Wednesday, June 1, 2011

ငှက်ဖမ်းသမား

သူပဲ အကြောင်းမဲ့ ဖမ်း
သူပဲ ဈေးကြီးကြီးနဲ့ ပြန်လွှတ်
သြော်..ငှက်ဖမ်းတာ မဟုတ်တဲ့ ငှက်ဖမ်းသမား
သူဘာကို အလိုရှိမှန်းလည်း ငါသိတယ်။

ဟော…
ရင်ထဲက ခုန်ထွက်လာတဲ့
ကရုဏာ ဆိုတဲ့ကောင်တောင်
သူ့ကစားကွက်မှာ ပွန်းတကောင်ဖြစ်လို့။

ဒါဟာ
တဘက်သတ် ဆန်လွန်းတဲ့ ဘာတာစနစ် တမျိုး
ငါ့ စေတနာတွေ အဖြစ်ဆိုးပေါ့။

‘တကောင်လွတ်လည်း တကောင်ပဲ’ ဆိုပြီး
‘Chicken Soup’ စာစု ထဲက
‘ကြယ်ငါး’ ဒဿနနဲ့
မျှော်လင့်ချက်လက်ကျန်လေးကိုအနှိုက်
ငါ့လက်တွေတုန်နေလိုက်တာ။
ကောင်းကင်ကို

2 comments:

အင်္ဂါဟူး said...

ကြယ်ငါးတွေထဲက အတိုင်းက ပြဿနာ မရှိဘူးအစ်ကိုရေ ကိုယ်လွှတ်လိုက်ရင် ပြန်ဖမ်းမဲ့သူမရှိဘူး။ လွှတ်ရတာလဲ ပိုက်ဆံမကုန်ဘူး။

အခုတော့ ကိုယ့်စေတနာကို သူ့က ပိုက်ဆံပါ ထပ်တောင်းသွားသလိုကြီးဗျ။

သိင်္ဂါကျော် said...

စေတနာ ကို အဖြစ်ဆိုးတယ် လို့ မမှတ်ပါနဲ့လေ..
ပေးဆပ်ခြင်း သက်သက်လို့ပဲ ထားလိုက်ပေါ့..။