ကင်းထောက်တွေ မရှိလောက်ဘူးအထင်နဲ့ 
ကိုယ့်မျက်ဝန်း ပြတင်းပေါက်ကနေ
သောကတွေ တစက်ပြီး တစက် ဖောက်ချလိုက်တာ
ကိုယ့်စိတ်က မြင်သွားတယ်။
ပဒေသရာဇ်အမိန့် ဆန်တဲ့ သူ့ စီရင်ချက်တွေအောက်မှာ
မိဘမဲ့သွားတဲ့ အလိုဆန္ဒများ
မလာတော့မယ့် ရထားကို စောင့်နေကြဆဲ။
ညက မက်တဲ့ အိမ်မက်ဆိုးအကြောင်းလား?
အချစ်ဆိုတဲ့ စာမေးပွဲမှာ
တလုံးလေးမှားလိုက်တာနဲ့ 
သုညပဲ ရခဲ့တယ်။
ကောင်းကင်ကို
Friday, March 19, 2010
Subscribe to:
Post Comments (Atom)
14 comments:
အားပေလျှက်ပါ .. ကဗျာများများရေးနိုင်ပါစေ...
ကိုကောင်းရဲ့ ရမှတ်လား...?
ရမှတ် ... ။
သုည ... ။
နောက်တစ်ခါ အမှတ်တစ်ရာရအောင်လုပ် ကိုကောင်း :D
ပလေးဘွိုင် ကိုသန်းနိုင် စကားလို ...
အဲ့သီချင်း Intro လာလိုက်ပုံကြီးက လူကို မျက်ရည်တွေ ၊
ဘာတွေ ၀ဲထွက်သွားတယ် ဆိုသလို ...
ကိုကောင်းကင်ကို ကဗျာက First Verse မှာတင် စိတ်ကို
ညှို့ထားလိုက်ပုံက အသက်ပါလိုက်ပ ... :)
စိတ်မပူနဲ့အစ်ကို စာမေးပွဲကြေးသွင်းပြီး ပြန်ဖြေလို့ရတယ် :P
ကိုကောင်းကင်ကို....
ကျွန်တော်လာသွားတယ်။
အချစ်ဆိုတဲ့ စာမေးပွဲမှာ
တလုံးလေးမှားလိုက်တာနဲ့ 
သုညပဲ ရခဲ့တယ်။
ဆက်လျှောက် bro. ခင်ဗျားခရီးအတော်ပေါက်နေပြီ
ခံစားသွားပါတယ်
ကဗျာလေးကိုခံစားသွားပါတယ်
ကောင်းကင်ကို
မောင်လေးရေ ဒီနေ့ ကမ္ဘာ့ကဗျာ နေ့ မှာ အမမောင်လေးဆိုဒ်ကို မအားတဲ့ကြားထဲ က ၀င်ကြည့်ဖြစ်တယ် ။ မောင်လေးကဗျာတိုင်းကသက်ဆိုင်ရာအကြောင်းရင်းတွေ နဲ့ အင်မတန် ထိမိတာမို့  လက်ရှိ ဖြစ်ပေါ်နေတဲ့ ဂယက်လေးတွေ အကြောင်း ရေးပါဦး
အမ မေအိခင်
အားမငယ်နဲ့အကို သုညဆိုတာ ဘယ်ကိန်းနဲ့ ပေါင်းပေါင်း တန်ဘိုးက ရှိပြီးသားပါ။
ကဗျာလေး အရမ်းကောင်းတယ်။
ခင်မင်လေးစားလျှက်
ညက မက်တဲ့ အိမ်မက်ဆိုးအကြောင်းလား?
အချစ်ဆိုတဲ့ စာမေးပွဲမှာ
တလုံးလေးမှားလိုက်တာနဲ့ 
သုညပဲ ရခဲ့တယ်။
ဂွတ်တယ် ...း)
ဒီကဗျာလေးကိုလည်း အရမ်းကြိုက်ပါတယ်... :)
Post a Comment