Friday, September 18, 2015

အာလာဒင်မီးခွက်

လင်ဇီးကိုသာ သောက်
ရောဂါမှန်သမျှ ပျောက်လိမ့်မယ်။

မျှော်လင့်ချက်မဲ့ ဝေဒနာရှင်တွေအတွက်
ဒါ...အစွမ်းထက် ဆေးတစ်ပါး
“နောက်ဆုံးရထား”လည်း ဖြစ်တယ်။

ဒီဆေးသောက်လိုက်ရင်
သက်ငယ်အလုပ်သမားလည်း မရှိနိုင်တော့ဘူး။ ( မဲဆွယ်ဓာတ်ပုံတွေအရ)
ပြည်တွင်းစစ်လည်း မရှိနိုင်တော့ဘူး။ (ပျားသကာစကားတွေအရ)

ကလေးစစ်သားလည်း မရှိနိုင်တော့ဘူး။
သူဌေးစစ်သားလည်း မရှိနိုင်တော့ဘူး။

ပြောရင်းပြောရင်းနဲ့
"အာဏာရှင်စည်းချက်"ကို
"အာလာဒင်မီးခွက်"လိုတောင် ထင်လာပြီ။

ကဲ...ပြောတာကမှ ခက်သေးတယ်
တော်ပြီ... အချိန်မဖြုန်းနဲ့။
မှော်ကြိမ်လုံးနဲ့ တို့တော့မယ်။

ကောင်းကင်ကို (စက်တင်ဘာ ၁၈ – ၂၀၁၅)

No comments: