Tuesday, December 2, 2008

အခမဲ့ (ဆို...နွဲ့ ယဉ်ဝင်း)

နွဲ့ ယဉ်ဝင်း သီဆိုထားတဲ့ မိဘမေတ္တာ သီချင်းလေး တစ်ပုဒ်ပါ။ ဒီအကြောင်းကို chicken soup တစ်ပုဒ် ထဲမှာလည်း ဖတ်ဖူးပါတယ်။

lyrics
တစ်ညနေ ကျွန်မ မီးဖိုချောင်ထဲမှာ တစ်ယောက်တည်း ညနေစာ ချက်နေတုန်း အချိန်မှာ ကျွန်မသမီးငယ်လေးက ဝင်လာပြီး စာရွက်ကလေး တစ်ရွက်ကို လှမ်းပေးလိုက်ပါတယ်။ ပေနေတဲ့ ကျွန်မ လက်များကို သုတ်ပြီး ဖတ်ကြည့်လိုက်တဲ့ အခါမှာ ဘယ်လိုရေးထားသလဲဆိုတော့…

အမှိုက်ပုံးသွန်ခ…ပြားငါးဆယ်
အဖေ့ကို နင်းပေးခ…ပြားငါးဆယ်
မီးသွေးသွားဝယ်ခိုင်းတာက…နှစ်ဆယ့်ငါးပြား
မေမေ ဈေးသွားနေတုန်း ညီမလေးကို ထိန်းခ…ခုနစ်ဆယ့်ငါးပြား
ဧည့်ခန်းကို ဖုန်သုတ်ခ…နှစ်ဆယ့်ငါးပြား
အတန်းထဲမှာ ပထမရတာ…ငါးကျပ်
နောက်ပြီး တစ်ပတ်လုံး လိမ္မာတဲ့ အတွက်…နှစ်ကျပ်ခွဲ
အားလုံးပေါင်း…ကိုးကျပ်နဲ့ ခုနစ်ဆယ့်ငါးပြား

သြော်..မျှော်လင့်ကြီးစွာနဲ့ ရပ်စောင့်နေတဲ့ သမီးငယ်ကို မြင်တော့ အတွေးပေါင်း တစ်သောင်း ခေါင်းထဲကို ဝင်လာပါတယ်။ ပြီးတော့ ခဲတံကို ကောက်ယူပြီး စာရွက်ကို တစ်ဖက်လှန်ပြီး ဒီလို ပြန်ရေးလိုက်ပါတယ်။

မေမေ့ ဝမ်းထဲ၌ ကိုးလလွယ်…သမီးလေးကို မွေးဖွားခဲ့တယ်…အခမဲ့
နေထိုင်မကောင်းလို့ ဆေးကုရတာ၊ ညညထ ပြုစုတာ…အခမဲ့
နှာရည်ရွှဲ အညစ်အကြေးတွေ မေမေကိုယ်တိုင် သန့်ရှင်းပေးခဲ့တာ... အခမဲ့
နာက်ပြီး အသည်းနှလုံးထဲက သမီးလေးအတွက် အချစ်စစ်က..အို..အခမဲ့

ကျွန်မစာကိုလည်း ဖတ်ပြီးရော သူ့ မျက်လုံးအစုံမှာ မျက်ရည်များပြည့်လာပြီး ကျွန်မကို မော်ကြည့်ကာ ပြောတာကတော့ “မေမေ…မေမေ့ကို သိပ်ချစ်တာပဲ”
နောက်ပြီး ခဲတံကို ယူကာ လက်ရေးကြီးကြီးနဲ့ ရေးလိုက်တာကတော့ “စာရင်းရှင်းပြီး” တဲ့။

Get this widget | Track details | eSnips Social DNA

download လုပ်ဖို့ http://www.esnips.com/doc/23c1a633-0cf8-4069-b91e-04f20b98476b/Track07---A-Kha-Mae

5 comments:

sait phay yar said...

ကိုကင်း ဆားတွေမချက်နဲ့နော် ဟင်း
အလကားပြောတာ မိဘမေတ္တာလေ နော် ကိုကင်း
ကျေးဇူးတင်ပါတယ် ဒီပိုစ်လေးအတွက်

Anonymous said...

ကောင်းကင်ရေ...

သိပ်ကောင်းတဲ့..စိတ်ကူးလေးပါပဲ..

အိန္ဒြာ

Anonymous said...

သမီးလေးရဲ့ လုပ်ရပ်လေးကို သဘောကျမိတယ်
ကိုယ်လုပ်ခဲ့တာနဲ့ တူနေလို့ ... ဆံပင်ဖြူ ဆယ်ပင်ကို တစ်ကျပ်ပေးမယ်ဆိုလို့ အမေ့ခေါင်းကျိန်းတဲ့အထိ နုတ်ပေးခဲ့ဖူးတယ် .. ဒီပို့စ်လေးအတွက် ကျေးဇူးပါနော်။

ခေါင်ခေါင် said...

ကိုကောင်းကင် ..ကျေးဇူးပါပဲ.. ဒီပိုစ့်လေး အတွက်....

ကိုရင်နော်ခင်လေးငယ် said...

ကျမကတော့ ကိုကောင်းကင်ကို..
ဒီလိုတင်တတ်တာမျိုးလေးကို သိပ်မမြင်ဖူးတော့
နှစ်ခြိုက်မိတာ အမှန်ပါဘဲ..

post လေးအတွက် ကျေးဇူးပါနော်
မေမေ့ကို သတိရမိသွားတယ်...

ခင်မင်တဲ့....