ကမ္ဘာကြီးရဲ့ တနေရာရာမှာ
ငြိမ်ငြိမ်ကုတ်ကုတ်နဲ့ 
စာလုံးတွေ စီပြီး ဟိုဖြုတ် ဒီဖြုတ်
ကဗျာရုပ်လေး လုပ်နေရတာ ဝါသနာပါတယ်။
အလုပ်လက်မဲ့ အက္ခရာတွေကို စည်းရုံး
စာသားသက်သက် တီးလုံးတွေနဲ့ 
စာမျက်နှာ ကွင်းအနှံ့ 
လကာင်္တွေကို တပ်ဖြန့် လိုက်ပြီ။
ရသဦးစားပေးလွန်းတဲ့
ကဗျာယူနိုက်တက် အသင်း
ရင်ဘတ်တွေထဲကို ဂိုးတွေတော့သွင်းနိုင်ပါတယ်။
ဒါပေမယ့် အမှတ်ပေးဇယားရဲ့ အောက်ခြေမှာ
တခါတခါ ထိုးနှက်မှုလွန်ကဲ
တချို့ရဲ့အကြိုက်နဲ့ လွဲရင်
Web 2.0 ကွင်းထဲမှာ
ချက်ခြင်း အဆဲခံရတတ်သေးတယ်။
ကိုယ်ကတော့
အသင်းရဲ့  လစာမဲ့နည်းပြ
အက္ခရာတွေ ကစားဖျော်ဖြေ နေသမျှ
ပီကေ အစား ပီတိကို ဝါးပြီး
ကြည့်နေရရင် ကျေနပ်တယ်။
ကောင်းကင်ကို
Sunday, March 21, 2010
Subscribe to:
Post Comments (Atom)
15 comments:
ကဗျာယူနိုက်တက် နိုင်ပွဲတွေ ဆက်ပါစေဗျာ ကိုကောင်း။ :) good idea
ဒီဘလော့ဂ်က ကဗျာတွေ ဘယ်ကဗျာပဲဖတ်ဖတ် ရင်ထဲအထိရောက်တယ်ဗျာ။
အတော်များများဖတ်သွားပါတယ်။
ဘလော့ဂ်တွေလည်ရင် အချိန်မရတာနဲ့ ကွန်မန့်မပေးတော့ဘူးလို့ ဆုံးဖြတ်ထားခဲ့ပေမယ့် ရင်ဘတ်ချင်းတူနေတဲ့အတွက် မမန့်ဘဲမနေနိုင်လို့ မန့်ခဲ့ပါကြောင်း။
ကောင်းလိုက်တာ။
ကောင်းလိုက်တာ
ပိတိစားအားရှိနိုင်ပါစေ ကိုကောင်း.......
ဂွတ်ထ ဂွတ်ထ
အင်း ... COACH ဖြစ်တာတော့ကောင်းပါရဲ့ ..ဒါပေမဲ့ ပီကေ ဝါးရတဲ့ဒဏ်တော့ အတော်ခံရမယ်..ဗျို့
လေးစားစွာဖြင့်
ကန
ကဗျာလေးက ကောင်းမှကောင်း
ပိတိလေးစားချင်လို့ တဖဲ့လောက်...း)
အစ်ကိုရေ ...
ကဗျာယူနိုက်တက်
ကမ္ဘာ့ ဖလားထက်သာတဲ့ ကဗျာ့ ဖလားကြီး ... ရပါစေ ... ။
ဆံပင်ဆိုးဆေး စပွန်ဆာ ပေးချင်လို့ဗျို့
း)
Thanks for info, I am always looking for something interesting on the Internet, i want to send
photos for your blog
ကဗျာတွေ အမြဲတမ်းလာဖတ်ဖြစ်ပါတယ် ဝမ်းနည်းမှုတွေဖြေသိမ့်ပေးနိုင်တယ်
အစ်မစာတွေကြောင့်ဘယ်သူတွေပြောင်းလဲသွားလဲ တိုးတက်တဲ့ သူဘယ်လောက်ရှိလဲ
ဆဲသလိုပါပဲအပြောခံရတယ်
မင်းနဲ့ထပ်တူစာပေမြတ်နိုးတာ
မှားနေတယ်လို့ကိုမထင်တာနော်
အမြဲအားပေးနေမယ်နော်
အစ်ကိုရေ ကဗျာ ယူနိုက်တက် အသင်း အနိုင်တွေ ဆွတ်ခူးနိုင်ပါစေ ...း) ရေးတတ်လိုက်တာဗျာ ..
ကဗျာ ယူနိုက်တက် ဆိုမှတော့ ...
ဇယားအောက်ခြေမှာ ဘယ်ဟုတ်တော့မလဲ အစ်ကိုရာ ...
ချန်ပီယံဖလားကို လူအမြင်ကတ်လောက်အောင်
ဆွဲစားနေတော့ပေမပေါ့ ... :D :D
Post a Comment