Wednesday, July 7, 2010

ဓားဝှက်ထားတဲ့ ခြေဖဝါး

အစကတော့
သောနုတ္ထိုရ်လို အကြည့်
ဒုက္ခသည် ဥပဓိနဲ့ ။

ကိုယ့်အတ္တကိုယ် မျက်နှာလွှဲ
ဖေးကူလက်တွဲ လိုက်မှ
အပြုံးတချက် မပျက်
လူစားလဲရက်တာ နာလိုက်တာ။

အစကတော့
မိတ်ဆွေထက်ပိုတဲ့ အပြုံး
ပန်းပွင့်မျက်နှာဖုံးနဲ့ ။

ကိုယ့်သံသယတွေကို သန့် ရှင်း
ခင်မင်မှုတွေနဲ့ တံတားခင်းပေးလိုက်မှ
ဓားသွားနဲ့ ချနင်း
ငါရင်းလိုက်ရတာ နာလိုက်တာ။
ကောင်းကင်ကို

7 comments:

Anonymous said...

ကိုကောင်းေ၇


အ၇င်ဆုံးလာမန့် လို့ ၇သွားတယ်း)
ကောင်းတယ် ကွယ် ဒီကဗျာလည်း

ဟုတ်ပ ကိုကောင်းေ၇
ကိုယ့်သံသယတွေကို သန့် ရှင်း
ခင်မင်မှုတွေနဲ့ တံတားခင်းပေးလိုက်မှ
ဓားသွားနဲ့ ချနင်း
ငါရင်းလိုက်ရတာ နာလိုက်တာ။

အင်း give and take ကိုသိပ်မစဉ်းစားတော့ ပါဘုး ဘယ်သူမပြု မိမိမှု့ လို ပဲ မှတ်လိုက်ပါတယ် win win situation ကိုတော့ မျှော်လင့် မှိတာတော့ အမှန်ပေါ့ ကွယ်

မမိုညေ

ညလင်းအိမ် said...

ခံစားမိတယ် အကိုရ ...း((

ကောင်းမွန်ဝင်း said...

ကောင်းကင်ကိုရဲ့ “ ဓားဝှက်ထားတဲ့ ခြေဖ၀ါး ” ထပ်ဆင့်ခံစားပါရစေ။

“ အသားနာတာ ထက် အသည်းနာတာခက်
ဒီ့ ထက်ဆိုးတာက မင်း
ခြေနဲ့ မှ နင်းရက်တယ်
ဓားးဝှက်ထားတဲ့ ဖ၀ါးပိုင်ရှင်
လက်နက်ပုန်း ကျင်လည်သူကြောင့်
အသက်ထက်ဆုံးခင်တွယ်မယ့် ငါ့ အသည်း ဟက်တက်တက်ကွဲ။ ။ ”

ဒီရေ said...

ရောက်ပါတယ်... အစ်ကို.. ကဗျာတွေ အမြဲ လာဖတ်ပြီး commend မပေးခဲ့ဘူး.. အခုတော့ မနေနိုင်တော့ဘူးဗျာ.. ပေးခဲ့မယ်.. အပေါ်က Anonymous ပြောတဲ့ အပိုဒ်လေးကို အရမ်း သဘောကျမိတယ်...

ကိုယ့်သံသယတွေကို သန့် ရှင်း
ခင်မင်မှုတွေနဲ့ တံတားခင်းပေးလိုက်မှ
ဓားသွားနဲ့ ချနင်း
ငါရင်းလိုက်ရတာ နာလိုက်တာ။


အရမ်းကို ကောင်းတယ်..
အားပေးလျှက်
ခင်တဲ့
ဒီရေ

သွယ်လင်းဆက် said...

FB မှာအရင်ဖတ်ရတယ်။ အခုမှဒီမှာထပ်လာဖတ်တာ။ လူတွေအကြောင်းပိုပြီးမြင်မြင်လာတယ် ကိုကောင်း။

mama said...

ကိုယ့်သံသယတွေကို သန့် ရှင်း
ခင်မင်မှုတွေနဲ့ တံတားခင်းပေးလိုက်မှ
ဓားသွားနဲ့ ချနင်း
ငါရင်းလိုက်ရတာ နာလိုက်တာ။



နှလုံးသားတစ်ခုဆိုတော့

အရင်းအနှီးကြီးတာပေါ့နော်။

နောက်တခါထပ်ရင်းရင်သတိထားတော့နော်...

Anonymous said...

I like it so much.Not only beautiful
but also full of sorrow.
(Forgive me my office can't install myanmar fount.)

tzha76