ခုတော့လည်း
ငယ်အိပ်မက်တွေက…
ရည်းစားဦး ကို ပေးခဲ့ဖူးတဲ့
ကတိလို
နောက်ရည်းစားတယောက်က
ရေးပေးဖူးတဲ့ ကဗျာလို
အမေ ခဏခဏ မှာခဲ့ဖူးတဲ့
စကားလို
စာအုပ်သေတွေထဲ ခဏခဏ ပါခဲ့ဖူးတဲ့
‘တရား’ လို
ခေါင်းဆောင်တယောက်ရဲ့
ရင်ထဲအသည်းထဲကလာတဲ့ ငါးမျှားချိတ်လို
ကုလသမ္မဂ္ဂ အထွေထွေ ညီလာခံရဲ့
ဆုံးဖြတ်ချက်လို
ဘယ်တော့မှ
သြော်…ဘယ်တော့မှ….
ကောင်းကင်ကို
ကောင်းကင်ကို
1 comment:
ပြန်ရနိုင်ခွင့် မရှိတော့ပြီပေါ့ .....:(
ဟုတ်လား အကို ???
Post a Comment