‘ကြွားလုံး’ကို ဝိုင်းဖွဲ့ခတ်နေကြတဲ့ လျှာတွေကြားမှာမှ
လူ့ယဉ်ကျေးမှုက ငါ့ကိုပစ်ချသွားတယ်။
လက်ထဲက ပုလင်းကိုပဲ
လည်ပင်းညှစ်လိုက်ပါတယ်။
ငါ
နားတွေမှိတ် မျက်လုံးတွေစွင့်
လူတွေကြားထဲ အိပ်တတ်ဖို့ကျင့်ရဦးမယ်။
ကောင်းကင်ကို
Saturday, September 18, 2010
Subscribe to:
Post Comments (Atom)
9 comments:
သဘောကျမိပါတယ်ဗျ
နေသွေး(ဘရာဗို)
ကြိုက်တယ်....
ကန
တိုတိုလေးနဲ့ကောင်းတယ်ဗျ ကိုကောင်း။
နားနဲ့ ကြည့်ခဲ့ပါတယ်။ မဆိုးပါဘူး။
တွေးစရာတွေ ပေးပြန်တဲ့ ဘဝကဗျာတို။
လည်ပင်းညှစ်ဖို့ တော့လက်ထဲမှာ
ဘာပုလင်းမှရှိမနေခဲ့ပါဘူးလေ။
ဒါပေမဲ့..ငါလည်းးးးနားတွေပိတ်၊ မျက်လုံးတွေစွင့်
ပြီး လူတွေကြားထဲ အိပ်တတ်ဖို့ ကျင့်နေခဲ့ပါတယ်။
(ခုတော့များ...ဆင်အော်သံတောင်ဝါးတားတား)
ကဗျာက ရှယ်ပဲ အစ်ကိုရ တိုတိုလေးနဲ့ မိုက်တယ် ..
ရေးတတ်လိုက်တာ ။ မနာလို ဘူး ၊ အားကျတယ်
ကဗျာလေးတိုတိုလေးနဲ့ထိမိတယ်။
လူတွေကြားနားမှိတ် မျက်စိမှတ် နေနိုင်ရင်တော့ အကုသိုလ်တော့ကင်းပါတယ် ဒါပေမဲ့ .....တချို့ တချို့ကို့ လက်ပိုက်လည်းမကြည့်ချင်..ဒါပေမဲ့...
သာယာချမ်းမြေ့ပါစေရှင်း
မိုး
ကဗျာတွေကတော့အားလုံးကောင်းတယ်၊အရမ်းကြိုက်တယ်၊ခေတ်မှီတယ်၊နောက်ပြီးတော့..........လေးစားပါတယ်။
Post a Comment