Tuesday, September 25, 2007
ကဗျာချစ်သူ
ကဗျာချစ်သူ
ငါဟာ လမင်း
ညကိုချစ်လို့ သာတာ။
ငါ့ နဂိုအစစ်မို့ ဝါတာ။
ငါဟာ ကောင်းကင်
အမြင့် တက်ချင်စိတ်နဲ့ ငါနေတာ။
ရင့် ကျက်ချင်စိတ်နဲ့ ပြာနေတာ။
ငါဟာ ကဗျာသီချင်းသီချင်တဲ့ 
မဟာ နှင်းဆီတပွင့် ။
ဥယျာဉ်မှာ မွှေးပျံ့ စေဖို့ အတွက်
အနုပညာပေးဖြန့် ဝေဖို့ ဟာ
ပန်းပွင့် တိုင်းရဲ့ အလုပ်။
ငါ့ ကဗျာသီချင်းသစ်တွေ
ကမ္ဘာ့ သတင်းဖြစ်စေရမယ်။
လေပြင်းတွေလာခြွေလို့ 
သေမင်းဆီငါကြွေသွားရင်တောင်
ကဗျာတွေကိုစုပ်ခဲ့ တဲ့ နှုတ်ခမ်းနဲ့ 
ကမ္ဘာမြေကိုနှုတ်ဆက်နမ်းခဲ့ မယ်။
ကောင်းကင်ကို
(၂၀၀၆ နိုဝင်ဘာ)
Subscribe to:
Post Comments (Atom)
4 comments:
ကဗျာချစ်သူရဲ့
နောက်ဆုံးအပိုဒ် ဂွတ်ပဲ
တအားကောင်းတယ်
ကြိုက်တယ်ကဗျာချစ်သူကို
ကိုယ့်ကိုယ်ပြောတာမဟုတ်ပါဘူး
:P
ကောင်းကင်ကို သို့ ...
သင်၏ကဗျာဖြင့် ငါ၏နှလုံးသားသည် အပေးစိတ်သို့တည်၍ အဆွေးစိတ်ဖြင့် မြန်မာပြည်ကို ချစ်ပစ်လိုက်ပါသည် ....။
သိပ်လှတဲ့ကဗျာလေးတစ်ပုဒ်ပဲ...။
Hi there just wanted to give you a quick heads up.
The text in your post seem to be running off the screen in
Safari. I'm not sure if this is a formatting issue or something to do with internet browser compatibility but I figured I'd post to
let you know. The layout look great though! Hope you get the issue solved soon.
Many thanks
Also visit my website: arion
Post a Comment