Friday, April 26, 2013

လူနည်းစု



မီးများမီးနိုင် ရေများရေနိုင် လောကမှာ
အိမ်တွေ ပြာကျသွားတာ တွေ့လည်း
မနောမြေ ငိုခဲ့ရတာ တွေ့လည်း
လူနည်းစု ပဲ ဖြစ်ချင်တယ်။

တချို့တော့
minority ဆိုပေမဲ့
ဒုက္ခသည်စခန်းတွေမှာ
သူတို့တွေ
သောင်းနဲ့ချီလို့။ သိန်းနဲ့ချီလို့။

ကျနော်ဖြစ်ချင်တဲ့ minority ကမှ တကယ့် အစစ်။

ပွဲတွေမှာ လှူမယ်
အမြဲနေရာ ယူမယ်။
ပြီးရင်
ဥပဒေဆိုတဲ့ ခေါင်းတုံးပေါ်မှာ
ကျနော်ထိပ်ကွက်မယ်။

ကောင်းကင်ကို (၂၆.၄.၂၀၁၃)

1 comment:

Anonymous said...

ငယ်ထိပ်မှာ ထုံးတို့သွားတာ ဒီလူကိုး ...
ခုမှ မိပြီ .... :-)