Tuesday, April 3, 2012

အဲဒီ့အချိန် ငါခိုနေတဲ့ဗုံးခိုကျင်းထဲ ဗုံးကျကွဲခဲ့ (by ခရေငယ်)

အချိန်အခါ နေရာမှားတော့
ကိုယ့်ထမင်းကိုယ်တောင်
သူခိုးကျင့် သူခိုးကြံနဲ့စားရတယ် . . . ။

လူမျိုးမခြားဘဲ စိတ်ဓာတ်ခြားသူတွေရဲ့
အလိုတော်ရိ ဇာတ်လမ်းတွေကို
အသက်အောင့် ရပ်ကြည့်နေရတယ် . . . ။

ဘာ သခင်တိုင်းပြည်လဲ
ဘာ လွတ်လပ်ရေးလဲ
စကားလုံးသက်သက်တွေအကြောင်းကြားရတာ
နားညောင်းတာပဲ အဖတ်တင်တယ် . . . ။

ဒီနေရာမှာ . .
တကိုယ်ကောင်းသမားတွေများပြီး
အချင်းချင်းရောင်းစားတတ်မှ လူရာဝင်တယ်။

အဲဒီလို . . မတရားမှုတွေ ကျောမှာတင်တဲ့ကားကို
ဂုဏ်သိက္ခာမဲ့တဲ့ အနာဂါတ်ဆီ
တချို့တွေ မောင်းသွားကြတော့ . . . .
(ခရေငယ်)

2 comments:

အလွမ်းမြို့ said...

ဖတ်သွားတယ်ဗျို့... ဂုဏ်သိက္ခာမဲ့သူတွေ မောင်းသွားတာဆိုတော့ လိုင်စင်မဲ့ ကားပေါ့နော်..အဟဲ.. စတာ..အားပေးလျှက်ပါ


ခင်တဲ့
အလွမ်းမြို့

Anonymous said...

ပေါတောပေါတော နဲ့ စကားလုံးအရင့်တွေ သုံးထားတယ်