Friday, April 27, 2012

ရွှေအိုင်ဒီယာများ


စာအုပ်ထဲက ယဉ်ကျေးမှုတွေကို အိပ်မက်ဖို့
ပန်းဦးဆက် ဓလေ့ကို အသက်သွင်းမယ်။
ယဉ်ကျေးမှုထိန်းသိမ်းရေး ဆရာမကြီး တအုပ်
ဘယ်သူတွေ သတို့သမီး လုပ်မလဲ?

မြစ်ဆုံ... ရိုဟင်ဂျာနဲ့ရေပိုင်နက်
ငါတို့ သည်းခြေပျက်နေရပေါ့။
ဒါကြောင့်
တဝမ်းပူ၊ ဘကုန်း
အက္ခရာ ၃၃ လုံးထဲမှာ အသေမုန်းတယ်။
လျှပ်စစ်စာမျက်နှာပေါ်မှာ တောက်တချက်ခေါက်
ဦးနှောက်ထဲမှာ အကြံဥာဏ် ဟုန်းဟုန်းတောက်တယ်။
ကွန်ဖြူးရှပ်ရဲ့ အဆုံးအမတရားတွေရယ်
တဂိုးရဲ့ ကဗျာစာအုပ်တွေရယ်ကို
မီးရှို့ပစ်ရမယ်။
(ကောင်းကင်ကို)

4 comments:

မိုးသူ(တောင်ကြီး) said...

တ၀မ်းပူ နဲ့ ဘကုန်းတော့
အသေမုန်းတယ်
မီးပျက်လေတိုင်း
ကေ၀ဋ်ပုဏ္ဏားကိုသွားသွားသတိရတယ်

အလွမ်းမြို့ said...

ကောင်းကင်ရေ...လာရောက်ဖတ်သွားပါကြောင်း..
ဆက်လက်အားပေးနေမယ်။။ (((မေးခွင့်ပြုပါ
***တစ်အုပ် က...ဒီလိုလေးလာ တအုပ်****လား..)))
အသက်ဝင်တဲ့ကဗျာလေးကို ပိုမိုလှပအသက်ဝင်စေချင်
သူပါ။ ကိုယ်သာဘာမှမတတ်ပေမဲ့ မောင်နှမတွေ ဘလော့ကို အကောင်းဆုံးဖြစ်စေချင်သူပါ။။။
တကယ်လို့ တအုပ်ဖြစ်ခဲ့တယ်ဆို အလွမ်းမြို့ရဲ့ မသိတဲ့အမှားတွေမို့ ခွင့်လွှတ်တော်မူပါ.
ဖြူစင်သော စေတနာဖြင့်



ခင်မင်လျှက်
အလွမ်း

Kaung Kin Ko said...

ဟုတ်...အစတုန်းက ၁ကို တခု နှစ်ခု၊ တအုပ် နှစ်အုပ် နဲ့ ရေးကြတယ်တဲ့။ အရင်တုန်းက ရေးထုံးပေါ့။ ဦးနေဝင်းတက်တော့မှ တစ် လို့ လုပ်လိုက်တာတဲ့။ ဆရာတင်မိုး ပြောတာလေးကို သဘောကျလို့ ကျနော် (အစတုန်းကလည်း ကျွန်တော်) လို့ ရေးနေကျကနေ ဆရာတင်မိုးကို သဘောကျလို့ တကူးတက ကျင့်ယူပြီး ပြောင်းလိုက်တာ။း-) တစ်လို့ ရေးတဲ့သူတွေလည်း ရှိပါတယ်။ နှစ်မျိုးလုံး လက်ခံပါတယ်။ ကျနော်က ဆရာတင်မိုးကို သဘောကျလို့ တကူးတကကို ပြောင်းရေးလိုက်တာပါ။ ကျနော်တို့ ငယ်ငယ်တုန်းက ဦးနေဝင်းခေတ်လေ။ တစ်လို့ပဲ ရေးခဲ့တာပါ။ ဒီတော့ နှစ်မျိုးလုံး မှန်တယ်လို့ လက်ခံထားပါတယ်။ နှစ်မျိုးလုံး သုံးနေကြတာကိုး။

ငြိမ်းစိုးဦး said...

ဆူးတွေက ချိုတိုတိုနဲ့ ...