:

Chaos said...

တတ်လဲတတ်နိုင်တဲ့
ကိုကောင်းကင်
ဟာသတွေနဲ့ ဘ၀အမောကိုဖြေဆည်ရင်း
သောကပင်လယ်မှာ ဖြတ်နေရတယ်
ကိုကောင်းကင်ရဲ့ အရေးအသားတွေက
ရသစုံပေးတယ်
ရီပြီးငိုဆိုသလိုပဲနော်

metta campaign said...

သြဘာလမ်းလေးကော လျှောက်ခဲ့ရသေးလားဗျ။

Kaung Kin Ko said...

ဟားဟား၊ သြဘာလမ်းတော့ မလျှောက် ရဲဘူးဗျို့ ။

thamudayanwe said...

ကျောာင်းစောင့်..ကြီး...ရေ..

Anonymous said...

Howdy! I know this is somewhat off topic but I was wondering which blog platform are you using for
this site? I'm getting sick and tired of Wordpress because I've had problems with hackers and
I'm looking at options for another platform. I would be fantastic if you could point me in the direction of a good platform.

Feel free to surf to my page - syntecwork.com