၁။ ပထမဆုံး Playlist ကတော့ စိတ်ဓာတ်ခွန်အားဖြည့် (မြန်မာ+အင်္ဂလိပ်) သီချင်းတွေပါ။ အားရင်အားသလို နောက်ထပ် ထပ်ဖြည့်ပါဦးမယ်။ www.youtube.com/playlist?list=PLgi2Nf-t3v6eW5u2lu_oCuidrGLMYu-1y
၂။ ဒုတိယဟာကတော့ မြန်မာ existential song တွေ စုထားတဲ့ playlist
ပါ။ တချို့သီချင်းတွေရဲ့စာသားတွေက ရိုးရိုးလေးတွေပေမဲ့ (တခါတခါ existential သဘောနဲ့ မဆိုင်သလို ရှိနေပေမဲ့) နားထောင်တဲ့အခါ existential အရသာကို
ကိုယ့်ဘာသာကိုယ် ခံစားရလို့ ဒီစာရင်းထဲ ထည့်ထားတာပါ။ http://www.youtube.com/watch?v=Vl065b6bGcI&list=PLgi2Nf-t3v6dvFzgV5rO_t0RYEdZNTTay
၃။ တတိယ တစ်ခုကတော့ မြန်မာ interracial/interfaith love song တွေပါတဲ့ playlist ပါ။ တချို့သီချင်းတွေကို သိပေမဲ့ Youtube မှာ ရှာမရသေးလို့ မထည့်ရသေးပါဘူး။ List ထဲမှာ တဖြည်းဖြည်းချင်း ထပ်ဖြည့်သွားပါမယ်။ http://www.youtube.com/playlist?list=PLgi2Nf-t3v6fOACl1vVlpclJO2IbeZHd1 (သတိထားမိသလောက်ကတော့....ရှမ်းနဲ့ မြန်မာက အများဆုံးပဲ။ ကျန်တာတွေ တော်တော်ရှားတယ်) အဲ...ဒီ playlist လုပ်လို့ မျိုးစောင့်ဥပဒေနဲ့တော့ မငြိလောက်ပါဘူးနော် :D
Wednesday, April 23, 2014
Saturday, April 5, 2014
ဒီလောက်လေးတွေ
လူမျိုးရေး၊ဘာသာရေး အဓိကရုဏ်းတွေ ခဏခဏ ဖြစ်နေတာကို
ကျွန်တော်တော့ မအံ့သြတော့ဘူး။ ဒီလို အစိုးရ၊ ဒီလိုလွှတ်တော်၊ ဒီလိုနိုင်ငံရေးသမားတွေ
လက်ထဲမှာ “ဒီလောက်လေးတွေပဲ” ဖြစ်နေတာကိုသာ အံ့သြနေတာ။ လူတွေ ထိခိုက်သေကြေနေရတဲ့၊ စိတ်ညစ်နေရတဲ့
ကိစ္စတွေကို “ဒီလောက်လေးတွေပဲ” လို့ သုံးရတာတော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဒီလိုအခင်းအကျင်းအောက်မှာ
ဒီထက်ပိုကြီးတဲ့၊ ဒီထက် အသေအပျောက်ပိုများမယ့် ဟာမျိုးတွေ ခဏခဏ ဖြစ်မယ်လို့ ကျွန်တော်က
ထင်ထားလို့ “ဒီလောက်လေးတွေပဲ” လို့ သုံးလိုက်တာ။
လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေနဲ့ ပတ်သတ်ပြီး
ပြောရရင်၊ အစိုးရက လွှတ်ပေးထားတာတွေ၊ နောက်ကွယ်က မြှောက်ပေးသလိုလုပ်တာတွေနဲ့ တချို့လူတွေရဲ့
စိတ်ထဲမှာ ကိန်းအောင်နေတဲ့ အမုန်းတွေကိုသာ မြင်မယ်ဆိုရင်၊ “ဒီလောက်လေးတွေပဲ” ဖြစ်တာကမှ
အံ့သြဖို့ ကောင်းတာ။
ဒါပေမဲ့၊ တချို့လူတွေရဲ့ စိတ်ထဲမှာ အမုန်းတရားတွေ
ဘယ်လောက်ပဲ ရှိနေရှိနေ၊ အစိုးရက ဖိဖိစီးစီး အရေးယူပြီး၊ ထိထိရောက်ရောက် ပညာပေးမယ်ဆိုရင်
ဒီလိုတွေ ဘယ်ဖြစ်မှာလဲ။ ဖြစ်တယ်ဆိုရင်တောင် တစ်ခါတလေပဲ ဖြစ်မှာပေါ့။ ဒါမျိုးတွေ မလုပ်ကောင်းတဲ့အကြောင်းကို
အစိုးရ၊ မီဒီယာတွေ နဲ့ သြဇာညောင်းတဲ့ နိုင်ငံရေးသမားတွေက ဝိုင်းပြီး ပညာပေးမယ်၊ ဝေဖန်ရှုတ်ချသင့်တာကို
ဝေဖန်ရှုတ်ချမယ်ဆိုရင် ဒါမျိုးတွေ ဘယ်ဖြစ်မလဲ။
ဥပမာ... ဦးဝီရသူဆိုရင် တရားဓမ္မနဲ့ မဆီလျော်တာတွေ
မကြာခဏ ပြောနေပေမဲ့ မြန်မာမီဒီယာအများစုမှာဆိုရင် (အများအားဖြင့်) သူ ဘာသာပေါင်းစုံငြိမ်းချမ်းရေး
လုပ်နေတာတွေလောက်ပဲ ပါတတ်တယ်။ သူ ပေါက်တတ်ကရ လျှောက်ဟောပြောထားတာတွေကိုကျ ဗွီဒီယိုသက်သေ
အထောက်အထားတွေ ရှိပါလျက်နဲ့ မြန်မာမီဒီယာတွေ၊ နိုင်ငံရေးသမားတွေက သူ့ကို အချက်အလက်နဲ့
ဝေဖန်တာမျိုးကကျ ရှားတယ်။ (ရှိတော့ရှိပေမဲ့ ရှားတယ်) တချို့မီဒီယာတွေ၊ နိုင်ငံရေးသမားတွေဆို
ဦးဝီရသူကိုအကာအကွယ်တောင် ပေးလိုက်သေးတယ်။ ဒါက ဦးဝီရသူနဲ့ပဲ ဥပမာပေးတာပါ။ နိုင်ငံရေးသမားတွေ၊ မီဒီယာတွေ နဲ့ လွှတ်တော်က မထိရဲတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေ အများကြီးပါပဲ။
တကယ်က ကောင်းကျိုးဖြစ်ဖြစ် ဆိုးကျိုးဖြစ်ဖြစ် အများကြီး သက်ရောက်စေနိုင်တဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်တွေကို မီဒီယာတွေနဲ့၊
လူထုကလေးစားတဲ့ ပုဂ္ဂိုလ်တွေက ပြတ်ပြတ်သားသား ဝေဖန်ထောက်ပြသင့်တာပေါ့။
သာမန်မထင်မရှားသူတွေက ဝေဖန်တာမျိုးတွေတော့
ရှိပါတယ်။ အဲဒါတွေကကျ ထင်သလောက် မထိရောက်ဘူးလေ။ တစ်ခါတလေဆို သာမန်လူတစ်ယောက်က ဝေဖန်လိုက်မှ
ဒေါသဖြစ်နေတဲ့သူတွေကို ပိုဆွပေးသလို ဖြစ်သွားပြီး ဆန့်ကျင်ဘက်ရလဒ်တွေ ထွက်ကုန်ရော။
ဒါပေမဲ့ အစိုးရကဖြစ်စေ၊ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ စာရေးဆရာတွေ၊ အနုပညာရှင်တွေကဖြစ်စေ
ဝေဖန်ထောက်ပြကြတာမျိုးဆိုရင်တော့ ထိရောက်သင့်သလောက် ထိရောက်မှာပါ။ ဒါပေမဲ့ အဲလိုဝေဖန်ထောက်ပြမှုမျိုးက
ရှားနေတယ်။ သတ္တိဆိုတာကလည်း ထူးဆန်းတယ်လေ။ တခါတလေကျ
ထောင်ထဲဝင်ရမှာ မကြောက်ပေမဲ့ လူမုန်းခံရမှာကို ကြောက်ချင်ကြောက်ပြန်ရော။ ထားပါတော့။
ဒါမျိုးတွေ ခဏခဏ ဖြစ်နေရခြင်းမှာ၊ အဓိက အပြစ်တင်ရမှာက
ဒေါသထွက်နေတဲ့ လူအုပ်ကြီး မဟုတ်ဘူး။ လူတွေကို အပြစ်သွားတင်နေလည်း အပိုပဲ။ ဘာမှထူးလာမှာမှ မဟုတ်တာ။ အပြစ်ပေးမခံရဘူးဆိုရင်၊ ဆွပေးမယ့်သူတွေရှိနေမယ်ဆိုရင်၊ အဲလိုသောင်းကျန်းရတာ
ဝေဖန်မခံရဘဲ မျိုးချစ်စိတ်ရှိသူတွေအဖြစ် လက်ခုပ်ဝိုင်းတီးမယ့်သူတွေ များနေမယ်ဆိုရင် ဒါမျိုးတွေက
ဘယ်နိုင်ငံမှာမဆိုဖြစ်မှာပဲ။
ဒါတွေက ဘာသာရေးကိုချစ်တာနဲ့လည်း မဆိုင်ဘူး။
ကိုယ့်ဘာသာရေးကိုယ် တကယ်ချစ်တဲ့သူတွေဆို၊ ဘာသာတူသူတွေထဲမှာ အဲလိုလူဆိုးတွေရှိလို့ စိတ်ပျက်နေကြရတာ။
အဲဒါကို မဆီမဆိုင် ဘာသာရေးတွေကို အပြစ်သွားတင်နေကြတဲ့သူတွေ၊ သိမ်းကျုံးပြီးဆဲနေတဲ့သူတွေလည်း
လွဲနေတယ်။ ပိုဆိုးရုံပဲ ရှိတော့မပေါ့။ ကိုယ်လွတ်တိုင်း လျှောက်ပြီး မရမ်းသင့်ဘူးလေ။
ပြီးတော့၊ ကိုယ့်အုပ်စုကို အဲဒီလိုမျိုး သိမ်းကျုံးပြီး ပြောရင်ရော ကြိုက်ကြလို့လား။
ဒီိလိုပြဿနာတွေမှာ အဓိက အကျဆုံးကတော့ အစိုးရပါပဲ။
တစ်ခုခုဖြစ်တိုင်း အစိုးရကိုချည်း အပြစ်တင်နေတယ်လို့ ထင်ကောင်းထင်မယ်။ ‘ဘာဖြစ်ဖြစ်
အစိုးရကိုချည်း အပြစ်တင်ကြတဲ့ အဖြစ်’ ကို ဟာသလုပ်ရေးထားတာလည်း ဖတ်ဖူးတယ်။ ဒါပေမဲ့ အဲဒီလို
ဟာသမလုပ်ခင် ကိုယ့်အစိုးရက ဘယ်လောက်တာဝန်ကျေသလဲ ဆိုတာကို တစ်ချက်လောက်တော့ ကြည့်ဦးမှပေါ့။
ကိုယ့်အိမ်အဖျက်ဆီးမခံရသရွေ့၊ ကိုယ့်လယ်မြေတွေအသိမ်းမခံရသရွေ့၊ အစိုးရကို အကာအကွယ်ပေးတဲ့
ပေါ့ပြက်ပြက်ဟာသမျိုးလုပ်ဖို့၊ ဝေဖန်မှုကို သရော်တဲ့ ဟာသမျိုး လုပ်ဖို့က လွယ်ပါတယ်။
အစိုးရက လွှတ်ပေးထားတာတွေ ရှိနေသရွေ့၊ လူမျိုးရေးဘာသာရေးကို အသုံးချပြီး
မဲဆွယ်ချင်နေသရွေ့၊ လွှတ်တော်က တကယ် အလုပ်မလုပ်သရွေ့၊ မသိချင်ယောင်ဆောင်နေသရွေ့၊ တကယ့်အနာကို
မကုသရွေ့၊ အပေါ်ယံ ဘာသာပေါင်းစုံချစ်ကြည်ရေးပွဲတွေမှာ၊ လက်ရှိအချိန်အထိ ဦးဆောင်သွေးထိုးနေတဲ့သူတွေကို
(အကြောင်းအမျိုးမျိုးကြောင့်) နေရာပေးနေသရွေ့ ၊ အတိုက်အခံတွေက (အကြောင်းအမျိုးမျိုးကြောင့်)
ဒီလိုကိစ္စကိုဘေးချိတ်ထားသရွေ့၊ ဆွပေးတုန်းက ဆွပေးပြီး တစ်ခုခုဖြစ်မှ ငြိမ်းချမ်းရေးသမားယောင်ယောင်
ဆောင်ချင်တဲ့ နာမည်ကျော်စာရေးသူတွေရှိနေသရွေ့ ဒါမျိုးတွေက ဖြစ်နေဦးမှာပဲ။
ဘုရားဘုရား!... မနေနိုင်တဲ့သူတွေအဖို့ကတော့ စောင့်ကြည့်ပြီး
ရင်မောရုံပေါ့လေ။
ကောင်းကင်ကို
(ဧပြီ ၅၊ ၂၀၁၄)
Subscribe to:
Posts (Atom)