Tuesday, August 4, 2009

တိုက်စစ်မှူးမဟုတ်တဲ့ တိုက်စစ်မှူး

'အေ'ဟာ မထီသလိုသဘောနဲ့ 
အသေအချာ ဘီကိုပြောတယ်
“ကလောင်တွေ ရွှေ့ ရုံနဲ့ 
တောင်တွေ မရွေ့ ဘူး”တဲ့။

'ဘီ'ဟာ မမှုသလိုသဘောနဲ့ 
ရီကာ အခုလို ပြောတယ်။
“ယုံကြည်ချက်ဟာ တောင်တွေကို ရွှေ့ နိုင်တယ်”တဲ့။
“ကလောင်နဲ့ ယုံကြည်ချက်တွေကို ရွှေ့ မယ်။”

'အေ'ဆိုတဲ့ သူငယ်ချင်းရေ
ဘဝပေါင်းများစွာ ထည့်အကြိတ်ခံတာတောင်
ဆီမဖြစ်သေးတဲ့ပွဲမှာ
ပါဝါရထားတဲ့ အရုပ်ကရော
ဘေးကထွက်ကြည့်နေတဲ့ အရုပ်ကပါ
ပွန်းတွေစိတ်အားထက်သန်တဲ့တကျပ်တပြား
နည်းတယ်ဆိုပြီး ငြင်းသင့်သလား။

ပြောနေ ဆိုနေတုန်းမှာပဲ
ဆောင်းဦးလှိုင်ရဲ့ သီချင်းသံ
ဂီတတောင်ပံနဲ့ ဝဲပျံလာတယ်။
“လူဟာ…ခံစားမှုရဲ့ တွန်းကန်အားကို ရရှိနိုင်မှ
ငါတို့ အကောင်းဆုံးဆုများ ယူနိုင်မှာ”တဲ့။

ကဲ..ကဲ..သူငယ်ချင်းတို့ 
ခွဲခြားခြင်းဟာ အမှားတခုမို့ 
တွဲကစားရင်းသာ အားစုစို့ ။
ကောင်းကင်ကို

9 comments:

ကိုပေါ said...

မှန်၏။ နှမ်းတလုံးနှင့် ဆီမဖြစ်ဘူးဆိုချင်သူများ နှမ်းစေ့ရာထောင်ဖြစ်လာဖို့ နှမ်းတလုံးရဲ့ စွမ်းအားကိုလည်း လျှော့မတွက်သင့်ဘူး။ အဓိက ကတော့ Participation ဆိုတဲ့ ပူးပေါင်းပါဝင်မှုပဲ။ လူတွေဟာ ကိုယ့်ရဲ့ ပူးပေါင်းပါဝင်မှုကို အရာမရောက်ဘူးလို့ ထင်နေကြတွေ၊ ပူးပေါင်းပါဝင်ဖို့ တွန့်ဆုတ်နေကြတာတွေကို ပြန်လည် ဆန်းစစ်သင့်ပြီလို့ ယူဆပါတယ်။

Anonymous said...

တွဲကစားရင်းအားစုစို့....

mie nge

တန်ခူး said...

သိပ်ကောင်းတဲ့ ကဗျာလေးပါ… ဘာပဲဖြစ်ဖြစ် အယူအဆတွေ နည်းလမ်းတွေ မတူကြလဲ ပန်းတိုင်က တခုထဲပဲမိုလား…

win latt said...

ကလောင်တွေ ရွှေ့လို့
တောင်တွေ မရွေ့ဘူး..ဟုတ်...????။
ကလောင်သွားထက်ရင်
တောင်အဖျားကစ အက်ကွဲတတ်ပါကြောင်း။

Mhu Darye said...

”ကလောင်တွေ ရွှေ့လို့
တောင်တွေ မရွေ့ဘူး.”
“ယုံကြည်ချက်ဟာ တောင်တွေကို ရွေ့ တယ်”
“ကလောင်နဲ့ ယုံကြည့်တွေကို ရွေ့ မယ်”

...ဒီကဗျာမှာ.. ထည့်သုံးထားတဲ့ အပြောလေးတွေကို ကြိုက်တယ်။

ကိုလူထွေး said...

ဘဝပေါင်းများစွာ ထည့်အကြိတ်ခံတာတောင်
ဆီမဖြစ်သေးတဲ့ပွဲမှာ

ကဲ..ကဲ..သူငယ်ချင်းတို့ 
ခွဲခြားခြင်းဟာ အမှားတခုမို့ 
တွဲကစားရင်းသာ အားစုစို့ 


ဟုတ်တယ် ကောင်းကင်ကိုရေ... တို့တတွေအားလုံး ရည်ရွယ်ချက်တူတဲ့ ခရီးအတွက် ညီညွတ်ကြဖို့လိုပြီ...

lynnnayko said...

ကြိုက်တယ်ဗျာ...

ညလင်းအိမ် said...

အကို့ ကာရန်တွေကတော့ အရမ်းကိုမိုက်တာပဲဗျာ........

Anonymous said...

Anyhow, we own our dreams .. who want to blame what we dreamt ??