အရှိတရားတွေက ခါးသီးတယ်။ ရက်စက်တယ်။ ဥပမာ လူအပါအဝင် သတ္တဝါတွေဟာ နေရောင်ခြည်ကနေ တိုက်ရိုက်စွမ်းအင်မရဘဲ တခြားသက်ရှိကို စားရတယ်။ ဒါမှ အသက်ရှင်တာ။
ကျန်တာတွေ ဘေးဖယ်ပြီး လူသားအချင်းချင်းကို ကြည့်ရင်လည်း အကန့်အသတ် ရှိတဲ့ resource ကို အကန့်အသတ်မဲ့လောဘ နဲ့ လူသားတွေက ဝိုင်းလုနေကြရတာ။ အပေါ်ယံမှာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေတွေ၊ စည်းမျဉ်းတွေ၊ သဘောတရားပေါင်းစုံတွေနဲ့ ဖုံးအုပ်ထားပေမယ့် အဲလိုဖြစ်နေတယ်။
တကယ့် လူသားထု တော်လှန်ရေးဆိုတာက survival ကို ကျော်လွန်တာမျိုး ဖြစ်ရမှာ။ သဘာဝကို ကျော်လွန်တာမျိုးပေါ့။ ဥပမာ ပညာရေးဆိုလည်း survival တခုတည်းအတွက် အဓိက ဦးမတည်တာမျိုးပေါ့။ တခြားအရာတွေလည်း အဲလိုပဲ။ survival ကိုပဲ ဦးစားပေးရတာကတော့ လူသားတွေရယ်လို့ ဖြစ်မလာသေးခင်၊ လူသားတွေရဲ့ ancestor လို သက်ရှိဘဝတွေ ကတည်းက ရှိနေတာ။ သတ္တဝါတိုင်းဟာလည်း survival အတွက်ပဲ ရုန်းကန်နေကြရတယ်။ လူသားရယ်လို့ဖြစ်လာ၊ ယဉ်ကျေးမှုတွေ မြင့်လာတယ်လို့ အပေါ်ယံသဘော ပြောင်းလဲလာပေမယ့်လည်း ... တဦးချင်း တယောက်ချင်းမှာတော့ survival ကို တော်လှန်နိုင်တဲ့ အခိုက်အတန့်တွေ ရှိပေမယ့်..... လူသားထုကြီး အနေနဲ့ အပေါ်ယံပဲ ပြောင်းလဲနိုင်သေးတယ်။ Survival ကို တော်လှန်ခြင်းကရော သဘာဝကို ဆန့်ကျင်ပြီး ၊ အဓိပ္ပါယ်ရော ရှိပါ့မလား မသိပေမယ့် .... လှတော့ လှပတယ်။ ဒါပေမယ့် လူသားတွေလည်း မလုပ်နိုင်ကြဘူး။
လက်တွေ့မှာတော့ လူသားအုပ်စုဝင် ဖြစ်ရခြင်းမှာ .....အုပ်စုတွေဟာ resource တွေကို ဝီုင်းလုနေရခြင်းဟာ လူသားတွေရဲ့ မွေးရာပါ အကုသိုလ်လို ဖြစ်နေတယ်။ အဲဒါက အရှိတရားပေါ့။ အဲဒီမှာ မီဒီယာ အကြောင်း ဆက်စပ် စဉ်းစားမိတာ။ မီဒီယာတွေဟာ အရှိတရားကို တင်ပြရတာ။ အဲဒီအခါမှာ မမှန်ကန်တဲ့ မမျှတတဲ့ မီဒီယာတွေကို ဖယ်ထားလိုက်ဦး။ မျှတတဲ့ မီဒီယာတွေတောင် အရှိတရားကို တင်ပြရတာ။ အဲဒီမှာ အရှိတရားက ခါးသီးရက်စက်တယ်။ အဲဒီ ခါးသီးရက်စက်မှုကို ဖတ်ရသူတွေမှာ စိတ်အချဉ်ပေါက်တာတို့၊ လောကကြီးကို နာကြည်းမုန်းတီး သွားတာတို့ ဖြစ်ဖို့ ပိုများလာတယ်။ သတင်းတွေ ဖတ်လိုက်ရင် နာကြည်းစရာတွေဖြစ်လာတာ။ သတင်းတွေအောက်က ကွန်မန့်တွေ ဖတ်လိုက်ရင်တော့ ပိုဆိုးပေါ့။ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု ကိစ္စ ကွက်ကွက်လေးကို ပြောတာမဟုတ်။ လူမျိုး၊ဘာသာ၊ နိုင်ငံ၊ အုပ်စု ကွဲပြားမှု ခွဲခြားမှုတွေနဲ့ ပြည့်နေတဲ့ သတင်းတွေအောက်မှာ သတင်းတွေ မှန်နေရင်တောင်..... အရှိတရားက ခါးသီးတော့ အုပ်စုကွဲသွားပြီး ရန်လိုမုန်းတီးမှုတွေ ရေးကြတာပဲတွေ့ရတာ များတာကိုး။
No comments:
Post a Comment