Tuesday, August 24, 2010

တောင်ပံများရဲ့ သဘာဝ

ပြေးချင်တယ်
ငါ့ကိုယ်ငါ လိုက်မမီတော့တဲ့အထိ။
ပျံသန်းချင်တယ်
ငါ့ကိုယ်ငါ မမြင်နိုင်တော့တဲ့အထိ။

တွေးချင်တယ်
ငါ့ကိုယ်ငါတောင် ချပြလို့မရနိုင်တော့တဲ့အထိ။
ဆွေးနွေးချင်တယ်
ငါ့ကိုယ်ငါ ချွေးပျံရတဲ့ အထိ။

ငြင်းချင်တယ်
ငါ့ကိုယ်ငါ မရှင်းနိုင်တော့တဲ့ အထိ။
သြော်…
ရှင်းချင်တယ်
ငါ့ကိုယ်ငါ မငြင်းနိုင်တော့တဲ့ အထိ။

ထမေးချင်တယ်
ငါ့ကိုယ်ငါ မဖြေနိုင်တော့တဲ့အထိ။
ချရေးချင်တယ်
ငါ့ကိုယ်ငါ မျက်လုံးပြူးရတဲ့အထိ။

အတောင်ပံတွေ လွတ်လပ်ချင်တယ်
ငါ့အမိန့်ငါတောင် မနာခံတော့တဲ့အထိ။
အမှီအခိုကင်းချင်တယ်
အနာဂတ်မှာ ငါ့ခြေထောက်ပေါ်မှာတောင် ငါရပ်စရာ မလိုတော့တဲ့အထိ။

မြင့်မားချင်တယ်
ငါ့ကိုယ်ငါ ရှိခိုးနိုင်သည်အထိ။
ဈာန်ရချင်တယ်
ငါ့အဆင့်ထိငါ ပြန်မကျနိုင်တော့တဲ့အထိ။

အလင်းပွင့်လေးတခု အဖြစ်နဲ့ ရောင့်ရဲချင်တယ်။
ငါ့တကိုယ်စာငါ ခပ်ဝါးဝါးလေး မြင်ရသည်အထိ။
ဗလာလက်တစုံနဲ့
ကဗျာစက်ရုံလေးဖြစ်ချင်တယ်
ငါ့ကိုယ်ငါ ခူးဆွတ်လို့မနိုင်တော့တဲ့အထိ။

(ကောင်းကင်ကို)

16 comments:

”မင်းတာရာ” said...

ကိုကောင်းကို ရေ့ 
မင်္ဂလာပါဗျာ
ကဗျာကောင်းဖတ်သွားပါတယ်။

Anonymous said...

ကိုကောင်းကင်ကို
မင်္ဂလာပါဗျာ
ကဗျာကောင်းလေးကိုလာဖတ်သွားပါတယ်ဗျာ။

mama said...

ငြင်းချင်တယ်
ငါ့ကိုယ်ငါ မရှင်းနိုင်တော့တဲ့ အထိ။
သြော်…
ရှင်းချင်တယ်
ငါ့ကိုယ်ငါ မငြင်းနိုင်တော့တဲ့ အထိ။

ထမေးချင်တယ်
ငါ့ကိုယ်ငါ မဖြေနိုင်တော့တဲ့အထိ။
ချရေးချင်တယ်
ငါ့ကိုယ်ငါ မျက်လုံးပြူးရတဲ့အထိ။

အတောင်ပံတွေ လွတ်လပ်ချင်တယ်
ငါ့အမိန့်ငါတောင် မနာခံတော့တဲ့အထိ။ဗလာလက်တစုံနဲ့
ကဗျာစက်ရုံလေးဖြစ်ချင်တယ်




မရှင်းနိုင်ဘူး မငြင်းနိုင်ဘူးနော်
ချရေးချင်တယ် ရေးလို့မဖြစ်ဘူး

လွတ်လပ်ချင်တယ်

အမိန့်တွေမနာခံချင်ဘူးနော်

လောလောဆယ်တော့ ဗလာလက်တစုံနဲ့
ကဗျာစက်ရုံလေးဖြစ်ချင်တယ်။





မ.မ
လေးစားပါတယ်။တော်၏

ကောင်းကင်တွေးတတ်ရေးတတ်တယ်။

အယ်ကဟော said...

ပြေးချင်တယ်၊ အကြွေးရှင်တွေ မမြင်နိုင်တဲ့ အထိ၊

ကောင်းမွန်ဝင်း said...

“ကဗျာကိုဖတ်ရတာ
အတောင်ပံတစ်စုံတတ်ဆင်ထားရသလို
မြင့်လာတယ် ဘ၀င်၊
လင်းလာတယ် ဥာဏ်စင်၊

ကောင်းကင်ကိုရှင့်
ကဗျာထဲက အတောင်ပံ
လိုချင်တယ်ဆိုရင်
ငြိုငြင်မှာလား
သုံးယောက်စာပေးပါ။ (ကျွန်မ၊သား၊ ယောက်ျား)

ကဗျာစက်ရုံက
သဘာဝအတောင်ပံ
အစုံအကောင်းအသစ်
ဈေးမဆစ်ပဲဝယ်လိုက်မယ်။”

ကြည်ကြည် said...

ကိုကောင်းရေ

ကဗျာလည်းဖတ်ရင်း
ကောင်းတယ်လို့ လည်း ထပ်ပြောရင်း


ကျေးဇူးတင်ကြောင်းပြောရင်း

ကြည်ကြည်

နွေဆူးလင်္ကာ said...

ကောင်းပါတယ်ဗျာ ... ကဗျာစက်ရုံဆိုလည်း အဆင့်မှီတဲ့ စက်ရုံလေး ဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ် ...

ညလင်းအိမ် said...

ကောင်းလိုက်တဲ့ ကဗျာ တစ်ပုဒ်ပါပဲ ...

Anonymous said...

ဖတ်ချင်တယ် မျက်လုံးတစုံ ကျွတ်ကျတဲ့အထိ
ရေးချင်တယ် ကွန်မန့်တခုနဲ့
ကျမ်းပြုလို့ ရသည်အထိ......

လေးစားစွာဖြင့်
ကန

Mhu Darye said...

ငြင်းချင်တယ်
ငါ့ကိုယ်ငါ မရှင်းနိုင်တော့တဲ့ အထိ။

း)

ကျော်သိင်္ခ said...

ကိုကောင်းရေ

ဖတ်ချင်သေးတယ် ကဗျာတွေကို
လေပြင်းတွေ လာခြွေချိန်အထိ

မှတ်ချင်သေးတယ် စာသားလေးတွေကို
ဘ၀ အနားပေးချိန်အထိ

အားပေးနေမယ် ဒီအရေးအသားလေးတွေကို
ဂီတတေးသွားတွေ ဖြစ်လာတဲ့အထိ

November Shwe Moe said...

အကို..မင်္ဂလာပါ။
အကိုသာ ကဗျာစက်ရုံဖြစ်ခဲ့ရင်
ကျနော်က..မူလီလေးတစ်လုံးတော့
ဖြစ်ချင်တယ်အစ်ကိုရယ်။....
လေးစားလျက်....

Anonymous said...

အလင်းပွင့်လေး တစ်ခု အဖြစ်နဲ့ ရောင့်ရဲချင်တာ ကောင်းပါတယ် ... အများကိုလည်း အလင်းရောင်
ထင်ဟပ်နိုင်မှာ ...
ငြိမ်းစိုးဦး

kkkbkk said...

ကောင်းလွန်းတော့ဘာပြောရမှန်းမသိ၊ပြောခြင်တာက
တော့၊ကျန်းမာရေးဂရုစိုက်ပါ။ထမင်းဟင်းမစားပဲကဗျာ
တွေကြီးရေးနေရင်။တော်ကြာလေမုန်တိုင်းတိုက်ရင်..
လဲနေဦးမယ်၊စေတနာနဲ့ ပြောတာပါ။

kkkbkk said...

ကောင်းလွန်းတော့ဘာပြောရမှန်းမသိ၊ပြောခြင်တာက
တော့၊ကျန်းမာရေးဂရုစိုက်ပါ။ထမင်းဟင်းမစားပဲကဗျာ
တွေကြီးရေးနေရင်။တော်ကြာလေမုန်တိုင်းတိုက်ရင်..
လဲနေဦးမယ်၊စေတနာနဲ့ ပြောတာပါ။

Anonymous said...

Bar lo e' lauk taw nay tar le'?