Friday, July 16, 2010

တဘက်မြင်

လောကကြီးမှာ
ဖြေရအခက်ဆုံး မေးခွန်းက
ကိုယ့်ကိုယ်ကိုယ် ပြန်မေးတဲ့ မေးခွန်းပဲ။

ဖြေကြည့်လိုက်တော့လည်း
ဘုရားတွေ ဆိုတာတောင်မှ
သတ်မှတ်မှုအရပဲ ရှိတာ။

ယုံကြည်ချက်လို့ ခေါ်ချင်ခေါ်
မှိုင်းလို့ ခေါ်ချင်ခေါ်
ရပ်မယ့်ခြေထောက်တွေရှိလို့
ရပ်စရာ မြေကြီးရှိတာ။

ဒီလိုနဲ့ ငါ
တိမ်တွေပေါ်မှာ ရပ်
သူများတွေကို ဖျတ်ခနဲ အကြည့်
ဟော..ဟိုမှာ ပိစိလေးတွေ။
ကောင်းကင်ကို

6 comments:

Anonymous said...

ကိုကောင်းရေ

မှန်တယ်ကွ
ရပ်စရာ ခြေထောက်ရှိ လို့  ရပ်စ၇ာ မြေကြီးဖြစ်တာ...........

တိမ်တွေ ပေါ်မှာ ကိုယ့် လို ပဲ ရပ်နေတဲံ့ သူတွေ များလားပဲနော်
ဒါဆိုရင် ကိုယ်ကိုယ်တိုင်လည်းပိစိကွေးလေးပါပဲနော်


အမ မိုညေ

sait phay yar said...

ရပ်စရာ ခြေထောက်ရှိ လို့  ရပ်စ၇ာ မြေကြီးဖြစ်တာ...........
မြေကြီးရှိလို့ရပ်ခွင့်ရှိတာလေ... မြေကြီးမရှိဘဲ ခြေထောက်ရှိနေလို့ဘယ်လိုရမလည်း ကိုကင်း

Kaung Kin Ko said...

ဒါက တကယ့် မြေကြီးနဲ့ ခြေထောက်ကို ပြောတာမဟုတ်ဘူးလေ မမေရ။

သွယ်လင်းဆက် said...

အခုချိန်ထိ တဘက်ပဲမြင်ခဲ့တာ ကြာပြီ။

Myanmar Good Knowledg Co., Ltd said...

မျက်စိနှစ်လုံးရှိတယ်
တစ်ဘက်ပဲ ကြည့်မယ်။

ဒါတောင် ကိုယ်က သူများထက်တော့ ကြီးနေသေးတယ်။
သူများတွေကတော့ သေးသေးလေး။

နှစ်ဘက်ကြည့်ရင်ပိုဆိုးမယ်။
ကိုယ်က ပိုပိုကြီးလာပြီး၊ သူတို့က ပိစိကွေးလေး။

အင်း သနားစရာ (ကိုယ့်ကိုကိုယ် ပြောတာမဟုတ်ဘူးနော် )
သုံးဘက်မြင် 3D ဆိုရုပ်လုံးပိုကြွ ၊ ကိုယ်က ဧရာမ။
သူတို့က မှုန်တုန်မွတွ တကယ့် ပုရွက်ဆိတ်၊ ခြ။

mama said...

တဘက်မြင်
လောကကြီးမှာ
ဖြေရအခက်ဆုံး မေးခွန်းက
ကိုယ့်ကိုယ်ကိုယ် ပြန်မေးတဲ့ မေးခွန်းပဲ။


သေချာတာပေါ့....
တဘက်ပဲမြင်ကျတော့....
ကိုယ်ဖို့ပဲကိုယ်သိ....
ငါ့ဘို့သမားများတာပေါ့....
တဖက်ပဲသိတဲ့ လူက...
တဖက်ပဲကြည့်တတ်တဲ့ သူက..
သူလုပ်ခဲ့ တာသူ..
ပြန်ပြီးကိုယ့်ကိုကိုယ်မေးရဲဘူးနော်.

တွေးတတ်တယ်.
ရေးတတ်တယ်လေးစားတယ်.
ကောင်းကင်