Sunday, September 30, 2012

ဘာသာမဲ့တယောက် ရှိခိုးတဲ့အခါ


တကယ်တော့ ဘုရားတို့ ဘာသာရေးတို့ဆိုတာ ကျနော့် အဘိဓာန်ထဲမှာ မရှိဘူး။

တကယ်လို့ ကျနော် စေတီတွေမှာ ဘုရားရှိခိုးပြီဆိုရင်ဖြစ်ဖြစ်၊ Churchတွေ မှာ လိုက်ပြီး ဓမ္မသီချင်းဆိုတာတို့ ဆုတောင်းတာတို့ ဖြစ်ဖြစ် လူမှုရေး အရ ဖြစ်စေ၊ တခါတခါ သူငယ်ချင်းတွေကို ချစ်လို့ ဖြစ်စေ လုပ်တာပါ။ ဘာသာမရှိတဲ့လူမို့ ဘာသာရေးဆိုတာကို အလေးမထားပေမဲ့ တဘက်မှာ ငါဘယ်တော့မှ ဘုရားရှိမခိုးဘူးလို့လည်း အဓိဌာန်ပြုမထားပါဘူး။ လူကြီးမိဘတွေကို ရှိခိုးသလို တခါတခါ ဘုန်းကြးတွေ (သီလဂုဏ်နဲ့လည်း ပြည့်စုံတယ်လို့ ထင်ရတဲ့ အခါမျိုးမှာ) ကိုယ်တယောက်တည်းကွက်ပြီး ရှိမခိုးပဲ နေခြင်းက ရိုင်းသလိုဖြစ်မှာစိုးတယ်လို့ ထင်ရင် ရှိခိုးလိုက်တယ်။ ခရစ်ယာန်ဘုရားကျောင်းလည်း သူငယ်ချင်းတွေနဲ့ တူတူလိုက်သွား ပြီး (အပျော်သဘော) ဆုတောင်းဖူးတယ်။ ဒါပေမဲ့ စိတ်ထဲက ဘာသာရေးကို နှစ်နှစ်ကာကာ ယုံကြည်လို့တော့ မဟုတ်ဘူး။ အဲလိုဆိုလို့ ခုနကလို ဘုန်းကြီးတွေကို ရှိခိုးတာ၊ Church တွေမှာ လိုက်ပြီး ဓမ္မတေးတွေ ဆိုတာ၊ ဆုတောင်းတာတွေက ဟန်ဆောင်လိမ်ညာချင်လို့၊ ကိုယ့်အကျိုးအတွက် ဘာသာရေးကို အလွဲသုံးစား အသုံးချဖို့ မဟုတ်ပါဘူး။ တခါတလေဆို ပြန်မတွေနိုင်တဲ့ ဘုန်းကြီးတွေကို ရှိခိုးတာမို့ ကိုယ့်အတွက် အကျိုးလိုလို့ လုပ်တာ မဟုတ်ဘူး။ အဲလိုအခါမျိုးတွေ မှာ ရည်ရွယ်တာက တခြားသူတွေလည်းစိတ်ချမ်းသာ၊ ကိုယ်လည်းစိတ်ချမ်းသာ...ပြီးတော့ ဘယ်သူ့မှ မထိခိုက်တဲ့ အပြင် နောက်ရင်ပြီးရင် ပြီးသွားမှာပဲဆိုတဲ့ သဘောထားနဲ့ ရှိခိုးတာ။ တနည်းအားဖြင့် ပြောရရင် သူများစိတ်ချမ်းသာအောင် ဝန်ဆောင်မှု ပေးလိုက်တာပါ။ အဲဒါမျိုးကို မခိုင်မာဘူးဆိုပြီး မနှစ်သက်တဲ့လူလည်း ရှိချင်ရှိမယ်။ ဒါပေမဲ့ ခင်မင်ရင်းနှီးတဲ့သူတွေ ကတော့ ကိုယ်ဘာသာမဲ့မှန်း သိကြပါတယ်။ သူတို့လည်း သိသိနဲ့ church တွေကို ခေါ်တာပဲ။ မယုံကြည်ပေမဲ့ ဘုရားတွေကို သွားပြီး စော်ကားတာမှ မဟုတ်တာ။ မိတ်ဆွေတွေ၊ ဒါမှမဟုတ် တခါတခါမှတွေ့ရတဲ့ ဝါကြီးသူတွေကို အရိုအသေပေးတာပဲဟာ။ ဒါပေမဲ့ လူတိုင်း ကိုယ့်လို လုပ်ရမယ်လို့တော့ မဆိုလိုပါဘူး။ ကိုယ် အဲလို လုပ်တာကို တချို့က သဘောထားကြီးတယ်လို့ မြင်နိုင်သလို တချို့က ရပ်တည်ချက် မခိုင်မာဘူးလို့ သုံးသပ်နိုင်တယ်။ တကယ်တော့ အဲဒီ့နှစ်ခုလုံး ရှုထောင့်တမျိုးစီကနေ မှန်တယ်လို့ ကျနော်ထင်တယ်။ ကျနော်က တခါတခါ အဲလိုလုပ်ရတာကို နှစ်သက်လို့ လုပ်တာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုတော့ သဘောထားကြီးတယ်လို့ မထင်သလို ရပ်တည်ချက် မခိုင်မာဘူးလို့လည်း မထင်မိပါဘူး။ တချို့ကလည်း စိတ်ထဲမပါဘဲနဲ့ ဝင်ရှုပ်တယ်လို့ ထင်ချင်ထင်နိုင်သေးတယ်။ အဲဒါမျိုးသာ ပြောလာရင်တော့ ဘာမှပြန်ပြောစရာ မရှိပါဘူး။ church ကျောင်းကို လိုက်တာတို့၊ ဘုန်းကြီးတရားနာတာတို့ကလည်း ကျနော် ယုံယုံ၊ မယုံယုံ သွားခွင့်ရှိတဲ့ ကျနော့် အခွင့်အရေးပဲဟာ။

တဘက်မှာ ဘယ်သူ့ကိုမှ မရှိခိုးနိုင်ဘူးဆိုတဲ့ ဘာသာမဲ့ (ဒါမှမဟုတ်) ကိုယ့်ဘုရားကလွဲပြီး ဘာကိုမှ မရှိခိုးနိုင်ဘူး ဆိုတဲ့ သူတွေကိုလည်း သူတို့ ရပ်တည်ချက်မှာ ခိုင်ခိုင်မာမာ ရပ်တဲ့ အတွက် လေးစားတာပဲ။ ဘယ်ဘုရားကိုမှ ရှိမခိုးဘူး၊ ဘယ်သူ့ကိုမှ မလိုက်လျောနိုင်ဘူးလို့ ဆုံးဖြတ်ထားတဲ့ ဘာသာမဲ့ တယောက်မှာ အခက်အခဲတွေ ရှိနိုင်တာမို့ အဲလိုလူတွေကိုလည်း လေးစားပါတယ်။ အဲလို ရပ်တည်နိုင်ဖို့ ခက်ခဲပါတယ်။ တဘက်မှာလည်း အရေးမကြီးတဲ့ ကိစ္စုကို အစွဲအလမ်းထားမနေဘဲ သူများကို ဦးစားပေးနိုင်ဖို့ ဆိုတာလည်း ခက်ခဲပါတယ်။ အကောင်းဆုံးကတော့ သူများကို မထိခိုက်စေတဲ့ ကိစ္စတွေမို့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ဘယ်လိုပဲ လုပ်လုပ် အရေးမကြီးပါဘူး။

ဒီနေ့ထိလည်း တခါတခါ လိုက်လျောပြီး လုပ်တတ်တဲ့ ကိစ္စကို ဝေဖန်မယ့်သူ မကြုံဖူးသေးပါဘူး။ ဒါပေမဲ့ ကျနော်တို့နိုင်ငံမှာ ဘာသာမဲ့ ဆိုရင် အထူးအဆန်းဖြစ်ပြီး ဘာသာမဲ့သူတွေရဲ့ အလေ့အထ တွေကို သိချင်တတ်ကြတာမို့ ၊ တခါတလေလည်း နားမလည်ဘဲ ကွန်မြူနစ်လို့ စွပ်စွဲကြ၊ တိရစ္ဆာန်နဲ့ နှိုင်းကြတာမို့….ဘာသာမဲ့ တယောက်နဲ့ တယောက် မတူပေမဲ့ ကျနော့်ရဲ့ အလေ့အထကို မျှဝေလိုက်တာပါ။

တခုတော့ ရှိတယ်။ စာရေးရင်ပဲ ဖြစ်ဖြစ်၊ ဘယ်သူနဲ့မဆို လေးလေးနက်နက် ဆွေးနွေးပြီဆိုရင်တော့ အားမနာတမ်းပြောတယ်။ လူတိုင်းနဲ့လည်း မဆွေးနွေးဘူး။ ဆွေးနွေးထိုက်သူလို့ ယုံကြည်ရမှ ဆွေးနွေးတယ်။ (ဒါမှမဟုတ်) အပေါ်စီးကနေ ပြောလာလို့ ပြန်ပက်ချင်မှ ပြန်ငြင်းတယ်။

စာရေးတဲ့အခါမျိုးဆိုရင်တော့ ဘယ်သူမဆို ဖတ်နိုင်သွားတာပေါ့လေ။(ကောင်းကင်ကို)

10 comments:

ညိမ်းနိုင် said...

ကျွန်တော်လည်း ဆရာတော်တွေကို စိတ်ထဲ
ကကို ရိုရိုသေသေနဲ့ ရှိခိုးပါတယ်...၊ဆရာတော်တွေရဲ့
သီလဂုဏ်ကို ပူဇော်တယ်ပေါ့နော်...။ဘုရားကျောင်းတော့
မရောက်ဖူးပါဘူး...၊ကိုကောင်းသဘောနဲ့ ကျွန်တော့်သ
ဘော... တူတယ်ဗျ...။အပျော်သဘော ဆိုတာကိုတော့
နဲနဲသဘောမတူချင်ဘူး....၊သူတို့က တကယ်ယုံကြည်
တာကို ကိုယ်က အဲ့လိုထုတ်ပြောလိုက်တော့ စိတ်ကွက်
မွာ မစိုးရိမ္ဘူးလား...၊ဆိုလိုတာက ဗ်ာ ကိုယ့္စိတ္ထဲထား
တာ ပိုကောင်းမယ်ထင်တယ်...၊မလိုအပ်ပဲ တခြားလူမှု
ဆက်ဆံရေးမှာ ထိခိုက်မှာစိုးလို့ပါ....။

Anonymous said...

မိဘတွေနဲ့ငယ်ငယ်လေးထဲက ခွဲနေခဲ့ရတယ်လို့ထင်တယ်......

ArrrLuu said...

At my young age, i pray Buddhism becoz of my family's religion and fear. Later, i read, analyze, and believe in that was scientific. Later, i realised i became Atheist. But, my behavior is the same as you wrote, except church.

I heard and read Buddhism book and quote, "Believe Nothing no matter where you read it or who had said it, unless it agrees with your own reason and your own common sense."
I think you became Atheist - due to you believe in Science.

Now, I proud to say, "I am a buddhist".



ArrrLuu said...

p.s. I don't believe in Past and Future life. I don't believe in others .... because i have no experience in it.

If there is a law that it don't believe in future life - u can't be Buddhist, so i will be Atheist.

markokee said...

ကောင်းကင်ကိုရဲ့ ကဗျာတွေကို ဖတ်ပြီးတိုင်း များသောအားဖြင့်လိုက်မဖော်ဆောင်နိုင်ရင်တောင်မှခံစားမျှဝေလက်ခံတယ်.. ဒါပေမယ့် ဒီဆောင်းပါးလေးကိုတော့.. *ဘယ်ဘုရားကိုမှလက်မခံဘူးလို့ ဆိုလိုတယ်လို့ထင်ရတယ်... အဲ့ဒီတော့ သင့်ကိုသင် I am God လို့ ဆိုလိုရာရောက်တယ်... ဒီတော့ဖြင့်.. အဲဒီဆောင်းပါးလေးရဲ့ဆိုလိုရင်းကို ပြောင်းပြန်လှန်ပေးချင်ပါတယ်.... you are not God ပေါ့... ဒီလိုဆိုတော့... သင်သည် "ဘုရားအားလုံးကို ယုံကြည်လက်ခံသူပါ"

Unknown said...

ဘုရား ရှိခိုးတာ မရှိခိုးတာပြဿနာမဟုတ်ပါဘူး ထင်တယ်။ ကိုယ်လုပ်ရပ်တခု မှန် တယ် မှားတယ်ဆိုတာ ပညာရှိသူတော်ကောင်းတွေ မြင်သိကြားခဲ့လို့ ချီမွမ်းတာ ကဲ့ယဲ့တာသာအဖြေ တစ်ခုဖြစ်မှာပါ။

ko said...


ဒီမယ်.. သူငယ်ချင်း.. တစ်ခုပဲမေးပါ့မယ်.. တကယ်လေ့လာပြီးပြီလား..လေ့လာနေပြီလား..တရားအရသာမသိသူအဖို့ သူငယ်ချင်းလိုပဲ ဖြစ်နေမှာပါ..
တရားအရသာကို နည်းနည်းလေးရိပ်မိတဲ့သူတောင် အင်မတန်ဝမ်းသာကြတာဗျ့.. နေပူပူခရီးခဲကြီးသွားနေတုန်းဗြုန်းဆို အရိပ်ကလေးအောက် နားရလို့ ပင်ပန်းမှုလေးနည်းနည်းပြေတာ သိတာနဲ့ ဒီနေရာဟာ ဧကန် ဆင်းရဲပျောက်တဲ့နေရာပဲလို့ သိသလိုပေါ့.. ပင်လယ်ရေ ငန်ကြောင်းသိဖို့အတွက် ကုန်အောင်သောက်ကြည့်စရာမလိုပါဘူး.. လျှာလေးနဲ့တို့ရင်သိပါတယ်.. အခုလည်းတရားအရသာသိဖို့ အခြေခံလောက်တောင်မရှိတာကို သိရတော့အံ့သြပါရဲ့..

kotwo said...

ကျွန်တော်ကတော့ ဘာသာရေးလုပ်တယ်ဆိုတာ ကိုယ်ကျင့်တရားကောင်းမွန်လာအောင် ထိန်းသိမ်းစောင့် ရှောက်တယ်လို့ မြင်ပါတယ်။အဲဒီ ကိုယ်ကျင့်တရားဆိုတာ ကလည်း လူတိုင်းကသာသုံးနှုံးပြောဆိုနေတာ ဘာတွေကိုထိန်းသိမ်းခြင်းလဲ။ဘယ်လိုလက္ခဏာရှိလဲ။ ဘယ်လိုထိန်းသိမ်းရမှာလဲဆိုတာကိုတော့ ဘုရားဟော တရားတွေမလေ့လာပဲနဲ့ ဘယ်သူမှမသိနိုင်ပါဘူး။ ဥပမာတခု ပြောပါမယ်။ကျွန်တော်တို့တွေ ပြောတတ်ကြပါတယ်။ငါကတော့ ဘယ်သူ့အပေါ်မှာမှ မနာလိုစိတ် ဝန်တိုစိတ်မရှိပါဘူးပေါ့။ ဒါပေမယ့် ဘုရားဟောထားတဲ့ မနာလိုခြင်းရဲ့လက္ခဏာ ဖြစ်တည်ရတဲ့ အကြောင်းရင်း ဖြစ်တည်ရာနေရာဝတ္ထု အဲဒါတွေကို ဖတ်ပြီးလို့ ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်မှ ကိုယ်ဖြစ်နေတဲ့ ဖြစ်ခဲ့တဲ့ မနာလို ဝန်တိုမှု့တွေကို ဘွားခနဲ မြင်တွေ့လိုက်ရတာပါ။ တရားဆိုတာ ဘာသာတခုရဲ့ အနှစ်သာရပါ။ ပြီးတော့လူသားတယောက်အနေနဲ့ မဖြစ်မနေလေ့လာသင့်တဲ့ နူးညံ့သိမ်မွေ့တဲ့ သိရင်သိသ လောက်အကျိုးကျေးဇူးရှိတဲ့ ပညာရပ်တခုပါ။ တရားကို မမြင်ရင်တော့ ဘုရားဆိုတာလည်းမမြင်နိုင်ပါဘူး။ ကျွန်တော်တခု အကြံပေးခြင်တာကတော့ တရားကို ပညာတခုအနေနဲ့ လေ့လာကြည့်ပါ။ဆင်ခြင်ကြည့်ပါ။ ဘုရားမရှိခိုးချင်လဲနေပါ။ တရားရဲ့ အနှစ်သာရကိုတော့ ရှာဖွေကြည့်ပါ။

Anonymous said...

ကိုကောင်းရေ ဆရာကြီးတွေလား ဘာကြီးတွေလားတော့ သိဘူး ဒီနိုင်ငံမှာတော့ လွတ်လပ်စွာတွေးခေါ်ခြင်းကို အနာကြီး ရောဂါလိုရွံကြတယ် ပဒေသရာဇ်ခေတ်ရဲ့ အောက်သိုးသိုး အတွေးအခေါ်တွေရယ် လူတွင်ကြယ်လုပ်ချင်တဲ့ စိတ်တွေရယ် ဆက်ကြိုးစား ကျွန်တော်တော့ ခင်ဗျားကို အားပေးနေမယ်

Francis Weiss said...

Interresting thoughts