ရေးပြဖို့မရဲလို့
တွေးဆလို့ပဲ သိလိုက်ပါ။
ရန်သူတော်များ
ဥာဏ်ပူဇော်သွားတဲ့ စကားလုံးတွေ။
တခါတခါ
ခေတ်ကိုဆန်ရတာ
မြစ်ကိုဆန်ရတာထက် မောတယ်။
အမြစ်ကိုလှန်ရတာ
အချစ်ကိုကြံရတာထက် မောတယ်။
(ကောင်းကင်ကို) December 3, 2012
Monday, December 3, 2012
Subscribe to:
Post Comments (Atom)
5 comments:
i like this poem very much....
good ma good par ..bro.....:)
သူခိုးတွေ ..လူပြန်ဟစ်တဲ့ခေတ်
ရေးပြဖို့မရဲလို့
တွေးဆလို့ပဲ သိလိုက်ပါ။
စာတစ်ထွာ တစ်မိုဒ်ပေမယ့်
စကားလုံးလေးတွေ ပြောင်မြောက်လိုက်တာ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကဗျာထဲမှာ အများကြီးတွေ့လိုက်ရတယ်
လေးစားလျှက် jasmine
ဝင်လာရင်းကြုံလို့ စာတွေ ကဗျာတွေ ဖတ်သွားပါတယ်။ ကဗျာတွေက တိုတိုနဲ့ ထိရောက်တယ်။
အမြစ်ကိုလှန်နိုင်မဲ့ကဗျာ စနစ်ကိုပြင်နိုင်မဲ့ အလင်္ကာတွေ များများရေးနိုင် ပါစေ...
Post a Comment