မာရ်နတ်တွေ ဘုရားလို ပွင့်ပြနေတာ မြင်တိုင်း
အမြဲလို ခံပြင်းလို့
မနည်းကိုမာန်တင်း
ငရဲကိုဖန်ဆင်း စိတ်ကူးယဉ်ရတယ်။
ဒုက္ခကို မွေးထုတ်ပေးခဲ့သူနဲ့
ဒုက္ခသည်တွေရဲ့ ရှေ့နေ
အရီအပြုံးစကားအလှတွေနဲ့
ပြည်ဖုံးကားအချ
တပြည်လုံးဘုရားတ နေရတယ်။
ကောင်းကင်ကို (၂၁.၁၁.၂၀၁၃)
Thursday, November 21, 2013
Subscribe to:
Post Comments (Atom)
2 comments:
ကဗျာမှာ ကာရန်ကိုက်အောင်လို့ “အရယ်အပြုံး” ကို “အရီအပြုံး” လို့ ရေးထားပါတယ်။
ဟုတ်ပါ့။ အသည်းနာစရာ။
Post a Comment