Saturday, March 8, 2014

မနှေးခေတ်မီ

စလေဦးပုညရဲ့ တေးထပ်လေးတွေ ပြန်ဖတ်မိပြီး၊ နဘေလေးတွေနဲ့ ရေးချင်စိတ် ပေါ်လာလို့ ဦးပုညလို တေးထပ်ပုံစံမျိုး တလောက ကောက်ရေးလိုက်တာပါ။ နှစ်ပိုဒ်ပဲ ရေးဖြစ်ပါတယ်။ ဆက်ရေးမယ်ဆိုပြီး မရေးဖြစ်တော့ပါဘူး။ 

ထအော်ရယ် ကို ထအော်ရီ လို့ ကာရန်ကို ငဲ့ပြီး အသံထွက်အတိုင်း ရေးထားပါတယ်။

မနှေးခေတ်မီ
သူတို့ကိုယ်သူတို့ ဗိုလ်ထင်ဆဲ
ကြိုတင်မဲနဲ့ တက်လာ
မလိုချင်လည်း ခက်ပါသည်
ရှက်မြန်မာပြည်ရဲ့တစ်ခေတ်။
သူခိုးကို အဘခေါ်သည်
ထအော်ရီရမည့်အဖြစ်။

ဘာသာရေးနဲ့ တမင်တကာချိတ်သူက
Interfaith အဖွဲ့ရဲ့ခေါင်းဆောင်…
ရင်မှာထိတ်လို့ အလောင်းကောင်တွေ မြင်လာသည်
သခင်သာကီဆိုသူတွေ အစွမ်း။
မှိုင်းမိကာ ဘလိုင်းချီတက်
တိုင်းပြည်ပျက် ကပ်ဆိုက်မယ့်လမ်း။
ကောင်းကင်ကို

4 comments:

ဟန်ကြည် said...

ကဗျာဖွဲ့စည်းပုံလေး ချစ်စရာပါ...ကောင်းကင်ကိုက နဂိုကတည်းက နဘေပိုင်ပြီးသားဆိုတော့ မန်ကျည်းရွက်သတ်ရေးဖို့ သိပ်အခဲအခဲတွေ့မယ် မထင်ပါ...

ဟန်ကြည် said...

သတ်ပုံမှားသွားလို့ဗျို့...( အခက်အခဲ )

သိ င်္ဂါ ရ said...

တိုင်းပြည် က တော့ ... တော်တော် ကို
အထိနာနေပါပြီ ။
ပြည်သူတွေ ဆိုတာလည်း ...
ရောက်လိုက်ကြတဲ့ ဒုက္ခတွေ ...
ဒါပေမယ့် ... ခုချိန်ထိ
လုပ်နို်င်တာတွေ က စပြီး ညီညီညွတ်ညွတ်
လုပ်ကြမယ် ဆိုတာထက်
မင်းလောင်းမျှော်ချင်တဲ့ စိတ်တွေ
ကျန်နေသေးတာကို အားမရချင်တော့ပါဘူး
ကိုကောင်းကင် ရေ ...

Unknown said...

copy ယူသွားတယ်အကိုရေ ကြိုက်လို့ fb မှာတင်လိုက်ပါသည်