Wednesday, September 1, 2010

ကဗျာတိုလေးများ

အရူး
မရူးတော့ဘူး
အားလုံးရူးနေမှတော့
သြော်…မထူးတော့ဘူး။
ကောင်းကင်ကို

ဘာသာရေးတို့ စေတနာ
နေလုံးကြီးနဲ့တူတဲ့ အမှန်တရား
ငါ့ခေါင်းပေါ်တည့်တည့်ရွက်ထားလို့ဖြစ်ပါ့မလား
ငါ့အရိပ်တွေ
သိပ်တိုနေလိမ့်မယ်။
ကောင်းကင်ကို

အငြင်းပွါးစရာကြီး
ဒီကိစ္စမှာ
မင်းဦးနှောက်ကိုလည်း စာအုပ်တအုပ်က အုပ်ချုပ်တယ်။
ငါ့ဦးနှောက်ကိုလည်း စာအုပ်တအုပ်က အုပ်ချုပ်တယ်။
သုံးဒေါ်လာကျော်တန်ခြင်းအတူတူ
ဘာလို့တမူးပိုရှူမလဲ။
ကောင်းကင်ကို

ယဇ်
သတ္တဝါတွေကို သတ်ပြီးပူဇော်ရတဲ့ယဇ်
လူအချင်းချင်းသတ်ပြီး ပူဇော်နေကြတဲ့ယဇ်
အဲဒါတွေထဲမှာ
အားလုံးရဲ့အမြစ်
ဦးနှောက်ကို ပူဇော်လိုက်ရတဲ့အဖြစ်က အဆိုးဆုံးပဲ။
ကောင်းကင်ကို

ပဋိပက္ခ
ကိုးကွယ်စရာတွေ ဆိုတာ
မျက်လုံးမှိတ်လိုက်မှသာ မြင်ရတာ။

ဒီလိုနဲ့ 
တယောက်အမှောင်ကို တယောက်က
မီးထိုးလိုက်တဲ့အခါ…..
ကောင်းကင်ကို

လောက အပြင်ဘက်က ကောင်းကင် အရောင်းဆိုင်
ဆိုင်ရိပ်ခိုလာသူ မှန်သမျှ
အမောပြေ စိတ်တိုင်းကျ သောက်ဖို့ 
ရေကြည်အေးတို့ တည်ခင်းထားပါတယ်။

Menu ကို ဖတ်ကြည့်လိုက်တော့…

“အနာဂတ်တွင်
သင်ယုံကြည်ရာ မှာယူ သုံးဆောင်နိုင်ပါလိမ့်မည်။
ယနေ့ ဘာမျှ မရပါ။”
ကောင်းကင်ကို

ခေတ်ပြောင်းလဲတပ်ဆင်မှု အနုပညာ
သားသမီးပေးလိုက်တယ်ဆိုတဲ့ အလှူကို
အခုခေတ်ထဲမှာ ထည့်ခလောက်ကြည့်တယ်။
ခေတ်ကြီးကိုက child rights တွေ ဘာ rights တွေနဲ့
အနှိုင်းမဲ့ပါရမီများ
သူ့ခေတ်သူသာ ဝတ်ပါစေ။
ကောင်းကင်ကို

ငါးမရတဲ့အတူတူ
ရေစက်လေး တစက်ကလည်း
ပင်လယ်ထက် ကျယ်ချင်ကျယ်မယ်။
ဖြစ်စေချင်တဲ့ ဆန္ဒတွေကို
ရသတွေနဲ့ ထုပ်ပိုးထားတယ်။
ကဲ..တရားမရလည်း
အနုပညာချိုးပြီးပြန်မယ်။
ကောင်းကင်ကို

ခုရက်ပိုင်း ရေးဖြစ်တဲ့ ကဗျာတိုလေးတွေကို ကဗျာဟောင်းတချို့နဲ့ ရောပြီး အတူတူ ပြန်တင်လိုက်တာပါ။

7 comments:

mama said...

အခုခေတ်ထဲမှာ ထည့်ခလောက်ကြည့်တယ်။
သူ့ခေတ်သူသာ ဝတ်ပါစေ။
သူ့ခေတ်သူ့ခေတ်....သူ့အခါ
တော်၏





ဆန္ဒတွေကို
ရသတွေနဲ့ ထုပ်ပိုးထားတယ်။

စာတွေထဲမှာတရားတွေ

တွေ့နေရတယ်နော်
ကဲ..တရားမရလည်း
အနုပညာချိုးပြီးပြန်မယ်။

နွေဆူးလင်္ကာ said...

ကောင်းတယ်ဗျ .. ကဗျာတိုလေးတွေကို ကြိုက်တယ် ..

ကိုပေါ said...

အငြင်းပွားစရာကြီးနဲ့ ခေတ်ပြောင်းလဲတပ်ဆင်မှု အနုပညာ ကို အကြိုက်ဆုံးပဲဗျ။

Anonymous said...

နည်းနည်း ဝေဖန်ကြည့်မယ်ဗျာ ..ဒီဘလော့က ကျနော် bookmark လုပ်ထားတဲ့ ဘလော့တွေထဲက တစ်ခုပါ ...အမြဲဝင်ဝင်ဖတ်ဖြစ်တယ် ..ဒါပေမယ့် နောက်ပိုင်း ...
ကဗျာတွေက အရင်တုန်းလောက် မကောင်းတော့ဘူး လို့ခံစားရတယ် ..
အရင်တုန်းက ကဗျာတွေဖတ်ရတာ ရိုးသားမှုနဲ့ စိတ်ထဲက လာတယ်လို့ခံစားရတယ် ..
အခုနောက်ပိုင်းကဗျာတွေ က နည်းနည်း (ဘယ်လိုပြောရမလဲ ) လူငယ်စကားနဲ့ပြောရရင် ဆရာကြီးစတိုင် ပေါက်တယ်ပေါ့ဗျာ ...
ကျနော် ခံစားရတဲ့အတိုင်း ဝေဖန်ကြည့်တာပါ ...

Kaung Kin Ko said...

ခုလို ဝေဖန်ပေးလို့ ကျေးဇူးပါခင်ဗျာ။

Anonymous said...

ကဗျာအတော်များများကိုဖတ်သွားဖြစ်ပါတယ်။

အကြိုက်တွေ့တာအတော်များများလေးရှိခဲ့တယ်ပေါ့။

ကျနော်က ဒီမှာနေပါတယ်...

http://mizzuri09clysna.multiply.com

ချမ်းမြေ့ပါစေ
ကိုကြည်နိုင်(ကျုံတိုင်းရွာ)

Unknown said...

ကဗျာတိုလေးတွေထဲက "အရူး"ဆိုတဲ့ကဗျာကိုကြိုက်ပါတယ်၊ဘာဖြစ်လို့ လဲဆိုတော့"လူတိုင်းဟာအရူး"တွေ
ကြီးမို့ လို့ ပေါ့။