Tuesday, February 3, 2015

အခွံ


REYNOLDS ဘောပင်မှာ
REY ရယ် O ရယ် S ရယ် ကို
ငါတို့ ဓားလေးတွေနဲ့ ခြစ်ထုတ်ခဲ့ဖူးတယ်။
အဲဒီတုန်းကဘာတွေ ကျန်ခဲ့သလဲ။

မိစ္ဆာယုတ်တွေကို အခုစစ်မှာဖဲ့နိုင်ဖို့သက်သက်
သိက္ခာပုဒ်တွေကို ဥပေက္ခာနဲ့ သူတို့ခြစ်ထုတ်နေကြပြီဆိုတော့
အခု…ဘာများကျန်ဦးမှာလဲ။

ကောင်းကင်ကို (၃၊ ဖေဖော်ဝါရီ၊ ၂၀၁၅)