Saturday, March 28, 2009

တချို့ လမ်း

ဒြပ်မဲ့ ဆံကေသာမှာ
လျှပ်တစ်လက်စာ ပန်ခွင့်ရဖို့ 
‘ကတ္တီပါလက်’ထိပ် ‘ဖန်’ရှသလို
တီကောင် ကြက်အဆိတ် ခံရသလို
အလူးအလဲ
ငရဲ။

ကောင်းကင်ကို

11 comments:

ကိုပေါ said...

ဒီကဗျာကိုလည်း ကြိုက်သဗျာ။ ကောင်းကင်ကို ကဗျာလေးတွေကို လိုက်လိုက်ဖျက်တဲ့ ကဗျာဖျက်ပိုးဘ၀ ရောက်သွားမှာ စိုးလို့ ကဗျာနဲ့ ကွန်မင့်မလုပ်တော့ပဲ မှတ်ချက်သက်သက်အဖြစ် ချန်ထားရစ်ခဲ့ပါတယ်။း-)

မမသီရိ said...

မောင်လေး
လွမ်းနေတာလား.. ?
အဆင်ပြေပါစေ နော်

m a w k o e said...

ကဗျာဖျက်ပိုး ဆိုတာ
ကမ္ဘာဖျက်ပိုးထက်ဆိုးတာပေါ့။

အိန္ဒြာ said...

ကောင်းကင်ကိုရေ...

ဖတ်သွားသပေါ့....

yehtutnaung said...

ထိမိလှတဲ့ ကဗျာလေးပါလားဗျာ..။

mgnge said...

:)
ကောင်းပါဗျာ..။

အိုင်လွယ်ပန် said...

တစ်ချို့တွေက
ခဏတာလေးကိုပဲ အကြာကြီးထင်ကြတယ်အစ်ကိုရေ ...

ကိုရင်နော်ခင်လေးငယ် said...

လျှပ်တစ်လက်စာ ပန်ခွင့်ရဖို့...

အင်းးး.. ငရဲ ငရဲ...

Unknown said...

ကဗျာကောင်း၏။သိပ်အရှည်ကြီးဖတ်စရာမလိုပဲတွေးရတာပိုကောင်း၏။(-း

လင်းလက် said...

ကိုကောင်းကင်ကိုရေ
ရောက်တယ်ဗျာ...
အခုနောက်ပိုင်း အတိုလေးတွေနဲ့ ကျဲနေတာလည်း တမျိုးဖတ်ကောင်းတယ်ဗျာ....
လေးစားလျှက်....

RePublic said...

အရေးအသားတွေ အားကြီးကြိုက်တယ်ဗျာ ၊၊