Saturday, December 27, 2008

ပိုးဖလံ

နှုတ်ဆက်ကြဖို့ အချိန်တန်
နောက်ဆုံးတစ်ခွက်ချလို့ အိမ်အပြန်မှာ
ငါလည်းပဲ
အချစ်ဆိုတဲ့ ကြိမ်ဒဏ်နဲ့ 
နှစ်လို ဇိမ်ခံချင်မိတယ်။

ကောင်းကင်ကို

24 comments:

Anonymous said...

ဟာ... ၅ ကြောင်းထဲနဲ့ ပက်ပက်စက်စက်ထိတယ်ဟေ့။း)

ကိုရင်နော်ခင်လေးငယ် said...

ဗုဒ္ဓေါရေ....
.... .... .... .... .... !! :D :) :၊)

အမြဲလေးစားမိတဲ့...
ကိုရင်၊ ခင်လေး၊ ကလေးလေး

ဒီရေ said...

ကောင်းလိုက်တာဗျာ... ဖတ်ရင်းတွေး... တွေးရင်း နဲ့ အဓိပ္ပါယ်တွေ အများကြီးထွက်တယ်...

Eduking said...

မိုက်တယ်ဗျာ...
ခံစားချက်အဟောင်းလေးကို ပြန်ဆွပေးလိုက်သလိုပဲ..

Anonymous said...

အားး....နာမှာပေါ့ အစ်ကိုရ ကိုးရီးယားကားထဲကလို ဟိုလိုကြိမ်ဒဏ်ပေးရင် င်္ဘီလိုလုပ်မလဲ =)

RePublic said...

ဟုတ်ပါ့ဗျာ ၊၊ ကြိမ်ဒဏ်များလေ ကောင်းလေ ပေါ့ ကောင်းကင်ကြီးရေ ၊၊

December Cinderella said...

Version ပြောင်းလိုက်တာ ..
ဒါပေမဲ့ .. New Version ရော Old Version ရော ကြိုက်တယ် ..
ဘာရေးရေး ကြိုက်နေမိတယ် ...
အဲ့ဒါမှ ခက်ကရောပဲ ..
ကြာရင် My Mickey လေး အထင်လွဲစရာ ဖြစ်တော့မယ်။
နေ့နေ့ညည ရင်ထဲမှာ
ကိုကောင်းကင် ကဗျာတွေပဲရှိနေတယ်။
ကဗျာပေါင်းချုပ်လဲ ထုတ်ပေးချင်လှပြီ။
ကဗျာပေါင်းချုပ်လဲ ထုတ်ပေးပြီးရော
Cinderella လဲ အိမ်ထမင်း အိမ်ဟင်းနဲ့ ဝေးရော ဖြစ်မှာ။
ကျွေးထားမှာလားဟင် ..

sait phay yar said...

ကိုကင်းရေ.. အသို့နည်း ထိတယ်နော် ဒီတစ်ခါတော့ တိုတိုလေးပါလားဗျ

ဆောင်းယွန်းလ said...

ညီလေးရေ.ကဗျာလေးက၅ကြောင်းထဲနဲ့ပြည့်တယ်...
ကြိုက်တယ်ဟေ့..လွှတ်ပြီးတော့ကိုကြိုက်မိတာ...

အိုင်လွယ်ပန် said...

နိပ်တယ်ဗျ....
ကိုကောင်းကင်ရေ !

pandora said...

တိုတိုလေးနဲ့ ထိတဲ့ ကဗျာ..

tututha said...

မိုက်လှချည်လားဟ .. အကြွေးမပေးချင်လည်း မပေးနဲ့တော့ဟာ ...။ ကျုပ် ညည်းကို မဲပါ ထည့်လိုက်တယ် .. ရှင်းရော ..

Nyein Chan Aung said...

ကဗျာမိုက်တယ်ညီ။ နှစ်သစ်မှာ ကဗျာထဲကလို လိုအင်ဆန္ဒပြည့်ဝပါစေကွာ။

ATN said...

အော... ကိုယ့်ညီလည်း... မီးတောက်နဲ့ တွေ့ခဲ့ပြီကိုး...း)

mgngal said...

အဲ ဟုတ်နေပြီ ။ ဇိမ်ခံစေဗျား ။ :D

မိုးသား said...

အဲဒီလို ကြိမ်ဒဏ်တော့
ခပ်ပျော့ပျော့ရိုက်မှာ ကြောက်တယ်။
နောက်ဆုံးတစ်ခွက် မသောက်ရလဲ
တစ်ယောက်ထဲ ဇိမ်ခံ
သောက်လဲ အိမ်ပြန်ရဦးမယ်။

ဟားဟား...စတာပါ အစ်ကိုရာ..
ဒါနဲ့ ကဗျာပေါင်းချုပ်က ကျွန်တော့်ကို ကတိပေးပြီးသားနော် ...ကိုကောင်း မမေ့နဲ့...ဟင်းဟင်း...

ခေါင်ခေါင် said...

အဲဒိ ကြိမ်ဒဏ် ကလူတိုင်း လိုချင်တယ်..

phoe thu taw said...

ဒီမီးကတော့ ပုထုစဉ် မှန်သမျှ တိုးကြရဦးမှာပါပဲ..

HAPPY CLOUD said...

အရမ်းကောင်းတာပါပဲလား....ကိုကောင်းရေ...
အဲလိုကဗျာတိုတိုလေးတွေဆို ကျနော်ဖိုးမောင်တို့ အလွတ်ကျက်ပီး... မှတ်ထားပါတယ်ဗျာ...
ဖိုးမောင်

အိတာ said...

always rooted to Ur poem!!!
all de best! :D


always
eitar

my apology .currently no myanmar font!

Pinkgold said...

ထိတယ်အကိုရာ
ပက်ပက်စက်စက် ထိတယ်

D Soe said...

ကဗျာလေး တော်တော်ကောင်းတယ်။
အားပေးလျက်ပါ။

winlatt said...

ကဗျာကောင်းလေးတွေလာဖတ်သွားပါတယ်...
“ ချစ်သူပုံရိပ် ” ကနေ ခုန်ကူးလာတာပါ...။
လေးစားပါတယ်...။

လင်းနေ said...

လန်ထွက်နေတယ်