လင်းတော့လုပ်…မှောင်တော့အိပ်နဲ့
ငါတို့ဟာ
ကိုယ့်ကိုယ်ကို လူလို့ခေါ်နေတဲ့
လောကရဲ့ ခွေးသွားစိပ်တွေပါကွယ်။
ဘဝကို
နာရီတလုံးလို ငုံ့ကြည့်လိုက်တယ်။
ဒီစက်ဝိုင်းထဲမှာ ဒီခရီးကိုပဲ
အကြိမ်ကြိမ် အထပ်ထပ် လှည့်ပတ်နေရတော့
ဘဝက
သက်ရှိ နာရီလက်တံ ဆန်တယ်။
အသက်ဝဝ ရှူနိုင်ဖို့ အရေး
လှေကားတွေအတိုင်း တထစ်ပြီး တထစ်လျှောက်
သြော်…အမြင့်ရောက်ပြန်တော့လည်း
သင်္ချိုင်းတခုပေါ် ပြန်ခုန်ချဖို့ပါပဲ။
သေခြင်းတရားဆီ
ကိုယ့်ကိုယ်ကို လိုက်ပို့နေရတဲ့ ယာဉ်ကြီးထဲမှာ
ငါနဲ့ငါ ကပ်လွဲသွားတာ
ဘယ်လောက်ရင်နာစရာ ကောင်းလိုက်သလဲ။
အိပ်မက်နဲ့ ဘဝ ထပ်တူမကျတဲ့အဖြစ်
ငါ အဆစ်ရလိုက်သေးတယ်။
ဒီလိုနဲ့ တတောင်ပြီး တတောင် အကျော်
ခရစ်တော်က အိပ်မွေ့ချပြီးခေါ်တော့မှ
ကိုယ့်ကိုယ်ကို မြေသားတွေဆီအပ်
အားလုံးတခန်းရပ်လိမ့်မယ်
သြော်…လူ့ဘဝရဲ့ဇာတ်တဲ့။
(ကောင်းကင်ကို)
ကိုဟန်သစ်ငြိမ်နဲ့ မခိုင်စိုးလင်းတို့ စီစဉ်တဲ့ "သေဆုံးတတ်သည်" ဆိုတဲ့ စာအုပ်ထဲကပါ။
Thursday, March 3, 2011
Subscribe to:
Post Comments (Atom)
7 comments:
ကဗျာလေးဖတ်သွားတယ်..
တော်တော်လေးခံစားလို့ကောင်းတဲ့ကဗျာလေးဘဲ။
အခုရေးသွားတဲ့ ကွန်မန့်က ကဗျာဆရာရဲ့ ဖန်တီးနိုင်မှုအရည်အချင်းတွေနဲ့ စကားလုံးတွေရဲ့ အနုပညာစွမ်းအားကို လေးစားမိတဲ့ ရင်ထဲက ခံစားချက်ကို လုံလောက်ပြည့်စုံစေမယ် မထင်ဘူး အကင် ။
ဘဝကို
နာရီတလုံးလို ငုံ့ကြည့်လိုက်တယ်။
ဒီစက်ဝိုင်းထဲမှာ ဒီခရီးကိုပဲ
အကြိမ်ကြိမ် အထပ်ထပ် လှည့်ပတ်နေရတော့
ဘဝက
သက်ရှိ နာရီလက်တံ ဆန်တယ်။
ကိုယ့်ကိုကိုယ်လည်း အဲ့လို့ ပဲမြင်တယ် ကိုကောင်းရေ
အမမိုညေ
ငါနဲ့ ငါ ကပ်လွဲသွားတာတော့ ကြာလှပြီလို့ပဲ ပြောရမလားပဲ...း)
မြင်တတ်လိုက်တာ ကိုကောင်းရာ။
ဟုတ်တယ်.ဒါကြိုသိနေတဲ့.ဇာတ်သိမ်း..
သိသိကြီးနဲ့ကနေတဲ့..ဇာတ်. ။
Exploring digg.com I noticed your website book-marked as: Blogger: ကောင်းကင်ကို.
I am assuming you book-marked it yourself and wanted to ask
if social book-marking gets you a ton of targeted traffic?
I've been thinking about doing some bookmarking for a few of my sites but wasn't certain if it would produce any
positive results. Thank you so much.
Have a look at my blog ... music
Post a Comment