Thursday, December 11, 2008

မြင်ကွင်း

နှစ်ပေါင်း နှစ်ဆယ်
ပျံသန်းချိန် နာရီပေါင်း တစ်သိန်း ခုနစ်သောင်းကျော်နဲ့ 
အရှိုက်မှာ ထိုးချက်တွေ ဝခဲ့တာတောင်
သုညတွေကို ပွေ့ ပိုက် ကျေနပ်ခဲ့ကြတယ်။
အဝေးကြည့် မှန်ပြောင်းကြီး တစ်လက်နဲ့ 
ဆွေးရိ အသံဟောင်းကြီးပဲ ထွက်နေကြသူ တချို့ဟာ။

သွေးတွေ တစ်ကွက်ပြီး တစ်ကွက်ပေ
ပွန်းတွေ တစ်ကောင်ပြီး တစ်ကောင်သေ
ပိုးစုန်းကြူးတွေ တစ်စင်းပြီး တစ်စင်းကြွေ
အိမ်ကြီးထဲက စိမ့်ထွက်လာတဲ့ သွေးတွေနဲ့ 
မဲပြာပုဆိုး ပန်းချီကားတွေကိုပဲ
ငါတို့ ဆွဲခဲ့ကြတယ်။

လူပီသတာ ပဲလား။
သိစိတ်နဲ့ မသိစိတ် တွဲလျှောက်ခွင့် မရှိတဲ့ လမ်းပေါ်မှာ
ကိုယ့်အတ္တနဲ့ ကိုယ့်ကျောက်ဆောင် ကိုယ်ပြန်တိုက်စားရင်း
ပွန်းပဲ့လာလိုက်တာ
မနေ့ ကလူနဲ့ 
ဒီနေ့ လူတောင်မှ ညီမျှခြင်း ချလို့ မရ။
အတိတ်က ရင်ခုန်သံနဲ
အခု ရင်တုန်သံဟာ
မိုင်ပေါင်းများစွာ ကွာတယ်။

ကိုယ့်အုပ်မှာ ကိုယ်ဘုရင်လုပ်ဖို့ 
လက်တွဲ တွေကို ဖြုတ်ကြ။
မင်းသားရုပ်ကို လေသွင်းဖို့ 
နှုတ်ခမ်းပဲ့ခြင်း မှုတ်ကြ။

မြေပုံ အတုကိုင်ထားသူတွေနဲ့ 
မြေပုံ မရှိနိုင်သူတွေရဲ့တိုက်ပွဲမှာ
ရန်သူဟာ
ဥပဒေအပြင်က လက်သီးတွေနဲ့ တစ်ချက်ပြီး တစ်ချက်ထိုး
နေ့ စွဲနီနီတွေသာ တစ်ရက်ပြီး တစ်ရက် တိုးတိုးလာတယ်။
ဒီလိုနဲ့ ပဲ
အတိတ်က အမာရွတ် တွေနဲ့ 
ကိုယ့်မခံချင်စိတ်ကို အစာသွပ်နေရ။

တစ်ယောက်ကောင်းဖို့ အရေး
တစ်ယောက်ပျက်ပေးရတတ်သတဲ့။
ပိုက်လုံးသုံးပြီး အလုခံလိုက်ရတဲ့ ပဘာဝတီ လောင်းလျာနဲ့ 
ဘန်ကောက်မြို့ ကြီး မီးတွေလင်းထိန်နေလိုက်တာ။
ခြံထဲက ထွက်သမျှ အငွေ့ တွေဟာ
အဝါချစ်သူတို့ရဲ့ညမှာ
ရွှေရောင်ပန်းတွေလို ပွင့်လို့ ။
ဒီလိုပါပဲ
အိမ်ထဲက သွေးတွေနဲ့ လည်း
အပြင်က ကျောက်ခဲတွေ
ပတ္တမြားယောင်ဆောင်ပြီး နီနေလိုက်ကြတာ
အိမ်ထဲက လျှံထွက်လာတဲ့ မျက်ရည်မြစ်မှာ
အနီရောင်ဟန်ဆောင်ခြုံထားသူတချို့ ရွက်တွေလွှင့်လို့ ။

အသက်သုံးဆယ်ကျော်မှ
ဇောင်းထဲက ထွက်ခွင့်ရတဲ့ မြင်းလို
မျက်လုံးတွေကို ကမြင်း ကြည့်လိုက်တယ်။
အတွင်းအပြင် ပုံရိပ်တွေထဲမှာ
ပဒိုင်းသီး ကြိုက်နေတဲ့ ဘုရင်တွေ
လူရိုက်စားတဲ့ ဖားတွေ
နွားခြေရာခွက်ထဲမှာ ကိုယ့်ကိုယ်ကို ထည့်ပိတ်ထားတဲ့သူတွေ
ကောင်းကင်လိုမိုးထားတဲ့ ဗလာလက်ဝါးတွေနဲ့ လောင်းရိပ်မိနေတဲ့ ပင်ပျိုတွေ
အနုလုံ ပဋိလုံ ကြည့်ခွင့်မရတဲ့ ရှုခင်းတွေ နဲ့ 
ဝေဖန်ရေးစက္ခုကင်မရာနဲ့ဓာတ်ပုံရိုက်ပြခွင့်မရှိတဲ့ နေရာတွေ။

နောက်ဆုံးမြင်လိုက်ရတာကတော့
ဘရိတ်ပေါက်နေတဲ့ ခေတ်ပေါ်ကို တက်ထိုင်ရင်း
ရိုလာကိုစတာ စီးသလို စတိုင်မျိုးနဲ့ 
မျက်လုံး စုံမှိတ်ထားတဲ့သူတွေ။

ကောင်းကင်ကို

47 comments:

Anonymous said...

အတိတ်က အမာရွတ် တွေနဲ့ 
ကိုယ့်မခံချင်စိတ်ကို အစာသွပ်နေရ။

သွပ်ရင်း သွပ်ရင်းနဲ့ အစာတွေတောင်ပေါက်ထွက်ကုန်ပြီးးးးးးဗျာ

RePublic said...

ကောင်းကင် ကြီးပြောပြတဲ့ မြင်ကွင်းကို မြင်အောင် ကြည့်သွားတယ် ၊၊ စာလုံးတွေ အားကောင်းတယ်ဗျာ ၊၊ ဖတ်ရတာ အားပါတယ် ၊၊

Eaindra said...

ကောင်းကင်ရေ...

ကဗျာကောင်းလေးကို.ဖတ်ခွင့်ရလို့ကျေးဇူးနော်..။

ကဗျာတိုင်းမှာ..မြင်နေရတဲ့
ကြိုးစားအားထုတ်မှု..၊ အနုပညာမြောက်နိုင်စွမ်းမှုတွေနဲ့
ပေးချင်တဲ့ Message ကို.ရော့ဗျာဆိုပစ်ပေးလိုက်သလို
ရနိုင်စွမ်းစေတာတွေကို..လေးစားချီးကျူးမိပါတယ်.။

အိန္ဒြာ

Anonymous said...

ညီလေး.. အပြုသဘောဆောင်ပြီး အကြံပေးချင်လို့ ဒီမှာ ၀င်ရေးလိုက်တာပါ။ ဝေဖန်တဲ့အလုပ်က ကောင်းတော့ကောင်းတယ်။ ဒါပေမဲ့ သူများကို ဝေဖန်မယ်ဆိုရင် အခြေအနေအကျိုးအကြောင်းကို ကိုယ်ကိုယ်တိုင် သေချာသိအောင်လုပ်ဖို့လိုတယ် ညီလေးရ။ အမြင်အကြားနဲ့တင်ရမ်းပြီးဝေဖန်လို့ဖြစ်မလား။ အချိန်အခါရဲ့ပြောင်းလဲမူမှာ အခြေအနေတွေကွဲပြားနေတယ်။ ဒီကိစ္စတွေက ကိုယ်တိုင်ဝင်လုပ်ကြည့်မှ သိရတဲ့ ကိစ္စတွေ။ ရှင်းပြလို့နားလည်မှာမဟုတ်ဘူး။ ညီလေးကို အစ်ကို အကြံပေးချင်တာက ကိုယ်ကိုယ်တိုင်မသိတဲ့ကိစ္စတွေ အရမ်းကြီးမဝေဖန်ရဘူး။ သက်ဆိုင်သူတွေရှိပါတယ်။ သူတို့ဝေဖန်ပါလိမ့်မယ်။ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စ သက်သာသလိုသာ နေလိုက်ပါကွာ။ ညီလေးကဗျာက ကဗျာမဟုတ်တော့ဘူး။ ဆဲစာလိုလို၊ အတင်းအဖျဉ်းစာလိုလိုဖြစ်နေပြီ။

ခင်မင်စွာဖြင့်

အိုင်လွယ်ပန် said...

အစ်ကို့ ခံစားချက်တွေက
ကဗျာတွေထဲမှာ ဟပ်နေတာပဲဗျ........

tututha said...

စကားလုံးတွေ လန်ထွက်နေလိုက်တာ အကြွေးတောင် မတောင်းရဲတော့ဘူး

Anonymous said...

ကဗျာလေး ကောင်းတယ်ဗျာ

Anonymous said...

ကိုယ်.ညီရေ....

ကောင်းကင်ကြီးရဲ.လင်းလက်တဲ.ကြယ်စင်စကားလုံး
တွေကိုရင်ဘတ်နှင်.အမျှဖတ်ရှုခံစားအားပေးသွားပါကြောင်း။

ခင်မင်စွာဖြင်.

ကိုပီတာကျော်

Eduking said...

တကယ်ပဲဗျာ..
ပဒိုင်းသီး ကြိုက်တဲ့ ဘုရင်တွေ..

သစ်နက်ဆူး said...

ကိုကောင်း..
မြင်ကွင်းတခုလုံးကိုကြည့်သွားတယ်..
အရမ်းကိုလေးစားတယ်ျော...
ကိုကောင်း ကဗျာတွေဖတ်ပြီးရင် ကဗျာ မရေးရဲတော့ဘူး..။

Unknown said...

Anonymous ကြီးရေ....
ခင်ဗျားသတ္တိရှိရင် ဘယ်သူဘယ်ဝါပြောပြီး comment ပေးပါလားဗျ.....

ကိုရင်နော်ခင်လေးငယ် said...

ဘရိတ်ပေါက်နေတဲ့ ခေတ်ပေါ်ကို တက်ထိုင်ရင်း
ရိုလာကိုစတာ စီးသလို စတိုင်မျိုးနဲ့ 
မျက်လုံး စုံမှိတ်ထားတဲ့သူတွေ...

သူတို့ရင်ဘတ်ထဲမှာ ဘာတွေဖြစ်လို့
ဒူးတွေတုန် နှလုံးခုန်တွေ ဘယ်လိုများ
ဖြစ်နေပါလိမ့်နော်..

မကြာတော့ပါဘူးရယ်လို့ မျှော်လင့်မိဆဲ
တောင်းဆုချွေနေမိမြဲပါ...

ATN said...

ကောင်းလိုက်တဲ့ ကဗျာပဲ ကိုယ့်ညီရေ့...

ကွန်မန့်ထဲမှာ ဘယ်သူဘာပြောပြော ဂရုစိုက်မနေပါနဲ့ကွာ...
နာစရာရှိတဲ့သူတွေ နာကြပါစေ...

လူတိုင်းမှာ ကိုယ်တိုင်ရေးရတဲ့ သမိုင်းပဲ ရှိတယ်...
သူတပါးသမိုင်းကို ကိုယ်သွားရေးလို့ မရသလို...
ကိုယ့်သမိုင်းကိုလည်း သူတပါးလာရေးလို့ မရပါဘူး...

Anonymous said...

မြန်မာပြည်မှာမွေး မြန်မာပြည်မှာ ကြီး မြန်မာပြည်လေကိုရူ မြန်မာ့ရေကိုသောက် မြန်မာ့စပါးစားပြီး ကြီးပြင်းလာတိုင်း မြန်မာမှန်ရင် ကောင်းကင်ကို ဘာပြောတယ်ဆိုတာ သိတယ်
လူမှန်ရင် ဘယ်ဟာ မှားနေတယ် ဘယ်ဟာ င်္တွေ လွဲနေတယ်ဆိုတာ သိတယ်..၈၈မှာ စမွေးတဲ့ ကလေးတွေ ၂၀၀၇မှာ ထပ်စတေးရပြန်တယ် နှစ်နဲ့ချီပြီး ပေးဆပ်နေရသူတွေရဲ့ ပုံစံ ရက်စွဲတွေမှာ ထမင်းကို လိပ်ပြာလုံလုံ မျိုချနိုင်ပါစေ အချိန်အခါရဲ့ ပြောင်းလဲမူမှာ အခြေအနေတွေကွဲပြားတယ်ဆိုတာ နောက် ၂၀၀၉မှာ မွေးလာမဲ့ ကလေးတွေ ငိုသံ တွေ ထပ်ကြားခဲ့ရင် အခု အမည်မဲ့ဆိုတဲ့ ကိုယ်တိုင် လုပ်နေသူ ရဲရဲ နားစွင့်ပြီး လိပ်ပြာလုံပါစေ..

Unknown said...

သူငယ်ချင်းေ၇...
၇င်ထဲကလာ တဲ့အမှန်တ၇ားက ထက်မြက်စူးရှတဲ့ ကလောင်ထိပ်ဖျားမှာပဲ၇ှိတယ်။ သေနတ်ပြောင်းဝမှာ မရှိဘူး။ ခတ်ညံ့ညံ့  ခတ်တုံးတုံး အမည်မဲ့ အကြံပေးတတ်သူတွေကို ဂရုစိုက်မနေပါနဲ့ ။

Anonymous said...

ဗမာပြည်လွတ်မြောက်ရေးကိစ္စဆိုတာ ဗမာပြည်သားအားလုံးနဲ့ဆိုင်တယ်။ ဘလောဒ့်တစ်ခုဖွင့်ပြီး စစ်အစိုးရကို အပုတ်ချရုံ၊ ကဗျာတစ်ပုဒ်ရေးပီး လှောင်ပြောင်ရုံလောက်နဲ့ တာဝန်ကြေဘီလို့ မထင်ကြလေနဲ့။ အဲဒါ လူတိုင်းလုပ်နိုင်တယ်။ ငါတို့က အနှစ် (၂၀) လုံးလုံး မိဝေးဖဝေးမှာ ကိုယ်ကျိုးစွန့်ပီး လုပ်နေသူတွေဖြစ်တယ်။ ဘ၀အပျက်ခံပီးလုပ်နေသူတွေဖြစ်တယ်။ နေရာတိုင်းမှာတော့ လူကောင်းရှိသလို၊ လူဆိုးရှိနိုင်တယ်။ ၀လုံးရှည်နဲ့ ရမ်းတာကို မခံနိုင်လို့ ၀င်အကြံပေးတာ။ မဆုမွန်ဆိုတဲ့ ခလေးမက ဘယ်သူလဲ။ အနစ်နာခံလုပ်နေသူတွေကို စော်ကားလှချေလား။ နင်တိုင်းပြည်အတွက် ဘယ်လောက်လုပ်ပြီးလို့ ဒီစကားပြောတာလဲ။ အောင်သာငယ်ဆိုသူ သင်ဘယ်သူဆိုတာ ငါတို့သိတယ်။ တော်လှန်ရေးခဏလုပ်ပြီး တသက်လုံး ဂုဏ်ယူနေရုံနဲ့ တာဝန်ကြေပြီမထင်လေနဲ့။ သင်လွန်ခဲ့တဲ့ (၁၅) နှစ်မှာ ဘာတွေလုပ်ခဲ့လဲ။ မိန်းမထမီစစွဲပြီး အမေရိကန်ကိုထွက်သွားတာ လုံးဝပြန်မလာတော့ဘူးမဟုတ်ဘူးလား။ စကားတခွန်းကို သေချာစဉ်းစားပြီးမှ ပြောပါကိုယ့်လူ။ မေဆိုတဲ့ ချာတိတ်ကိုတော့ ကလေးမို့ ဘာမှ ပြန်မပြောတော့ဘူး။ ကိုယ်တို့က ကောင်းကင်ကို ကို စေတနာနဲ့ ဝေဖန်ထောက်ပြနေတာ။ လမ်းလွဲရောက်မှာစိုးလို့။ ကိုယ်တိုင်လုပ်ပြီးမှ ဝေဖန်ရင် ဘယ်သူမဆိုဝေဖန်လို့ရတယ်။ တိုင်းပြည်အတွက် ဘာမှမလုပ်ပဲနဲ့ အာချောင်ဖို့မကြိုးစားကြနဲ့။ ငါတို့ တော်လှန်ရေးသမားတွေမှာပဲ တာဝန်ရှိတာမဟုတ်ဘူး။ နင်တို့အားလုံးမှာ တာဝန်ရှိတယ်။ တိုင်းပြည်အတွက် အသက်ကိုတောင် ပဓါနမထားပဲ ဘ၀အပျက်ခံပြီး ပေးဆက်လုပ်ကိုင်နေတဲ့ တော်လှန်ရေးသမားတွေ နယ်စပ်မှာ တောထဲမှာ ရှိနေသေးတယ်။ စော်ကားဖို့ လုံးဝမကြိုးစားနဲ့။ မင်းတို့အားလုံး ရန်သူနဲ့ တဂိုဏ်းထဲ ဖြစ်သွားမယ်။ ဆုမွန်ဆိုတဲ့ ကောင်မ ပါးစပ်ပိတ်တော့။

Pinkgold said...

Break က ပေါက်လို့ ဂုံးအဆင်းရောက်ခါနီးပြီး ဒင်းတို့က ရင်တစ်လှပ်လှပ် ဖြစ်ရတာကို ပျော်စရာလို့ ထင်နေတုန်းပေါ့ အကိုရာ

Anonymous said...

မကြေနပ်ရင် မကြေနပ်တဲ့သူကိုပြော။ အသက်သွေးချွေးတွေနဲ့ရင်းထားရတဲ့ တော်လှန်ရေးကိုတော့ မစော်ကားကြနဲ့ကောင်မတွေရဲ့။ နင်တို့က ဘာကောင်မတွေမို့ သောက်ကြီးသောက်ကျယ်ပြောရတာလဲ။ မဟုတ်မှလွဲရော နင်တို့စစ်အစိုးရက ဘလောက်ဂါတွေပဲ ဖြစ်ရမယ်။

Unknown said...

ကောင်မလေး၊ ကလေးမ၊ ချာတိတ်၊ မိန်းကလေး တွေနဲ့ ဖက်ပြီး ရန်ဖြစ်တဲ့ သူက တော်လှန်ရေး သမား ဆိုပဲ။ ဝေ.. ဟေ... ဟေ... ဒူဝေေ၀.......... နောင် ဂျိန် နောင်ဂျိန်

Unknown said...

မိန်းခလေးတွေနဲ့ ရန်ဖြစ်တဲ့ အခြောက်ကြီး တစ်ယောက်တော့ လှည်းတန်းဈေးမှာ တွေ့ဖူးတယ်။

Kaung Kin Ko said...

Annonymous ရေ။ နာမည် မဖော်ပဲ ပြောချင်ရင်လည်း ကဗျာရှင်ဖြစ်တဲ့ ကျွန်တော့်ကိုပဲ ပြောပါ။ ကျန်တဲ့ သူတွေကို ဆဲဆိုနေဖို့ မလိုပါဘူး။ ဆုမွန် ဆိုတာလည်း တိုင်းပြည်ကို ချစ်တဲ့ ဘလောဂါ တစ်ယောက် ဆိုတာ သူ့ ဘလော့ဖတ်ဖူးသူတိုင်း၊ သူရေးတဲ့စာကို ဖတ်ဖူးသူတိုင်း သိပါတယ်။ ကိုအောင်သာငယ် ဆိုတာကလည်း မိသားစု တစ်စုလုံး စွန့် လွှတ် အနစ်နာခံပြီး တိုင်းပြည် အရေးကို လုပ်နေတဲ့သူ ပါ။ ကျွန်တော့်ရဲ့  ဟီးရိုး တစ်ယောက်ပါ။ သူတို့ ကို သွားပြီး စော်ကားဖို့ မလိုပါဘူး။ ပြောချင်ရင် ကျွန်တော့်ကိုပဲပြောပါ။

အစ်ကို့ ရဲ့ ပထမ ကွန်မန့် ကို ကျွန်တော် ပြန်ရှင်းပါမယ်။ သိသင့် သလောက် သိလို့ ဝေဖန်ခြင်း ဖြစ်ပါတယ်။ အမြင်အကြားနဲ့ တင် ရမ်းဝေဖန်တာ မဟုတ်ပါ။ ကျွန်တော် ဝေဖန်တဲ့ နေရာမှာ စည်းကမ်းထားပါတယ်။

(၁) စေတနာ မမှန် တဲ့ သူတွေကိုသာ ဝေဖန်ခြင်း ဖြစ်ပါတယ်။ တကယ် စွန့် လွှတ် အနစ်နာခံလုပ်နေသူတွေ၊ ပြည်တွင်းကနေ အန္တရာယ်နဲ့ ကစားပြီးလုပ်နေတဲ့ သူတွေဆိုရင် သူတို့ လုပ်တာ တစ်ခုတစ်လေ လောက် လွဲနေတယ်လို့ ထင်ရင်တောင်မှ ကျွန်တော်ဝေဖန်မှာ မဟုတ်ပါ။ သူတို့ ရဲ့ စေတနာက မှန်လို့ ကျွန်တော် လေးစားတဲ့ အတွက် ဖြစ်ပါတယ်။ ပြည်တွင်းက အနစ်နာခံနေတဲ့ ရဟန်းရှင်လူ အားလုံး၊ တောထဲက ဆေးဝါး မပြည့်မစုံ နဲ့ ရောဂါ ဒဏ်ကို လှိမ့်ခံရင်း တိုက်ပွဲ ဝင်နေတဲ့သူတွေ၊ ပြည်ပက ကမ္ဘာအရပ်ရပ်မှာ ဆီပူတွေလို ပျံ့ နှံ့ နေပြီး တိုင်းပြည်ကို သံယောဇဉ်မကုန်တဲ့ သူတွေ အကုန်လုံးကို ကျွန်တော် ချစ်လည်း ချစ် လေးလည်း လေးစားပါတယ်။ ဒီကဗျာကြောင့် သူတို့ အတွက် ဘာမှ မထိခိုက်နိုင်ပါ။ နိုင်ငံရေးနဲ့ ကြမ္မာငင်နေတဲ့ တိုင်းပြည်ကို ဗန်းပြပြီး လုပ်စားနေတဲ့ သူတွေကသာ နာမှာ ဖြစ်ပါတယ်။ ဥပမာ ပြရရင် ဗျာ တစ်ချို့ သူတွေရှိတယ်။ (တစ်ချို့ နော်၊ အကုန်လုံးကို ကျွန်တော်မပြောဘူး။ ကျွန်တော့်ရဲ့ ကဗျာထဲမှကို တစ်ချို့  လို့  တမင်တကာကို သုံးထားပါတယ်။ သေချာပြန်ဖတ်ကြည့်ပါ။ ဝါးလုံးရှည်နဲ့ ရမ်းသလို ဖြစ်မှာစိုးလို့ တမင်ကို သုံးထားတာပါ။) ဆက်ပြောမယ်ဗျာ။ ဥပမာ ပြရရင် နိုင်ငံရေး အဖွဲ့ တစ်ဖွဲ့ ပေါ်လာရင် မကြိုဆိုဘူး။ ကိုယ့်အဖွဲ့ ကို စိန်ခေါ်တာ၊ ခြိမ်းခြောက်တာလို့ သဘောထားပြီး အမြင်မကြည်ဘူး။ လမ်းပိတ်ထားချင်တယ်။ တကယ်တော့ အကုန်လုံး နအဖကို တိုက်ချင်တဲ့ သူပဲ။ လက်ကမ်းကြိုဆိုရမှာပေါ့။ တစ်ဖွဲ့ က ဒါဆိုရင် တစ်ဖွဲ့ က ကန့် လန့် လုပ်တယ်။ တစ်ဖွဲ့ က တစ်ခုခု လုပ်လိုက်ရင် တစ်ဖွဲ့ က မနာလို ဖြစ်တယ်။ ရပ်တည်ရေး အရ အတိုင်းအတာ တစ်ခု အထိ လမ်းကြောင်း အတိုင်း လုပ်ရတာမျိုးကို ကျွန်တော် မပြောလို ပါဘူး။ နားလည်ပေးနိုင်ပါတယ်။ အခုက တစ်ချို့ က အရှိန်တွေ လွန်ပြီး လမ်းကြောင်းလွဲနေလို့ ဝေဖန်ရတာပါ။ သေချာ စဉ်းစားကြည့်ပါ။

အခြေအနေ အရ ဘာမှ မလုပ်နိုင်တော့လို့ စိတ်ထဲမှာ ဒဏ်ရာတွေကို မျိုသိပ်ပြီး ဘေးထွက်ထိုင်နေရတဲ့ သူတွေကို ကျွန်တော် လေးစားပေမယ့် အခြေအနေအရဆိုပြီး ရဟန်းရှင်လူတွေရဲ့ သွေးတွေနဲ့  ဖျာခင်းနေသူတွေကိုတော့ ကျွန်တော် ဝေဖန်ရလိမ့်မယ်။

(၂) ကျွန်တော် ဝေဖန်တဲ့ နေရာမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာရယ်၊ အဖွဲ့ အစည်း တစ်ခုကို ဦးတည် တိုက်ခိုက်တာ မျိုးကို ကျွန်တော် ရှောင်ပါတယ်။ တကယ် သိနေ၇င် တောင်မှ ကျွန်တော် ethic တစ်ခု အနေနဲ့ တိုက်ရိုက် ဝေဖန်တာမျိုးကို ရှောင်ပါတယ်။ (နအဖ ကို တိုက်ရိုက် ဝေဖန်တာကလွဲရင်) ။ နောင် တစ်ချိန်မှာ အဲဒီ့ ပုဂ္ဂိုလ်တွေ အဖွဲ့ အစည်းတွေက ပြုပြင်လာနိုင်တယ်လို့ ယူဆလို့ ပါ။

(၃) ဒီမို ကရေစီ တို့ ၊ လူ့ အခွင့် အရေးတို့ အော်နေပြီးတော့ ဒီလောက်တောင် အဝေဖန် မခံနိုင်ဘူးလားဗျာ။

(၄) ကျွန်တော် မဝေဖန်ဖူးပဲ ဆိုပါတော့ ။ ဒီလို အကျင့်ပျက်နေတဲ့ သူတွေ ရှိတာ လူတွေက မသိတော့ဘူးတဲ့လား။ ထိုင်းမှာ နိုင်ငံရေး လောကက မဟုတ်တဲ့ ဟိုဘက်ဒီဘက် မပါတဲ့ သာမန်လူ အများစုကို မေးကြည့်ရင် ဒီက နိုင်ငံရေး သမားတွေကို လုပ်စားတဲ့သူတွေပဲလို့ မြင်နေကြပါတယ်။ ကျွန်တော် ကဗျာရေးလိုက်မှ သိမယ့် ကိစ္စတွေ မဟုတ်ပါ။
ဒီလို ခွဲခြား ဝေဖန် လိုက်မှ လူတွေရဲ့ အမြင်မှာ နိုင်ငံရေး လောကမှာ အတိုက်အခံတွေကြားထဲမှာ မဟုတ်တာလုပ်ရင် အချင်းချင်း ဝေဖန်မယ့် သူတွေ ရှိတယ် ဆိုတာ သိလာပါလိမ့်မယ်။

(၅) နောက်ဆုံး ပြောချင်တာကတော့ ကျွန်တော် ဝေဖန်သည် ဖြစ်စေ မဝေဖန် သည်ဖြစ်စေ လူအများစုဟာ မျက်လုံးမပါတဲ့ သူတွေ မဟုတ်ပါဘူး။ အခြေအနေမှန်ကို သိပါလိမ့်မယ်။ စိတ်လည်း ကုန်နေကြပါတယ်။ အဲဒီတော့ အကျင့်ပျက်တဲ့သူတွေက ပြင်သင့်သလား။ ဝေဖန်တဲ့ သူ တွေကပဲ ရေငုံ နှုတ်ပိတ်နေသင့်ပါသလား။

နောက်ဆုံး အနေနဲ့ ကျွန်တော့် ခံယူချက်ကို ပြောလိုက်ပါမယ်။

စွမ်းစွမ်း တမံ တိုက်ပွဲဝင်နေကြတဲ့ ရဟန်းသံဃာတော်တွေ၊ ဒေါ်စု၊ မင်းကိုနိုင်တို့ လို ခေါင်းဆောင်တွေ၊ ပြည်တွင်းကနေ တိုက်ပွဲ ၀င်နေတဲ့သူတွေ၊ ပြည်ပကနေ ရပ်တည်ရေးအတွက် မဟုတ်ပဲ တိုက်ပွဲဝင်နေသူတွေ အားလုံးကို လေးစားပါတယ်။ တစ်ချို့ တွေasylum ခံတာတို့ ၊ တတိယ နိုင်ငံသွားတာတို့ ကလည်း အပြစ်ပြောနေစရာမဟုတ်ပါဘူး။ ကမ္ဘာ အရပ်ရပ်က နာမည်ကျော် တော်လှန်ရေးသမားတွေလည်း ဒီိလိုပဲ တိမ်းရှောင်ကြတာပဲ။ ငွေရှိမှ လူမှုရေးလုပ်ငန်းတွေ လုပ်လို့ ရမှာမို့ fund ရှာတာတွေကိုလည်း အပြစ်မပြောလိုပါ။ ကျွန်တော် ပြောလို့ တာက resource တွေကို ၀ိုင်းလုရင်း ရန်သူက နအဖ မဟုတ်တော့ပဲ အချင်းချင်း ဖြစ်သွားတာတွေ၊ လက်တွဲဖြုတ်ကြတာတွေ၊ အားနည်းသူကို ၀ိုင်းနှိပ်ကွပ်ဖို့ အုပ်စုဖွဲ့ ကြတာတွေကို ပြောတာပါ။ စေတနာ မမှန်တဲ့သူတွေကိုတော့ ဝေဖန်ပါရစေ။

ဘာပဲဖြစ်ဖြစ် အတိုက်အခံကိုပါ ရောပြီး ဝေဖန်တဲ့ ကဗျာကို တကယ် မှန်ကန်တဲ့ အတိုက်အခံတွေက ၀ိုင်းဝန်းထောက်ခံကြတာကိုက အတိုက်အခံလောက ထဲမှာ ကောင်းတဲ့သူပိုများတာကို သက်သေပြလိုက်တာပါ။

နောက်ဆုံး တစ်ခုတော့ ပြောပါရစေ။ ဘယ်သူတွေ ဝေဖန်ဖန် မဝေဖန်ဖန် နောက်ဆုံးတော့ အားလုံးကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေ လူတွေကြားထဲမှာ ရှိနေပါတယ်။ အင်တာနက် စာမျက်နှာပေါ်မှာ မဝေဖန်ရလည်း မဟုတ်တာလုပ်နေနတဲ့ သူတွေအကြောင်းတော့ အချင်းချင်းဝေဖန်ပြောဆို နေကြမှာပါ။

Unknown said...

ကောင်းကင်ကိုရေ...
သူ့ကိုယ်သူ တော်လှန်ရေးသမား အမည်ခံထားတဲ့ မိန်းမလို မိန်းမရ၊ အခြောက် လိုလို ဘာလိုလို၊ ကောာင်မလေးတွေနဲ့ ဖက်ပြီး ရန်ဖြစ်တဲ့၊ အူကြောင်ကြောင်၊ အမောင်တောင်မှန်းမသိ မျောက်မှန်းမသိ (Anonymous) တစ်ယောက် အတွက် ဒီလောက် လက်ညောင်းခံပြီး စာရေးနေစရာ မလိုပါဘူးဗျာ။ မိန်းကလေးတွေကို ဆဲဆို ရန်ဖြစ်တဲ့ သူ့ရဲ့တော်လှန်ရေးဆိုတဲ့ အမည်ခံ ၀ိသေသကတော့ ကောင်မလေးတွေနဲ့ ဆက်ပြီး ရန်ဖြစ်ဆဲဆိုမဲ့ အခြောက်တော်လှန်ရေး ဖြစ်နေမယ်ဆိုတာ ဒီဘလော့ရဲ့ ကွန်မင့် ဖတ်သူတိုင်း သိပါတယ်။ ကမ္ဘာပေါ်မှာ အခြောက် တော်လှန်ရေး ဆိုတဲ့ နိုင်ငံရေး ဝေါဟာရ ခင်ဗျား ဘလော့ထဲက နေ စတင် ပေါက်ဖွားလာခြင်း အတွက်တော့.. ခင်ဗျား ဂုဏ်ယူလိုက်ပါ။ သူဘာဘဲ ဆက်လုပ်လုပ် ဒီလို အခြောက်စိတ်ဓာတ်နဲ့ လုပ်နေသမျှ ကာလပတ်လုံး အဲဒီ လူရဲ့ အမည်ခံတော်လှန်ရေး ကတော့ ဘယ်တော့မှ အကျိုးဖြစ်ထွန်းမှာ မဟုတ်ဘူး၊ ဘယ်တော့မှ မအောင်မြင်ဘူး ဆိုတာ ကျွန်တော်ယုံတယ်။ အဲဒီလူမရှက်ပေမဲ့ ကျွန်တော်တို့ ရှက်တယ်ဗျာ.... မိန်းကလေးတွေနဲ့ ရန်ဖြစ်တာ တော်လှန်ရေး တဲ့လား။ ရှက်ဖွယ် ...

Anonymous said...

အမည်မသိ...
ဘလောခ်တစ်ခုပေါ်မှာ ကွန့်မှာလာရေး ဝေဖန်ပြ၊ မိန်းကလေးတွေကို မိုက်မိုက်ရိုင်းရိုင်းပြော၊သူများအကြောင်းမိုက်ရိုင်းစွာပြောတတ်တာ
ခင်ဗျားလုပ်နေတဲ့တော်လှန်ရေးလား?
ခင်ဗျာ တော်လှန်လားမလှန်လားတော့မသိဘူး ခင်ဗျာ ခွေးလိုဟောင်ပြီးမိုက်ရိုင်းနေတာတော့တွေ့တယ်။
ခင်ဗျားတော်လှန်ရေးက ဘာအတွက် တော်လှန်တာလဲ?
ဒီမိုကရေစီ ဆိုတာကြီးကို အမှန်တကယ်လိုချင်နေတာရော ဟုတ်ရဲ့လား ?
ခင်ဗျားပြောဆိုနေတဲ့ပုံစံက ဒီမိုကရေစီ ဆန်ရဲ့လား?
ဝေဖန်တာမှ မခံနိုင်ရင် ခင်ဗျား တော်လှန်ရေးလုပ်မစားနဲ့ မိတ်ကပ်လိမ်းတဲ့ အခြောက်သာလုပ်စား အောင်မြင်မယ်။
ဘာလဲ နယ်စက်မှာနေတယ် အနစ်နာခံတယ် တော်လှန်ရေးလုပ်နေတယ်ဆိုတာနဲ့ တယ်ခင်ဗျားကို ထိုင်ရှီခိုးရမှာလား ထွီ ခင်ဗျားအဖေ တွေသွားပြော
ခင်ဗျားလို တော်လှန်ရေးသမားတွေ တော်လှန်ရေးလောကမှာရှိနေသမျှ အဲဒီ တော်လှန်ရေးကြီး ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူး
ဝေဖန်တာ မခံနိုင်ရင် နိုင်ငံရေးမလုပ်နဲ့၊
ကိုယ့်ဘက်က မှန်တယ်ထင်ရင် နည်းလမ်းတကျ ပြန်ဖြေရှင် မဖြေရှင်းနိုင်ရင် မဖြေရှင်းနိုင်သလိုနေ
တောထဲမှာနေတယ် တော်လှန်ရေးလုပ်နေတယ်ဆိုတာနဲ့ဘဲ ခင်ဗျားကို ကြောက်နေရမှာလား ခင်ဗျားစကားကိုနာခံရမှာလား
ခင်ဗျားနားလည်တဲ့ ဒီမိုကရေစီဆိုတာ အဲဒါလား ?

တန်ခူး said...

ကောင်းကင်ကိုရေ မြင်ကွင်းကို ကိုယ်တိုင်ဝင်ရောက် ခံစားသွားပါတယ်…

ngamoee said...

တယောက်ယောက်ကပြောခဲ့တယ်ဗျ
ကဗျာဆရာဆိုတာ
လူတွေသိပ်အသိအမှတ်ပြုခြင်းမခံရတဲ့
ဥပဒေပညာရှင် ဆိုပဲ

ဒါသည် ကဗျာ
ဒါသည် ကဗျာ မဟုတ်လို့ ဘယ်အရူးမှ
ပြောပိုင်ခွင့်မရှိပါဘူး
သက်သာသလိုသာ ဆက်ရူး လိုက်ပါကွာလို့သာ
ပြန်ပြောလိုက်ပါတော့ဗျာ

ngamoee said...

ကိုယ့်အုပ်မှာ ကိုယ်ဘုရင်လုပ်ဖို့ 
လက်တွဲ တွေကို ဖြုတ်ကြ။
မင်းသားရုပ်ကို လေသွင်းဖို့ 
နှုတ်ခမ်းပဲ့ခြင်း မှုတ်ကြ။

မြေပုံ အတုကိုင်ထားသူတွေနဲ့ 
မြေပုံ မရှိနိုင်သူတွေရဲ့တိုက်ပွဲမှာ
ရန်သူဟာ . . .


( အမှောင်ဆုံးညတွေ ၊ အမှောင်ဆုံးနေ့တွေ )

Anonymous said...

ဒါနောက်ဆုံးအနေနဲ့ ရေးလိုက်တယ်။ မိန်းကလေးတွေကိုစော်ကားနေတာမဟုတ်ဘူး။ အခြေအနေကို ဘာမှမသိပဲနဲ့ ၈၈ ကစတွက်ရင် ဒီနေ့အထိ အနှစ် ၂၀ ကာလ တိုင်းပြည်မလွတ်မြောက်သေးတဲ့ကိစ္စမှာ တော်လှန်ရေးသမားတွေဟာ တရားခံဖြစ်တယ်ဆိုတဲ့ ချဉ်းကပ်မူကို တုန့်ပြန်နေတာဖြစ်တယ်။ ရွှေဝါရောင်တော်လှန်ရေးကာလကြမှ မြန်မာပြည်အရေးအခင်းကို စိတ်ပါဝင်စားလာသူအချို့ဟာ (အထူးသဖြင့်လူငယ်တွေဟာ) ဘလောဒ့်တွေရေးရင်း၊ သတင်းတွေဖတ်ရင်းနဲ့ မြန်မာပြည် ဆင်းရဲမူဖြစ်စဉ်ကို အားမလိုအားမရဖြစ်နေကြတယ်။ သူတို့တွေဟာ တော်လှန်ရေးဖြစ်စဉ်နဲ့ကင်းကွာကြတယ်။ ဒီတော့ အနှစ် ၂၀ တော်လှန်ရေးလုပ်သူတွေဟာ တရားခံတွေအဖြစ်မြင်လာတာ စိတ်မကောင်းစရာပဲ။ မင်းတို့တောင် အားမလိုအားမရဖြစ်နေသေးရင် အနှစ် ၂၀ ကာလကြာနေဘီဖြစ်တဲ့ ငါတို့ ဘယ်လောက် အားမလိုအားမရဖြစ်နေမယ်ဆိုတာ ကိုယ်ချင်းစာစေချင်တယ်။ ချစ်တဲ့ အမိမြေကို ပြန်ချင်လို့မှ မင်းတို့လို ပြန်လို့မရဘူး။ ပြန်ရင်လည်း လက်နက်ချပြီးပြန်တာက လွဲရင် တခြားနည်းမရှိဘူး။ မိဘတွေနဲ့တွေ့ချင်တဲ့။ ဆွေမျိုးတွေနဲ့တွေ့ချင်တယ်။ ရွှေတိဂုံဖူးချင်တယ်။ ဒါတွေကို ကိုယ်ချင်းစာတတ်မှ သိမှပါ။ ကိုယ်ချင်မစာတတ်ရင် သိမှာမဟုတ်ဘူး။ မင်းတို့ပြောနေတဲ့ အချောင်သမားဆိုတာ နာမည်တပ်ပြီးပြောရင် အကောင်းဆုံးပဲ။ ဘယ်သူ့ကို အချောင်သမားလို့ပြောတာလဲ။ ငါပြောမယ်။ တောထဲမှာ နယ်စပ်မှ အနှစ် ၂၀- ၁၅ နှစ်- ၁၀ နှစ်ကျော်လုပ်ခဲ့တဲ့သူတွေမှာ ဘယ်သူမှ အချောင်သမားမရှိဘူး။ အဖွဲ့ဝင်ထုကနေ ခေါင်းဆောင်တွေအထိ အားလုံးမှာ တန်ဖိုးမဖြတ်နိုင်တဲ့ စွန့်လွှတ်ပေးဆပ်မူတွေရှိတယ်။ ဒါက သမိုင်းဆိုင်ရာ ကိစ္စ။ ကိုယ့်သမိုင်းကိုယ်ရေးရမဲ့ ကိစ္စ။

ကောင်းကင်ကိုရဲ့ comment မှာပါတဲ့ မကြိုဆိုဘူးဆိုတဲ့ ကိစ္စကိုလည်းသဘောမပေါက်ဘူး။
ပြီးတော့ ကောင်းကင်ကို ပြောတဲ့ အတိုက်အခံတွေလည်း ထောက်ခံပြီး comment ရေးကြတယ်ဆိုတာမှာ ဒီအထဲမှာ အတိုက်အခံလည်း တစ်ယောက်မှမတွေ့ပါဘူး။

ဒီမှာ comment လာပေးသူတွေဟာပြည်သူတွေဖြစ်တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အခြေအနေကို သဘောပေါက်လိုက်ပါပြီ။ ၈၈ ကတည်းက စတင်ခဲ့တဲ့ နယ်စပ်တော်လှန်ရေးနဲ့ ပြည်သူလူထုဟာ တသားတည်းမဖြစ်ဘူး။ ပြည်သူနဲ့ တော်လှန်ရေးသမားတွေနဲ့ ကင်းကွာနေတယ်။ ပြည်သူနဲ့ တသားတည်းမဖြစ်သ၍ အောင်ပွဲနဲ့ဝေးနေဦးမှာပဲ။

အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ။ ကိုယ်တို့ ရေးတဲ့ comment တွေမှာ အမှားပါတယ်လို့ထင်ရင်လည်း အနူးအညွတ်တောင်းပန်ပါတယ်။ ကိုယ်တို့ဟာ ဘလောက်ဂါတွေမဟုတ်တဲ အတွက် နာမည်ထည့်မပေးတာပါ။

Kaung Kin Ko said...

ဟုတ်ကဲ့။ အစ်ကို့ ရဲ့ နောက်ဆုံး ကွန်မန့် ကို ကျွန်တော်ကျေနပ်ပါတယ်။ တော်လှန်ရေး သမားတွေ တရားခံ ဖြစ်တယ်လို့ ချဉ်းကပ်တာ မဟုတ်ပါခင်ဗျား။ နအဖ နဲ့ အချောင်သမားတွေ တရားခံ ဖြစ်တယ်လို့ ချဉ်းကပ်တာ ဖြစ်ပါတယ်။ အနှစ် နှစ်ဆယ်လုံးလုံး တကယ်လုပ်နေတဲ့သူတွေကို တရားခံလို့ မြင်စရာအကြောင်းမရှိပါခင်ဗျာ။ အထူးသဖြင့် တောထဲက တော်လှန်ရေး ရဲဘော်တွေ ရဲ့ ဘဝကို လက်တွေ့ ခံစားရသူမဟုတ်ပေမယ့် ကျွန်တော့် အစ်ကိုလို ခင်တဲ့သူတွေ၊ အစ်မလို ခင်တဲ့သူတွေ ပြောပြထားတာ ရှိပါတယ်။ ငှက်ဖျားတက်ချိန် ရောက်ရင်တောင် ဆေးဝါး မလုံလောက်လို့ ကျိတ်မှိတ်ခံခဲ့ရတယ် ဆိုတာတွေ ကျွန်တော် သိပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း တောထဲက ရဲဘော် တစ်ချို့ နဲ့ အွန်လိုင်းကနေ ခင်မင်မှုရှိပါတယ်။ ကျွန်တော် ရေးတာက ပြည်သူ့ မျက်ရည်တွေ၊ သွေးတွေ ပေါ်မှ ရွက်လွှင့်နေတဲ့ သူတွေကို ရေးတာပါ ခင်ဗျား။ ကဗျာထဲမှာလည်း အနီရောင်ကို ဟန်ဆောင်ခြုံပြီး မျက်ရည်တွေ ပေါ်မှာ ရွက်လွှင့်နေတဲ့သူ တစ်ချို့ ဆိုတာ အတိ အကျပါပါတယ်။ တောထဲက တော်လှန်ရေးသမားတွေဟာ ဟန်ဆောင်နီနေတဲ့သူတွေလည်း မဟုတ်၊ စည်းစိမ်ခံ ရွက်လွှင့်နေတဲ့သူတွေ လည်း မဟုတ်လို့ ကျွန်တော်ရေးတာ နဲ့ မဆိုင်ပါဘူး။ ကျွန်တော် ရေးတာက ကိုယ်ကျိုးအတွက် ဟန်ဆောင်နေကြသူတွေကို ရေးတာဖြစ်ပါတယ်။ ခုလို ပြင်းပြင်းထန်ထန် ဝိုင်းရေးကြတာကလည်း ပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေ ကင်းကွာနေလို့ ဟုတ်မယ် မထင်ပါ။ မိန်းကလေးတွေကို ရင့်ရင့်သီးသီးပြောခဲ့လို့ ဖြစ်ပါလိမ့်မယ်။ အစ်ကို ပြောသလို ကွန်မန့် လာပေးတဲ့လူဆိုတာ အတိုက်အခံတွေ မဟုတ်ဘူး။ ပြည်သူတွေ ဆိုတာ လက်ခံပါတယ်။ ပြည်သူတွေက တော်လှန်ရေးသမားတွေနဲ့ ကင်းကွာ တာ မဟုတ်ပါ။ ထောင်ကျတဲ့လူတွေရဲ့ သတင်းတွေ၊ ခုနကလို ဇာတ်လမ်းတွေကို သိရင် လူတိုင်း ဝမ်းနည်း ကြေကွဲကြတာပဲ။ ကျွန်တော် ဝေဖန်ချင်ထားတာက ကိုယ့်အကျိုးအတွက် လုပ်နေတဲ့ သူတွေပါ။ လက်တွဲဖြုတ်ပြီး အချင်းချင်း တိုက်ခိုက်နေတဲ့ သူတွေကိုပါ။ အချောင်သမားတွေကို ရှင်းထုတ်နိုင်ရင် တော်လှန်ရေး အောင်မြင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း အွန်လိုင်း တော်လှန်ရေးသမားလို့ ခံယူထားတဲ့သူမဟုတ်ပါ။ လုပ်ချင်ရင် ပိုလက်တွေ့ ကျတဲ့နည်းနဲ့ လုပ်မှာပါ။ ပြည်သူထဲက ပြည်သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကဗျာဆရာ ဆိုတာပြည်သူ့ အသံကို ကိုယ်စားပြုရမယ်လို့ ယုံကြည်ပါတယ်။ ကိုယ့်အလုပ်ဖြစ်တဲ့ ပြည်သူကို ကိုယ်စားပြုတဲ့ ကဗျာဆရာကောင်း ဖြစ်ဖို့ ပဲ ကြိုးစားပါတယ်။ ကျေးဇူးပြုပြီး အစ်ကိုဟာ တော်လှန်ရေးသမားလို့  ခံယူထားရင် ပြည်သူကို ဝေဖန်ခွင့်ပေးပါ။ နားမလည်တာရှိရင် ကောင်းကောင်းမွန်မွန် ထောက်ပြပေးပါခင်ဗျာ။ အစ်ကိုဟာ တော်လှန်ရေး သမားလို့ ခံယူထားသူမှန်သမျှဟာ ပြည်သူကို အလုပ်အကျွေးပြုရပါလိမ့်မယ်။ ပိုပြီး သည်းခံရပါလိမ့်မယ်။ ပြည်သူကို ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံသင့်ပါ။ ပြည်သူတွေ ထောက်ခံမှ အောင်မြင်မှု ရမှာ ဖြစ်ပါတယ်။ ပြည်သူ့ ဝေဖန်မှုကို လက်ခံနားမထောင်တာနဲ့ ကိုယ့်ကို ဝေဖန်တဲ့အတွက် ရန်သူနဲ့ တဂိုဏ်းထဲ ပြည်သူကို သဘောထားတယ် ဆိုတာ နအဖ လုပ်ရပ်သာ ဖြစ်ပြီး တော်လှန်ရေးသမား လုပ်ရပ် မဟုတ်ကြောင်း သတိပေးပါရစေ။
နောက်ဆုံး ကွန်မန့် အတွက် ကျေနပ်ပါတယ် ခင်ဗျာ။

Anonymous said...

ကိုကောင်းကင်ကိုရေ..
ကျနော့်ကိုလည်းနည်းနည်းလောက် ပါဝင်ဆွေးနွေးခွင့်ပြုပါ။ ကျနော်လည်းဘလော့ဂါတစ်ယောက်ပါ။ ဒါပေမဲ့ ဒီနေရာမှာ အိုင်ဒီမသုံးပဲ ၀င်ဆွေးနွေးချင်ပါတယ်။ ခွင့်ပြုပါ။

မန့်တွေကို ကျနော်သေချာပြန်ဖတ်ကြည့်တယ်။ အနောနမကြီးက ကိုကောင်းကဗျာကို စဝေဖန်တယ်။ နင်ပဲငဆ ဝေဖန်တာတော့ မဟုတ်ဘူး။ သူ့ဝေဖန်မူက လက်ခံနိုင်လို့ရလောက်တယ် လို့ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သဘင်ဂီတရုပ်ရှင်ကဗျာဝတ္တုဖန်တီးသူတွေအနေနဲ့ ပရိသတ်ရဲ့ဝေဖန်မူကို ခံနိုင်ရမှာဖြစ်လို့ပါ။ ဝေဖန်မူရှိမှလည်းတိုးတက်မယ်လေ။ ကျနော်တွေ့ရသလောက် အနောနမကြီးက စရိုင်းတာမဟုတ်ဘူးဗျ။ မဆုမွန်နဲ့ ပင့်ဂိုလ်းက ကိုကောင်းဘက်က နာပြီး အနောနမကြီးကို ဗလိုင်းကြီးဝင်ဆောတာ။ ပြန်ဖတ်ကြည့်ပါ။

ကျနော်တို့ ဘလော့ဖွင့်ပြီး ကိုယ်ယုံကြည်တာရေးပြီဆိုရင် ဝေဖန်တာခံနိုင်ဖို့လိုတယ်ဗျ။ အဲလိုမဟုတ်ပဲ တော်လှန်ရေးသမားဆိုရင် အဝေဖန်ခံနိုင်ရမယ်လို့ သွားပြောရင် တရားပါ့မလား။

ကျနော်ပြောချင်တာ ဒီလောက်ပါပဲ။
လေးစားလျှက်

ATN said...
This comment has been removed by the author.
Anonymous said...

ကော်မန့်တွေကို ဖတ်နေရင်းက ပြုံးမိတယ် အစကတော့ ဘာမှ ထပ်မပြောတော့ဘူးလို့ပဲ

အခုနောက်ဆုံး ဘလော့ကာဖြစ်ပြီး အမည်မဲ့နဲ့ ၀င်ဆွေးနွေးသူ အဲ့လူကို တိုက်ရိုက်ပြောချင်ပါတယ်။။ ကျွန်မတို့က ကိုယ့်နံမည်ကို ကိုယ်ကိုယ်တိုင် တာဝန်ယူပြီး ကော်မန့် ၀င်ရေးတာဖြစ်တယ်..

မဆုမွန်နဲ့ ပင့်ဂိုလ်းက ကိုကောင်းဘက်က နာပြီး အနောနမကြီးကို ဗလိုင်းကြီးဝင်ဆော်တာ။ ပြန်ဖတ်ကြည့်ပါ...ဆိုတာနဲ့ ပတ်သတ်ပြီး ပြောချင်ပါတယ်.

ကိုယ်နဲ့မဆိုင်တဲ့ကိစ္စ သက်သာသလိုသာ နေလိုက် ပါကွာ။ ညီလေးကဗျာက ကဗျာ မဟုတ်တော့ဘူး။ ဆဲစာလိုလို၊ အတင်းအဖျဉ်းစာလိုလိုဖြစ်နေပြီ။ ဆိုတဲ့ ပထမဆုံး စပြောခဲ့တဲ့ စကားကိုရော ဘယ်လိုမြင်ပါသလဲ..

နောက်ပြီး ကျွန်မ ပြောခဲ့တဲ့ ကော်မန့် ထဲမှာ..တော်လှန်ရေးသမားတွေကို စော်ကား ထားတာ တစ်ခုမှ မပါဘူး...မပြီးသေးတဲ့ တိုက်ပွဲမှာ မျိုးဆက်သစ်လူငယ်တွေ ထပ်ပြီး ပေးဆပ် ရင်းနှီးနေရသေးတဲ့အပေါ် .........

မဆုမွန် said...

မြန်မာပြည်မှာမွေး မြန်မာပြည်မှာ ကြီး မြန်မာပြည် လေကိုရူ မြန်မာ့ရေကိုသောက် မြန်မာ့ စပါးစားပြီး ကြီးပြင်းလာတိုင်း မြန်မာမှန်ရင် ကောင်းကင်ကို ဘာပြောတယ်ဆိုတာ သိတယ်
လူမှန်ရင် ဘယ်ဟာ မှားနေတယ် ဘယ်ဟာ င်္တွေ လွဲနေတယ် ဆိုတာ သိတယ်..၈၈မှာ စမွေးတဲ့ ကလေးတွေ ၂၀၀၇မှာ ထပ်စတေး ရပြန်တယ် နှစ်နဲ့ချီပြီး ပေးဆပ်နေရသူတွေရဲ့ ပုံစံ ရက်စွဲတွေမှာ ထမင်းကို လိပ်ပြာလုံလုံ မျိုချနိုင်ပါစေ အချိန်အခါရဲ့ ပြောင်းလဲမူမှာ အခြေအနေတွေ ကွဲပြားတယ် ဆိုတာ နောက် ၂၀၀၉မှာ မွေးလာမဲ့ ကလေးတွေ ငိုသံ တွေ ထပ်ကြားခဲ့ရင် အခု အမည်မဲ့ဆိုတဲ့ ကိုယ်တိုင် လုပ်နေသူ ရဲရဲ နားစွင့်ပြီး လိပ်ပြာလုံပါစေ..လို့ ဆွေးနွေးခဲ့တာပဲ ရှိတယ်။။

ကျွန်မ စာရေးတဲ့အထဲမှာ အအနော်နမတ်ဆိုတဲ့ လူကို တုန့်ပြန်တဲ့အထဲမှာ ရိုင်းပျတာ မိုက်ရိုင်းတာ စော်ကား ဆဲရေးတိုင်းထွာတာ တစ်ခုမှ မပါသလို ဟဲ့ အကောင် နင်ဒီလိုမပြောနဲ့ ဟဲ့ကောင်မ နင့် ပါးစပ် ပိတ်ထား စသဖြင့် ဘလိုင်းကြီး စော်ကား မိုက်ရိုင်းထားတာလဲ တစ်ခုမှ မပါဘူး..

ဒါကိုမှ
မဆုမွန်ဆိုတဲ့ ခလေးမက ဘယ်သူလဲ။ အနစ်နာခံလုပ်နေသူတွေကို စော်ကားလှချေလား။ နင်တိုင်းပြည်အတွက် ဘယ်လောက်လုပ်ပြီးလို့ ဒီစကားပြောတာလဲ။ မင်းတို့အားလုံး ရန်သူနဲ့ တဂိုဏ်းထဲ ဖြစ်သွားမယ်။ ဆုမွန်ဆိုတဲ့ ကောင်မ ပါးစပ်ပိတ်တော့။မကြေနပ်ရင် မကြေနပ်တဲ့သူကိုပြော။ အသက်သွေးချွေးတွေနဲ့ရင်းထားရတဲ့ တော်လှန်ရေးကိုတော့ မစော်ကားကြနဲ့ကောင်မတွေရဲ့။ နင်တို့က ဘာကောင်မတွေမို့ သောက်ကြီး သောက်ကျယ်ပြောရတာလဲ။ မဟုတ်မှလွဲရော နင်တို့စစ်အစိုးရက ဘလောက်ဂါတွေပဲ ဖြစ်ရမယ်။....ဆိုတဲ့ နှမချင်းမစာနာ မိုက်မိုက်ရိုင်းရိုင်း တုန့်ပြန်မူအတွက် ဘလိုင်းကြီး ၀င်ဆော်ကြတာပါလို့ စွတ်စွဲထားတဲ့ ဘလော့ဂါဆိုတဲံ့ အမည်မဖော်လိုသူ ဘာပြောချင်ပါသလဲ...

ကဗျာတစ်ပုဒ်အပေါ် ဆဲစာ အတင်းအဖျင်းစာလို့ မတရား စွတ်စွဲလာမူအပေါ် ဒါဟာ ဝေဖန်မူပါလို့ ပြောရင် သူ့ကဗျာဖတ်သူတွေဘက်က အဲ့ဒီ့ ဝေဖန်မူအပေါ် ပြန်လာတဲ့ တုံ့ပြန်တဲ့ ဝေဖန်မူတွေကို အဲ့သလောက် မိုက်မိုက်ရိုင်းရိုင်း တုန့်ပြန်မူကို ကျတော့ တစ်စုံတစ်ရာ မပြောပဲ ..ပင့်ဂိုလ်းနဲ့ မဆုမွန်က ဘလိုင်းကြီး ဆော်သွားတယ်လို့ ပြောထွက်တဲ့ ဘက်လိုက်မူကြီး တစ်ခုကိုတော့..

ကိုယ့်အုပ်မှာ ကိုယ်ဘုရင်လုပ်ဖို့ 
လက်တွဲ တွေကို ဖြုတ်ကြ။
မင်းသားရုပ်ကို လေသွင်းဖို့ 
နှုတ်ခမ်းပဲ့ခြင်း မှုတ်ကြ လို့ပဲ ပြောချင်ပါတယ်။။

မြန်မာပြည်ဒီမိုကရေစီရေးမှာ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်အပေါင်းကို ဦးညွတ်လေးစား ဂုဏ်ပြုပါတယ်...

နောက်ထပ် ထပ်လာနိုင်တဲ့ ဆဲသံ ဆိုသံတွေ ကြားရဦးမယ်ဆိုတာ သိပေမယ့် လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့် ဆိုတဲ့အတိုင်း ထပ်ဝေဖန်သွားပါတယ်။။

Kaung Kin Ko said...

December 17, 2008 1:28 PM က ညီလေး အနောနိမက်စ်ရေ။ အဲဒီ့လူ ပြောတာ အစ်ကို သုံးရက်လောက် ဘာပြန်ပြောလို့ လဲ ညီလေးရာ။ အဲဒီ့ တော်လှန်ရေး သမားဆိုတဲ့ လူလည်း အစ်ကို့ ကဗျာကို "ဆဲစာ၊ အတင်းအဖျင်းစာ" လို့ ပြောတာ အစ်ကိုဘာမှ ပြန်မပြောပါဘူး။ အစ်ကို သဘောမတူပေမယ့် သူ့ အမြင်နဲ့ သူ ဝေဖန်တယ်လို့ သဘောထားလိုက်ပါတယ်။ ဆုမွန်ပြောတာလည်း သူ့ အမြင်သူပြောတာပဲ။ သူက ပြန်ပြီး "ကောင်မ၊ ပါးစပ်ပိတ်ထား" ဆိုတာက တော့ မလွန်ဘူးလား။ မိန်ကလေး တစ်ယောက်ကို အစ်ကို့ ဘလော့ထဲမှာ လာစော်ကားတာပဲ။ ပင့်ဂိုးလ်ရေးတာကို လည်း သေချာပြန်ဖတ်ကြည့်ပါ ညီလေးရာ။ နအဖကို ရေးတာ မဟုတ်ဘူးလား။ နအဖက မျက်လုံးစုံမှိတ်နေတဲ့သူ မဟုတ်ဘူးလား။ ဘာလို့ အနောနိမက်စ်ကို ရေးတာလို့ ထင်ရတာလဲ။ ဘာလို့ ဆွဲထည့် ချင်ရတာလဲ။ အဲဒီ့ အနောနိမက်စ်ဆိုတဲ့ လူက အစ်ကို့ ကို ဟေ့ကောင် ပါးစပ်ပိတ်ထားလို့ ပြောပေါ့။ အစ်ကိုက ကဗျာရှင်ပဲ။ ဘာလို့ မဆိုင်တဲ့သူကို ဆွဲထည့်လဲ။ အနောနိမက်စ်ကလည်း မဆိုင်တဲ့ တောထဲက တော်လှန်ရေးသမားတွေကို ပါ ဆွဲထည့်သေးတယ်။ အခုတော့ သူ တခြားသူတွေကို တောင်းပန်ပြီးလို့  နားလည်ပေးလိုက်ပါတယ်။ ကြားထဲက သူ့ ဘာသူ အေးအေးနေတဲ့ သူတွေကို ဆွဲမထည့်ပါနဲ့ တော့ ညီလေးရာ။ အစ်ကိုနဲ့ အနောနိမက်စ်ရဲ့ ပြသနာပဲ ဖြစ်စေချင်တယ်။

လင်းလက် said...

ကြက်သီးတွေတောင်ထတယ်ဗျာ
ကဗျာရေးဖို့လူဖြစ်လာခဲ့တာပဲလို့
တွေးမိတယ်.....
သုညတွေကိုပွေ့ဖက်နေတဲ့လက်တွေထဲကို
အားရှိနိုင်မဲ့တစ်ခုခုအပြောင်းအလဲ
ထည့်ပေးနိုင်ဖို့ပိုအရေးကြီးမယ်ထင်တယ်အကိုရာ
မမြင်နိုင်တာလား
ဥပေက္ခာလားမသိတဲ့ဦးဏှောက်တွေထဲကို
လင်းကနဲဖြစ်သွားစေမဲ့အသိ
ဘယ်လိုထည့်ပေးရမှာလဲ.....အဲ့တာပဲတွေးမိပါတယ်


လေးစားအတုယူလျှက်

လင်းလက် said...

အစကကွန်မန့်ဝင်ရေးတာ
ကဗျာနဲ့ပတ်သတ်လို့ပါ...နောက်တော့သူများတွေ
ဘာများမန့်ကြလဲဟလို့လိုက်ဖတ်တော့မှ
ပွဲကောင်းနေမှန်းသိတော့တယ်
ကိုကောင်းကင်ကိုကဆရာလုပ်စရာလိုတဲ့သူမဟုတ်ပေမဲ့
ကျွန်တော်တစ်ခုတော့အကြံပေးချင်တယ်ဗျာ
Anonymousဆိုပြီးဘလော့ဂ်တွေမှာတပ်ရေးတိုင်း
လိုက်ရှင်းနေရရင်တော့...ဗမာစကားပုံတစ်ခုလိုပေါ့
အကိုအိပ်ရေးပျက်တာပဲရှိမှာပါ
နောက်ကဗျာသမားတွေရဲ့အနုပညာစိတ်လေးမှာ
ဒေါမနသစိတ်လေးပါသွားနိုင်တယ်။

ကဲ..ဒီမှာချက်နဲ့လက်နဲ့ပြောနေကြလို့
ကျနော်လဲဝင်ပြောပါမယ်...။

တိုင်းပြည်အတွက်မိဝေးဖဝေးနဲ့အနစ်နာခံခဲ့တဲ့
Anonymous...ကြီးရေ
စိတ်ဓါတ်ကိုလေးစားပါတယ်
ရွှေတိဂုံကိုမဖူးနိုင်တဲ့အနေအထား
ဘ၀ပျက်ခံနိုင်တဲ့အနေအထားမှာတော့
(ဘာထူးတော့မှာလဲဗျာ)
နာမည်လေးတပ်ပြီးရေးခဲ့ရောပေါ့...။
နောင်ကြီးသတ္တိကိုအားလုံးလေးစားကြမှာအမှန်ပဲ

နောင်ကြီးပြောတဲ့ကိုကောင်းကင်ကို
လမ်းလွဲမရောက်စေချင်တဲ့စေတနာမျိုးရှိရင်
နောက်ပြီးနောင်ကြီးမှာလည်းအပြုသဘောနဲ့
လိုက်ပြုပြင်နေတတ်တဲ့စိတ်တကယ်ရှိခဲ့တယ်ဆိုရင်
“ကိုယ်နဲ့မဆိုင်တဲ့ကိစ္စ သက်သာသလိုသာ နေလိုက်ပါကွာ”..ဆိုတဲ့စကားကို
ဘာကြောင့်များပြောခဲ့တာလည်း
ကဗျာကိုနောက်တစ်ခေါက်ပြန်ဖတ်ကြည့်ပါ
“အရှိုက်မှာ ထိုးချက်တွေ ဝခဲ့တာတောင်
သုညတွေကို ပွေ့ ပိုက် ကျေနပ်ခဲ့ကြတယ်။”တဲ့
အဲ့တာဘာကိုပြောတာလဲမေးစရာလိုလား။

ခက်တော့ခက်သားဗျ
ငါသိတယ်၊ငါတတ်တယ်၊ငါထင်တာငါပြောမယ်
ဆိုတာလေးတွေခဏဖယ်ကြည့်ကြပါ
လူငယ်တွေဘာလုပ်နေလဲ
၈၈တုန်းကမမွေးသေးတဲ့
ကျွန်တော့အသိချာတိတ်မလေး
၂၀၀၇စက်တင်ဘာမှာခွေးတွေကိုက်တာခံရတာ
ခင်ဗျားတို့ဘယ်လိုခေါင်းစဉ်တပ်မလဲ
တောထဲဝင်သွားဖူးမှ
ပုန်ကန်သူဖြစ်တာမဟုတ်ပါဘူး
၈၈မှာလူလားမမြောက်ခဲ့လို့
တက်တခေါက်ခေါက်ဖြစ်နေတဲ့လူတွေ
ခင်ဗျားတို့မမြင်ဖူးကြတာပါ။

ကဲပါကိုကောင်းကင်ကိုရေ
လိုက်လဲရှင်းမနေပါနဲ့
အိပ်ရေးပျက်ပါတယ်ဗျာ...။

လေးစားလျှက်
ရသတင်မကဘူး

Unknown said...

ကိုဆွေ(ကိုကောင်းကင်ကို)
ကဗျာဆိုတာ ဝေဒနာ ပစ္စည်းလို့ ကျနော်ကတော့ ခံယူတယ်။
ပျော်တာ၊ လွမ်းတာ၊ ကြောက်တာ၊ အားမာန်တက်ကြွတာ၊ ခံစားမှုရသ ပစ္စည်းလည်းဖြစ်တယ်။ ဘယ်လိုခံစားသလဲ။ ဘယ်လိုဝေဒနာတွေ ဖြစ်နေလဲ။ ကဗျာရေးသူက သူခံစားတဲ့အတိုင်းရေးမှာပဲ။ အဲဒီမှာ ကဗျာရေးသူက သူရောက်နေတဲ့ခေတ်၊ သူလက်ပွန်းတတီးနေတဲ့ လူ့အဖွဲ့အစည်း။ တရားမှု၊ မတရားမှု။ တာဝန်ယူမှု၊ မယူမှု။ သီလစောင့်နိုင်မှု၊ အကျင့်ပျက်ချစားမှု။ စစ်မှန်မှု၊ အယောင်ဆောင်မှု ဆိုပါတော့ဗျာ ကဗျာဆရာဟာ သူရောက်နေတဲ့ ခေတ်ကို သူပုံဖေါ်ခံစား ရေးမှာပဲ။ သူမြင်တာကိုရေးမယ်။ အဓိကက ရပ်တည်ချက်နဲ့ စေတနာပါ။ အနုပညာမှာ ဘာတာဝန်မှ မရှိတဲ့ သူတွေကိုတော့ လုံးဝမဆိုလိုပါ။ ကိုဆွေရဲ့ ကဗျာတွေ ဖတ်ပြီး ဘယ်ဘက်ကရပ်တည်တယ်ဆိုတာ သိသာပါတယ်။ အဖိနှိပ်ခံဘက်က လူထုဘက်က တော်လှန်ရေး၊ နိုင်ငံရေးသမားကွ ဆိုပြီး ရန်သူအားပေး အကျင့်ပျက်ချစားနေတာ အများကြီးပါ။ ခုအဲဒီအခြေအနေက လွတ်မြောက်နယ်မြေဆိုတဲ့ အရပ်မှာ ကပ်ရောဂါလို ဆိုက်နေတာ ရန်သူရော ပြည်သူပါ အသိပါ။ ဒါပေသိ မှန်မှန်ကန်ကန် လုပ်နေသူတွေလည်း ရှိတာပေါ့ ။ ဆောရီး ကျနော် ဆွေးနွေးချင်တာ ကဗျာ ကိစ္စပါ။ ကမ္ဘာလောကမှာ တော်လှန်ရေးနဲ့ ကင်းတဲ့အရာဆိုတာ မရှိသလောက်လို့်မြင်ပါတယ်။ အရာရာတိုင်းဟာ တော်လှန်ရေးနဲ့ တော်လှန်ရေးကို ဆန့်ကျင်မှုတွေရဲ့ ပဋိပက္ခတွေပဲ မဟုတ်ပါလား။ ဒီတော့ ကဗျာဆရာနဲ့ ကဗျာရေးသူတွေဟာလည်း တော်လှန်ရေးနဲ့ ကင်းတယ်လို့ ကျနော်မမြင်ဘူး။ မထင်ဘူး။ မယုံကြည်ဘူး။ ဘယ်ဘက်ကရပ်သလဲ ဆိုတာပဲရှိပါတယ်။ ဒီတော့ ငါတို့မှ အနှစ်နှစ်ဆယ် တော်လှန်ရေးလုပ်နေတာ ငါတို့အကြောင်းကို စစ်မတိုက်ဘဲ၊ တောထဲမနေဘူးဘဲ မရေးနဲ့ဆိုတာကတော့် အတော့်ကိုလွဲတဲ့ကိစ္စပါ။ ကိုဆွေ(ကိုကောင်းကင်ကို) ရဲ့ ကဗျာတွေကို ဒီတပုဒ်ထဲ ဖတ်ပြီး ဝေဖန်ရင်တော့ တက္ကိက ဆန်ပြီး အမှန်နဲ့ တက်တက်စင်အောင်လွဲနေမှာပဲ။ ဒါပါပဲ.. အဲ ကိုယ့်အကြောင်းကိုယ် မပြောချင်ပေမဲ့ လိုအပ်မယ်ထင်လို့ပါ ကျနော် ကျောင်းသားတပ်မတော်ကပါ။ လက်ရှိလည်း တောထဲနေတာ များပါတယ်။ မြို့မှာတုန်းကလည်း နိုင်ငံရေးမှုနဲ့ထောင်ကျခဲ့ဘူးတယ်။ ကိုယ့်ကိုယ်ကိုလည်း တော်လှန်ရေး လမ်းကြောင်းပေါ်မှာရှိနေဖို့နဲ့ တော်လှန်ရေးသမားဖြစ်ဖို့ သေတဲ့အထိ ကြိုးစားနေရဦးမယ်။ တကယ်တန်းကျတော့ ကျနော်တို့ ပြည်သူတွေအတွက် ဘာမှ ဟုတ်တိပတ်တိ မလုပ်နိုင်သေးဘူး။ တာဝန်ကျေဖို့ဆိုတာတော့ ဝေးစွ .... ကိုဆွေ (ကိုကောင်းကင်ကို) ကဗျာတွေ အများကြီးရေးနိုင်ပါစေဗျာ .....

Unknown said...

ကိုဆွေ(ကိုကောင်းကင်ကို)
ကဗျာဆိုတာ ဝေဒနာ ပစ္စည်းလို့ ကျနော်ကတော့ ခံယူတယ်။
ပျော်တာ၊ လွမ်းတာ၊ ကြောက်တာ၊ အားမာန်တက်ကြွတာ၊ ခံစားမှုရသ ပစ္စည်းလည်းဖြစ်တယ်။ ဘယ်လိုခံစားသလဲ။ ဘယ်လိုဝေဒနာတွေ ဖြစ်နေလဲ။ ကဗျာရေးသူက သူခံစားတဲ့အတိုင်းရေးမှာပဲ။ အဲဒီမှာ ကဗျာရေးသူက သူရောက်နေတဲ့ခေတ်၊ သူလက်ပွန်းတတီးနေတဲ့ လူ့အဖွဲ့အစည်း။ တရားမှု၊ မတရားမှု။ တာဝန်ယူမှု၊ မယူမှု။ သီလစောင့်နိုင်မှု၊ အကျင့်ပျက်ချစားမှု။ စစ်မှန်မှု၊ အယောင်ဆောင်မှု ဆိုပါတော့ဗျာ ကဗျာဆရာဟာ သူရောက်နေတဲ့ ခေတ်ကို သူပုံဖေါ်ခံစား ရေးမှာပဲ။ သူမြင်တာကိုရေးမယ်။ အဓိကက ရပ်တည်ချက်နဲ့ စေတနာပါ။ အနုပညာမှာ ဘာတာဝန်မှ မရှိတဲ့ သူတွေကိုတော့ လုံးဝမဆိုလိုပါ။ ကိုဆွေရဲ့ ကဗျာတွေ ဖတ်ပြီး ဘယ်ဘက်ကရပ်တည်တယ်ဆိုတာ သိသာပါတယ်။ အဖိနှိပ်ခံဘက်က လူထုဘက်က တော်လှန်ရေး၊ နိုင်ငံရေးသမားကွ ဆိုပြီး ရန်သူအားပေး အကျင့်ပျက်ချစားနေတာ အများကြီးပါ။ ခုအဲဒီအခြေအနေက လွတ်မြောက်နယ်မြေဆိုတဲ့ အရပ်မှာ ကပ်ရောဂါလို ဆိုက်နေတာ ရန်သူရော ပြည်သူပါ အသိပါ။ ဒါပေသိ မှန်မှန်ကန်ကန် လုပ်နေသူတွေလည်း ရှိတာပေါ့ ။ ဆောရီး ကျနော် ဆွေးနွေးချင်တာ ကဗျာ ကိစ္စပါ။ ကမ္ဘာလောကမှာ တော်လှန်ရေးနဲ့ ကင်းတဲ့အရာဆိုတာ မရှိသလောက်လို့်မြင်ပါတယ်။ အရာရာတိုင်းဟာ တော်လှန်ရေးနဲ့ တော်လှန်ရေးကို ဆန့်ကျင်မှုတွေရဲ့ ပဋိပက္ခတွေပဲ မဟုတ်ပါလား။ ဒီတော့ ကဗျာဆရာနဲ့ ကဗျာရေးသူတွေဟာလည်း တော်လှန်ရေးနဲ့ ကင်းတယ်လို့ ကျနော်မမြင်ဘူး။ မထင်ဘူး။ မယုံကြည်ဘူး။ ဘယ်ဘက်ကရပ်သလဲ ဆိုတာပဲရှိပါတယ်။ ဒီတော့ ငါတို့မှ အနှစ်နှစ်ဆယ် တော်လှန်ရေးလုပ်နေတာ ငါတို့အကြောင်းကို စစ်မတိုက်ဘဲ၊ တောထဲမနေဘူးဘဲ မရေးနဲ့ဆိုတာကတော့် အတော့်ကိုလွဲတဲ့ကိစ္စပါ။ ကိုဆွေ(ကိုကောင်းကင်ကို) ရဲ့ ကဗျာတွေကို ဒီတပုဒ်ထဲ ဖတ်ပြီး ဝေဖန်ရင်တော့ တက္ကိက ဆန်ပြီး အမှန်နဲ့ တက်တက်စင်အောင်လွဲနေမှာပဲ။ ဒါပါပဲ.. အဲ ကိုယ့်အကြောင်းကိုယ် မပြောချင်ပေမဲ့ လိုအပ်မယ်ထင်လို့ပါ ကျနော် ကျောင်းသားတပ်မတော်ကပါ။ လက်ရှိလည်း တောထဲနေတာ များပါတယ်။ မြို့မှာတုန်းကလည်း နိုင်ငံရေးမှုနဲ့ထောင်ကျခဲ့ဘူးတယ်။ ကိုယ့်ကိုယ်ကိုလည်း တော်လှန်ရေး လမ်းကြောင်းပေါ်မှာရှိနေဖို့နဲ့ တော်လှန်ရေးသမားဖြစ်ဖို့ သေတဲ့အထိ ကြိုးစားနေရဦးမယ်။ တကယ်တန်းကျတော့ ကျနော်တို့ ပြည်သူတွေအတွက် ဘာမှ ဟုတ်တိပတ်တိ မလုပ်နိုင်သေးဘူး။ တာဝန်ကျေဖို့ဆိုတာတော့ ဝေးစွ .... ကိုဆွေ (ကိုကောင်းကင်ကို) ကဗျာတွေ အများကြီးရေးနိုင်ပါစေဗျာ .....

Kaung Kin Ko said...

ကို tut ရေ (

ကွန်မန့် လေး အတွက် ကျေးဇူးပါ အစ်ကို။ ကျွန်တော် အားရှိသွားတယ်ဗျာ။

ကျွန်တော်လည်း တောထဲကလို့ သူ တို့ ကိုယ်သူတို့ ပြောနေကြတဲ့သူတွေက…သူတို့ ကို ရေးတယ်လို့ ထင်သွားတာ စဉ်းစားလို့ မရဘူး အစ်ကို။ တောထဲက လူတွေက စည်းစိမ်ခံ ရွက်လွှင့်နေတာမှ မဟုတ်တာဗျာ။ "အိမ်ထဲက လျှံထွက်လာတဲ့ မျက်ရည်မြစ်မှာ အနီရောင်ဟန်ဆောင်ခြုံထားသူတချို့ ရွက်တွေလွှင့်လို့ ။" ဆိုတဲ့ နေရာမှာ တောထဲက လူတွေက ရွက်လွှင့်နေရတဲ့ လူတွေမှ မဟုတ်တာဗျာ။ မြို့ ပေါ်က လူတွေကသာ ရွက်လွှင့်နေတာပါ။ ကဗျာသမား မဟုတ်လို့ အဓိပါယ်ကောက်လွဲတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ တောထဲမှာ နေခဲ့ဖူးပြီးမှ ခံယူချက်ပြောင်းပြီး အချောင်လုပ်ငန်းတွေ လုပ်နေလို့  အဲဒီ့လူတွေ နာတာ ဆိုရင်တော့ မတတ်နိုင်တော့ဘူး အစ်ကိုရာ။ အေးလွင် ဆိုရင်လည်း ၈၈ တုန်းက လုပ်ခဲ့တဲ့ လူပဲလေ။ ကျောင်းသားခေါင်းဆောင်ပဲဟာ။ သူတို့ အချောင်သမား ဖြစ်သွားတော့ လူတွေ မဝေဖန်ကြရ တော့ဘူးလားဗျာ။ (ဘာမှ ဆက်မလုပ်ရင်တောင် လူတွေက ဝေဖန်မှာ မဟုတ်ပါဘူးဗျာ။ အခုက အချောင်လုပ်ငန်းတွေ လုပ်နေကြလို့ ပါ။)
အစကလည်း ကျွန်တော် ကွန်မန့် ကို ပြန်မရှင်းပါဘူးဗျာ။ ကွန်မန့်ထဲမှာ ပြန်ရှင်းပြရတာကလည်း ကိုအောင်သာငယ်နဲ့ ဆုမွန်ကို အဲဒီ့လူက အသားလွတ် စော်ကား သွားတာတော့ ဝင်ရေးလိုက်ရတာပေါ့ဗျာ။

ကျွန်တော် တောထဲက လူတွေ၊ အထဲက လုပ်နေတဲ့ လူတွေနဲ့ အပြင်က တကယ်လုပ်နေတဲ့ လူတွေကို သူတို့ မှားတာတွေ ရှိတယ် ထင်ရင်တောင် မရေးပါဘူးအစ်ကို။ တကယ်လုပ်နေတဲ့ သူတွေကို ရေးခွင့်လည်း မရှိပါဘူး အစ်ကို။ ကျွန်တော်သိပါတယ်။(စေတနာ မှန်နေတဲ့ လူတွေမို့ မှားလဲ မမှားပါဘူး အစ်ကိုရာ။ ကျွန်တော်တို့ သာ မှားချင်မှားနိုင်မယ်။)

အေဘီ လက်ရှိရဲဘော်တွေရော၊ လက်ရှိရဲဘော်မဟုတ်တော့တဲ့ အဟောင်းတွေကိုရော လေးစား ဦးညွတ်လျက်ပါအစ်ကို။

ချစ်တဲ့ ညီလေး
ကိုဆွေ

Unknown said...

ကိုကောင်းကင်ကို(ကိုဆွေ)
ကဗျာဆရာဆိုတာ ကိုယ့်နှလုံးသာကိုပဲ လှုပ်ခတ်ရတယ်။ နာကျင်ရတယ်။ ကူးဆက်ခံစားရတယ် လို့ ကျနော်ခံယူတယ်။ တောထဲနေလို့.. ဟို..ဒီအဖွဲ့အစည်းမို့ အနစ်နာခံနေတယ် ကျနော်တို့ မရေးဘူး မဟုတ်ဘူး လွဲရင် ရေးရမှာပဲ။ ဒါ အနုပညာ ကဗျာဆရာရဲ့ သစ္စာတရားပဲ။ ကျနော်တခုပဲပြောမယ်။ ကျနော်တို့ တောထဲကလူတွေ ငှက်ဖျားဖြစ်၊ မျှစ်စား၊ ငါးပိနပ်မမှန် တာ အဆန်းမဟုတ်ပါ။ ဆန်းနေတာက ဒီနေ့ ကျနော်တို့တွေ ပြည်သူတွေထက် နေ့စဉ် ထမင်းဟင်းနပ်မှန်နေတဲ့အပြင် အလျှံပါယ် ဖြစ်နေတဲ့ ကိစ္စ ပဲ။ အားလုံးကို မဆိုပါဘူး။ ကျနော်နဲ့ ကျနော်တို့ လွတ်မြောက်နယ်မြေရောက် လူကုံတန် တော်လှန်ရေး သမားတွေကိုပြောတာပါ။ နည်းနည်တော့ မဟုတ်ဘူး အတော့်ကို လွဲနေသလားပဲ... အဲဒီအလွဲထဲ ကိုယ်မပါအောင် ရုန်းကန်ကူးခတ်နေရတာ အတော့်ကို မလွယ်တဲ့ကိစ္စ ... ဆက်ရေးကိုကောင်းကင်ကို ...

ATN said...

ကဲ... ညီလေးရေ့...
မနေနိုင်လို့... ၀င်မန့်ခဲ့တယ်...

မန့်ပြီးသားတောင်... ပြန်ဖျက်ပြီးမှ... ပြန်မန့်ရတာ...

ခွေးလေး ခုန်လို့... ဖုန်မထပါဘူးကွာ...

အဲတာပဲ ပြောချင်တော့တယ်....း)

ချမ်းမြေ့ပါစေ...။

Maharburma said...

ညီတို့ ရေ သတိထားကွ

ဒို့ အချင်းချင်း စိတ်ဝမ်းကွဲအောင် ပုံစံတစ်မျိုးနဲ့ ၀င်နှောက်နေတယ်

ညီလေး ကောင်းကင်ကို အရမ်းကောင်းပါတယ်ကွာ။ မင်းရဲ့ အမြင်ကမှန်တယ်ကွ ငါတို့ အားလုံးလည်း ဒါကိုမြင်နေကြပြီ ပြင်ဖို့ အတွက်ကို အားလုံးကိုယ့်မာနလေး တစ်စိတ်လောက်ချလိုက်ရင်ရပြီကွ။

Anonymous said...

ကျုပ်လည်း ပွဲကြည့်ကောင်းနေတာ ခုမှ ကော်မန့်ရတယ်။

ကျုပ်မြင်တာကတော့ နှစ်ဆွေးကြီးများရဲ့ စိတ်အချဉ်ပေါက်မှုနဲ့ သွေးသစ်တွေရဲ့ အားမလိုအားမရဖြစ်တဲ့ ပဋိပက္ခ တစ်ပိုင်းတစ်စလို့ မြင်တာပဲ။

သမိုင်းကို ရေးထားသူကလည်းရေးပြီးပြီ၊ ထပ်ရေးချင်သူကလည်း ရေးချင်...

သူ့ခေတ်နဲ့ သူ့သမိုင်း ဆက်စပ်နေပေမယ့် တစ်ခုဆီထွက်လာမှာပါပဲ။

ကိုယ်လုပ်ခဲ့တာ ကိုယ့်ပုခုံးနဲ့ ထမ်းတင်ခဲ့ဖို့ပဲလို့ ကျုပ် မြင်တယ်။
ကိုယ်လုပ်ခဲ့တာကို ဖင်ခုထိုင်ပြီး ဘုပြောကြေးဆိုရင်တော့ ...

ကောင်းကင်ကြီးရေ
လုပ်စရာရှိတာလုပ်ဗျာ
ကိုယ်လုပ်နိုင်တာ လုပ်ကြတာပဲ
နိုင်ငံပြောင်းလဲရေးမှာ သေနတ်လိုသလို စာသင်ခန်းထဲက ဘောလ်ပင်ကိုင်ထားတဲ့ မျိုးဆက်တွေကိုလည်း လိုတာပဲ။

ဘာလို့ ကွဲလွဲတာလေးအတွက် စိတ်ပျက်ရမှာလဲ...

သင်ကာ

pandora said...

ဘလော့တွေ လိုက်မဖတ်ဖြစ်တဲ့ကာလမှာ လွတ်သွားခဲ့တဲ့ ကဗျာလေး။
ကဗျာကိုရော မှတ်ချက်တွေကိုပါ သေသေချာချာဖတ်ရင်း တွေးတောသွားပါတယ်။

Anonymous said...

အရှိုက်ထိပါသည်
အကြိုက်ဆုံး စာပိုဒ် -

"မြေပုံ အတုကိုင်ထားသူတွေနဲ့ 
မြေပုံ မရှိနိုင်သူတွေရဲ့တိုက်ပွဲမှာ"

"လူရိုက်စားတဲ့ ဖားတွေ"

"ကိုယ့်အုပ်မှာ ကိုယ်ဘုရင်လုပ်ဖို့ 
လက်တွဲ တွေကို ဖြုတ်ကြ"

"အဝေးကြည့် မှန်ပြောင်းကြီး တစ်လက်နဲ့ 
ဆွေးရိ အသံဟောင်းကြီးပဲ ထွက်နေကြသူ တချို့ဟာ။"

YeKyawAungMDY said...

ကဗျာကို ကြိုက်တယ် တကယ့်လက်တွေ့ ကို ထင်ဟပ်ရေးထားတာပါ...

m a w k o e said...

ကျွန်တော်တို့လို လေးဆယ်ကျော် ၁၀၉ ၁၁၀ တွေ လုပ်စရာရှိတာက ဘားမားအာဏာရှင်တွေပြုတ်ကျအောင်
နီးရာဒုတ်နဲ့ ထိုးဖို့ပဲဗျာ

m a w k o e said...

ငါ ကျည်ပြီးတယ်ဟေ့
ငါ့နောက်လိုက်ခဲ့ကြ . . .
( ရွမ်းမဲလ် )

ငါ ထမင်းငတ်မှာ ကြောက်တယ်ဟေ့
ငါ့နောက်မလိုက်ခဲ့နဲ့. . .
( သေရွမ်း )

Unknown said...

:)