သုညတွေ တစ်တွေနဲ့ 
သိမ်းထားတဲ့သီချင်းတပုဒ်
ချစ်သူ့ ရင်ကို ကိုင်လှုပ်ဖို့ ပေါ့။
ဒီဘက်မှာလည်း စိတ်စောနေတဲ့ ဒီဂျေတယောက်
အီလက်ထရောနစ် ဘောက်ချာကို စောင့်နေတယ်။
ဟိုဘက်မှာလည်း စိတ်မရှည်တော့တဲ့ပန်း
သူ့ စိတ်မနောပါးစပ်နဲ့  ကြမ်းနေမယ်။
ပုဂံနက် ဆိုတဲ့ စာပို့ ခိုရေ
ငါတို့ ကို သနားပါဦး
သီးသန့် ကမ္ဘာသားကို လာချစ်မိရှာသူတယောက်
သူ့ စိုသောနှလုံးသားများ မခြောက်သေးခင်။
ကောင်းကင်ကို
Tuesday, October 13, 2009
Subscribe to:
Post Comments (Atom)
9 comments:
ဝေးးးးးးးးးးးးးး
ပထမဆုံး လာဖတ်တာ ဘူလဲဗျ။
ဟိဟိ သမီးကြီး အိန်ဂျယ် ဖြူစင်ကြယ် ဖြစ်ပါသည်။ ဟိဟိ.....
ဘကြီးကောင်းရေ.......
အိမ်တကာ တစ်မရလို့ ကောက်နေတာ ကွေးတောင်သွားပြီဗျာ...ဒီမှာ တစ်ရလို့ ပျော်သွားတယ်။ ဟိဟိ
အားပါးးးးးးးးးးးးးး
ကဗျာလေးကို ငါးကြိမ်တိတိဖတ်သွားတယ်။
ကွန်သိပ်ကောင်းနေတယ်ပေါ့.. :)
အံမယ် အံမယ် ရုပ်ကြီးက ကဗျာလေးက တယ်ဟုတ်ပါ့လား သိနေတယ်နော်...
ကောင်းလိုက်တာဗျာ ... ကဗျာ က...
ကျွန်တော့်ကိုစောင်းရေးထားတာလား...
ကျွန်တော်လည်း ကွန်နက်ရှင်ကြီးကို လာဘ်ထိုးရလို့
ရှိတာတွေပြောင်တော့မယ်... :P
ကဗျာလေးက ထိထိမိမိလေးဗျာ။
မင်္ဂလာပါ ဗျာ။ လာလည်သွားပါတယ်။ ကိုယ်ယောင်ပျောက်ဆေးလဲ လာသောက်ပါဦးဗျာ။
ချမ်းလင်းနေ
http://chanlinnay.blogspot.com/
ကဗျာရဲ့ဆိုလိုရင်းကတော့ ထိထိမိမိရှိလှပ ။
သီးသန့်ကမ္ဘာသူလေးတွေရဲ့ ချစ်ခြင်းခံနေသူတွေပေါ့ဗျာ..
ဟက်ဟက်
eduking :)
Post a Comment